Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ

 ဒီဆော့ဝဲလ်လေးကို သူငယ်ချင်းတစ်ယောက်က တင်ပေးဖို့ တောင်းထားတာ အနည်းငယ် ကြာသွားပါပြီ..။ အခုတလော ကျနော်အသုံးပြုနေတဲ့ အင်တာနက် Connection က လုံးဝကို မကောင်းတဲ့အတွက် ကျနော့် Blog ကို ပြန်ကြည့်ဖို့တောင် အတော်လေး ခက်ခဲနေပါတယ်..။ ဖိုင်တွေတင်ပေးဖို့ဆိုတာ ပိုဝေးပေါ့..။ အခုတောင် အားတုန်း Wifi ရှိတဲ့ သူငယ်ချင်းတို့ရဲ့ နေရာတွေ လိုက်ပြီး အသုံးပြုနေလို့ ဒီနေ့ ဒီပိုစ့်ကို တင်ပေးဖြစ်တာပါ..။ 
ဒီဆော့ဝဲလ်လေးက Bluetooth နဲ့ အသုံးပြုရသလိုပဲ.. Bluetooth မရှိတဲ့ ကွန်ပျူတာတွေအတွက် အတော်လေး အဆင်ပြေစေပါတယ်..။ PC (Desktop) တွေမှာဆိုရင်တော့ Wifi သုံးလို့ရအောင် Wireless Card စိုက်ထားတဲ့ PC တွေနဲ့ D-Link လို USB ပေါက်ကနေ အသုံးပြုလို့ရတဲ့ External Wireless Card တပ်ဆင်ထားတဲ့ PC တွေမှာဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ အဆင်ပြေပါတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်ဖိုင်တွေကို ကွန်ပျူတာနဲ့ ဖုန်းတွေ (သို့) ဖုန်းအချင်းချင်းပါ Bluetooth နည်းတူ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ အားသာချက်က ဖိုင်တွေပို့တဲ့အခါ Bluetooth ထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်..။ ကွန်ပျူတာတွေမှာ ဆိုရင်တော့ Wifi ပါ ပြန်လည် ထုတ်လွှတ်ပေးနိုင်ပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ကွန်ပျူတာအတွက် ဖိုင်အပြင် Android စမတ်ဖုန်းတွေအတွက်ပါ ဖိုင် ၂-ခုကို ပူးတွဲ တင်ပေးထားပါတယ်..။ Android ဖုန်းတွေအတွက်ကတော့ Playstore မှာ ဝင်ယူလို့လည်း ရပါတယ်..။ Playstore ဝင်လို့ မရတတ်တဲ့ Android ဖုန်းတွေအတွက်တော့ ဒီဒေါင်းလော့ဖိုင်ထဲမှ APK ဖိုင်လေးကို ဖုန်းထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ ဟိုးအရင်တုန်းက ဗါးရှင်းက တရုတ်စာသားတွေနဲ့ ဖြစ်လို့ ဘယ်လို စသုံးရမှန်းမသိခဲ့ကြပါဘူး..။ အခုဒီဗါးရှင်းလေးမှာတော့ E-လိုနဲ့ Update ထွက်လာတာဖြစ်လို့ ကျနော်တို့အတွက် အသုံးပြုရ အဆင်ပြေစေပါတယ်..။ အသုံးပြုလိုတဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာ ဒီဆော့ဝဲလ်ကို ၂-နေရာစလုံး ထည့်ထားပြီးမှ အသုံးပြုလို့ ရမှာပါ..။ အောက်မှာလည်း ကျနော့် ကွန်ပျူတာနဲ့ဖုန်း အသုံးပြုထားတဲ့ ပုံလေးတွေကို ပြပေးထားလို့ လေ့လာကြည့်ရင်း အသုံးပြုတတ်သွားပါလိမ့်မယ်..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.7 MB ရှိပါတယ်..။

