Gmail ကနေ Hand Phone ကို Free SMS နဲ့စာပို့နည်း


ဒီတစ်ခါတော့ Gmail ကနေ ဟမ်းဖုန်းကို Free SMS ပို့လို့ရမယ့် နည်းလေးပါ..။ မြန်မာပြည်ကလူတွေအတွက် အတော်လေး အသုံးဝင်ပါတယ်..။ နိုင်ငံခြားမှာရှိနေတဲ့ မိမိတို့ရဲ့ ဆွေမျိုးညီအစ်ကိုမောင်နှမများ ဆီကို Gmail မှ Free SMS နဲ့ အမြန်အကြောင်းကြားလို့ရပါတယ်..။
 Gmail အချင်းချင်းဆို မေးလ်ဖွင့်ကြည့်မှ သိရတဲ့အတွက် ကြာနေပါသေးတယ်..။ အရေးကြီးကိစ္စရှိရင်တော့ ဟမ်းဖုန်းကိုသာ SMS နဲ့စာပို့လိုက်ပါ..။ ချက်ချင်းသိနိုင်ပါတယ်..။ ဒါပေမယ့် မြန်မာလိုရေးလို့တော့ မရပါဘူး.. အင်္ဂလိပ်လိုရေးရပါမယ်...။ အနည်းဆုံးတော့ မိမိနာမည်လေးရေးပြီး ပို့လိုက်ရင်ကိုပဲ မိမိဆွေမျိုးက သိသွားပါပြီ..။ အရမ်းကောင်းတဲ့ နည်းလေးပါ..။ ဖရီးသုံးလို့ ရတာမို့ ပိုပြီး အသုံးတည့်ပါတယ်..။ လုပ်ပုံလုပ်နည်းကလည်း လွယ်ပါတယ်..။ မိမိတို့ရဲ့ Gmail ကိုအရင် ဖွင့်ထားလိုက်ပါ..။ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ.. 










အောက်ဆုံးကပုံတော့ ကြည့်ရတာလွယ်အောင်လို့ ဘောက်စ်အသေးလေးသုံးခုကို ဖြတ်ပြီး တပုံထဲမှာ ပြထားပေးတာပါ..။ တကယ်ဆို တစ်ပုံဆီပဲပေါ်မှာပါ..။ မိမိတို့ စာပို့လို့ မရောက်ရင် အနီရောင်စာသားလေး ပေါ်လာမှာဖြစ်ပြီးတော့ ၊ စာပို့လို့ရောက်သွားရင်တော့ အနီရောင်စာတန်း မပေါ်ပါဘူး..။ Add New မှာတော့ ဖုန်းနံပါတ် နောက်တလုံးထပ်ထည့်ပြီး အသစ်ထည့်လိုက်တဲ့ ဖုန်းနံပါတ်ကို ကလစ်လိုက်တာနဲ့ စာပို့လို့ရပါပြီ..။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ..

3 comments:

  1. ကျွှန်တော် Gmail ထဲမှာ chat and sms မတွေ့ဘူး ဘယ်လိုလုပ်ရမလဲကူညီပါအုံးအစ်ကို

    ReplyDelete
  2. ဖုန်းနဲ့gmail သုံးတာပါ။

    ReplyDelete

Related Posts Plugin for WordPress, Blogger...