RAR Password Unlocker 5.0 Final

RAR Password Unlocker is to find the lost password for the RAR file for you to extract the files in the archive easily. This RAR password remover supports all versions of RAR archives. It can recover password no matter how long and how complex it is. Enhanced by brute-force attack, brute-force with mask attack, dictionary attack, it works effectively and efficiently. Moreover, it is the ever easiest-to-use program even a new user can get used to it in less than a minute.
တချို့ဆိုဒ်တွေမှာ WinRAR ဖိုင်တွေကို Password ခံပြီးတင်ပေးလေ့ရှိပါတယ်..။ အဲ့လို ပါတ်စ်ဝါဒ့်ခံထားတဲ့ WinRAR ဖိုင်တွေကို ဒီကောင်လေးက ပါတ်စ်ဝါဒ့်တွေ ရှာဖွေပေးပြီး R ဖိုင်တွေကို ဖွင့်လို့ ရအောင် ပြုလုပ်ပေးနိုင်ပါတယ်..။ ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ရအောင် patch ဖိုင်လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ patch ထည့်နည်းက အရင်ပိုစ့်တွေနဲ့ အတူတူပဲဖြစ်လို့ ဒီပိုစ့်မှာတော့ လိုအပ်တဲ့ အပိုင်းလေးကိုပဲ ပြပေးထားပါတယ်..။ အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 12.7 MB ရှိပါတယ်..။

Photodex ProShow Producer 6.0.3410 Final

Photodex ProShow Gold ဆော့ဝဲလ်လေးနဲ့ ဓါတ်ပုံတွေကို စလိုက်ရှိုး Video ဖိုင်လေးတွေဖြစ်အောင် ဖန်တီးယူလို့ ရသလို ၊ မိမိတို့ရဲ့ Video တွေမှာလည်း Video Effects တွေထပ်ထည့်ပြီး ၊ Effects တွေ အများကြီးနဲ့ ကြည့်လို့ကောင်းအောင် ဖန်တီးယူလို့ ရပါသေးတယ်..။ ဒီဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ကြာပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီနေ့တော့ ဒီနောက်ဆုံးထွက် Update ဗါးရှင်းလေး ရလာလို့.. အသုံးပြုလိုတဲ့သူများအတွက် အဆင်ပြေအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် Keymaker လေးနဲ့ တွဲတင်ပေးထားဖြစ်ပြီး၊ အရင်လက ပိုစ့်မှာတော့ crack, patch, keymaker သုံးမျိုးနဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်..။ အရင်ကပိုစ့်မှာ ကျနော်က crack ဖိုင်လေးနဲ့ ဒီဆော့ဝဲလ်ကို ဖူးဖြစ်အောင် ၊ ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပြီး ပြန်ကြည့်လို၊ ပြန်ဒေါင်းယူလိုရင်တော့ ဒီလင့်မှာပါ..။ Video Effects တွေ ထည့်သုံးတတ်အောင် ပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့ကျင့်ခန်း Video ဖိုင်တွေကို ဝင်ကြည့်လေ့လာလို့ ရမယ့် YouTube က လင့်လေးကို ပြန်ရှာတင်ပေးထားပါတယ်..။ အဲ့ဒီလင့်ကနေ ဝင်သွားလိုက်ရင်တော့ ဒီဆော့ဝဲလ်နဲ့ Video Edit လုပ်ပြထားတဲ့ Video ဖိုင်လေးတွေ အများကြီးကို လေ့လာသင်ယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို ဖူးဖြစ်အောင် Keymaker လေးနဲ့ လုပ်တတ်အောင် အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။  လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 51 MB ရှိပါတယ်..။

Advanced SystemCare 7 Free 7.2.0.431 Final

 ကွန်ပျူတာနဲ့ Browser တွေကို မြန်ဆန်သွက်လက်အောင် အမှိုက်တွေ ရှင်းလင်းပေးတဲ့ ဆော့ဝဲလ် ပရိုဂရမ်တွေထဲမှာတော့ ဒီကောင်လေးက နာမည်ကြီး ဆော့ဝဲလ်တခုပါ..။ အရင်ကလည်း ဗါးရှင်း မျိုးစုံ တင်ပေးခဲ့တဲ့ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့ သူများကတော့.. အသုံးပြုနည်းပိုစ့်ကို ဒီမှာနှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးမပြုခင် အရင်ဆုံး မိမိတို့ ကွန်ပျူတာကို Restore Point လေးတွေ ဖန်တီးထားဖို့ လိုအပ်ပါတယ်..။ အသုံးပြုပြီးရင်လည်း စက်ကို Restart ချပေးပြီးမှ၊ ဝင်းဒိုး ပြန်ပွင့်လာမှ ဆက်လက် အသုံးပြုသင့်ပါတယ်..။ ဒါမှသာ မိမိတို့ ဝင်းဒိုးကို အဆင်ပြေပြေ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 38.6 MB ရှိပါတယ်..။

Techsmith SnagIt 11.4.1 Build 195 Final

 ဒီကောင်လေးကလည်း Screen Recorder လေးပါပဲ..။ Screen Record အပြင် Capture နဲ့ပါ ဓါတ်ပုံတွေ ရိုက်ယူလို့ ရပါတယ်..။ ရိုက်ယူပြီးသား ဓါတ်ပုံတွေပေါ်မှာ အညွှန်းများတွေ တပ်တာ၊ ဖြတ်တာ စတဲ့ အသုံးဝင် Tool တွေကို ဒီကောင်လေးနဲ့တခါတည်း ပြုလုပ်ယူလို့ ရပါတယ်..။ ဖူးသုံးလို့ ရအောင် ကီးတွေအပြင် keygen လေးပါ ထည့်ပေးထားပါတယ်..။ ဒီပိုစ့်မှာ ကျနော်ကတော့ ကီးတွေထည့်ပြီး Install ထည့်လို့ ရအောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 68 MB ရှိပါတယ်..။

ZD Soft Screen Recorder 6.1 Final

 မိမိတို့ Desktop ပေါ်မှာ Screen Video တွေ ရိုက်ယူချင်တယ်ဆိုရင်တော့ ဒီဆော့ဝဲလ်လေးနဲ့ အဆင်ပြေပါတယ်..။ မောက်စ်နေရာမှာ အရောင်လေးနဲ့ပါ ပေါ်နေအောင် Video တွေ ရိုက်ယူပေးနိုင်တဲ့ ဒီဆော့ဝဲလ်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ အောက်မှာလည်း ဖူးသုံးလို့ keygen လေးနဲ့ ကီးတွေ ယူထည့်တတ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။

Stellar Phoenix Photo Recovery 6.0.0.1 Final

ဒီကောင်လေးက နာမည်ရှိတဲ့ Recovery ဆော့ဝဲလ်တစ်ခုပါ..။ မိမိတို့ရဲ့ မှားဖျက်မိလိုက်တဲ့ ဓါတ်ပုံတွေနဲ့ သီချင်း Video တွေကို  ဒီကောင်လေးက ပြန်ရှာယူပေးနိုင်ပါတယ်..။ အသုံးပြုရလွယ်ကူပြီး ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် keygen လေးနဲ့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်..။ အောက်မှာလည်း ပုံလေးတွေနဲ့ ဖူးဖြစ်အောင် လုပ်တတ်အောင်နဲ့ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.8 MB ရှိပါတယ်..။

ZOTAC WinUSB Maker 1.1 Final

 ဝင်းဒိုးအခွေတွေကို USB Pendrive တွေနဲ့ ဝင်းဒိုးတင်လို့ ရအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီဆော့ဝဲလ်လေးနဲ့ အဆင်ပြေပါတယ်..။ ဟိုးအရင်တုန်းကလည်း ဗါးရှင်း အဟောင်းလေး တခု တင်ပေးခဲ့ဖူးပါတယ်..။ အရင်က ကျနော် အမြဲသုံးဖြစ်တဲ့ ဒီဆော့ဝဲလ်လေးကတော့ မနေ့ကမှ Update အသစ် ထွက်လာတာလေးပါ..။ အသုံးပြုတတ်အောင် ဒီဆော့ဝဲလ်လေးမှာ လမ်းညွှန်ပေးနိုင်တဲ့ ပုံလေးတွေ ပါလာတဲ့အတွက်၊ အသုံးပြုလိုတဲ့သူများအတွက် အဆင်ပြေစေပါတယ်..။ အောက်မှာလည်း ကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲ ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...