AAA Logo Maker Business Edition 3.0



ကျနော် ဒီရက်ထဲမအားလို့ ပိုစ့်အသစ်တွေ တင်မပေးနိုင်တာပါ..။ ပိုစ့်မတင်တာလည်း ကြာပြီဆိုတော့.. ဒီနေ့ ဒီပိုစ့်လေးကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ ဓါတ်ပုံ အပြင်အဆင်နဲ့ ပါတ်သက်လာရင် တော်တော် များများက စိတ်ဝင်စားကြပါတယ်..။ ဒီကောင်လေးကိုလည်း သဘောကျကြလိမ့်မယ်လို့ ထင်ပါတယ်..။ ကျနော် ဒီကောင်လေးကို စမ်းသုံးကြည့်ရင်း ကောင်းတာလေးတွေ တွေ့လာလို့ သဘောလည်းကျမိတယ်..။ ဒါကြောင့် တင်ပေးလိုက်တာပါ..။ ကျနော် အပေါ်ပုံမှာ လုပ်ပြထားသလို သူ့ထဲမှာ ဒီဇိုင်းမျိုးစုံ ပုံစံမျိုးစုံ အရုပ်ကလေးတွေ အများကြီးပါပါတယ်..။ မိမိတို့ စိတ်ကြိုက် အရောင် ပြောင်းသုံးလို့လည်း ရပါတယ်..။ နောက်တခု ပိုသဘောကျတာက ကျနော်တို့ Reflections လို့ ခေါ်တဲ့ ပုံရဲ့ အောက်မှာ ပေါ်နေတဲ့ ရောင်ပြန်လေးတွေပါ ပြုလုပ်လို့ ရပါတယ်..။ Photoshop နဲ့ဆို အဆင့်ဆင့် ပြုလုပ်ရတဲ့ ၊ အလုပ်ရှုပ်တဲ့ အဆင့်တွေကို ဒီကောင်လေးနဲ့ ၂ချက်လောက် ကလစ်လိုက်တာနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို ရောင်ပြန် အရုပ်ကလေးတွေ ထင်ပေါ်လာစေမှာ ဖြစ်ပါတယ်..။ အလင်းအမှောင် လိုသလို ချိန်ပေးလိုက်ရင် အတော် ကြည့်လို့ ကောင်းတဲ့ပုံလေးတွေကို ဖန်တီးနိုင်ပါလိမ့်မယ်..။ ဒီကောင်လေးကို ကျနော် စမ်းသပ်မိသလောက်ပဲ တင်ပေးထားတာဖြစ်ပါတယ်..။ နောက်ထပ် ကျနော်မသိသေးတဲ့ မလုပ်ရသေးတဲ့ အဆင့်တွေ အများကြီး ကျန်ပါသေးတယ်.. ဒါကြောင့် မိမိတို့ ဖာသာ တခုချင်းစီ စမ်းသပ် ဖေါ်ထုတ်ပြီး သုံးတတ်မယ်ဆိုရင် အများကြီး အကျိုးရှိပါလိမ့်မယ်..။ ဒီဆော့ဝဲလ်လေးက ရိုးရိုးတော့မဟုတ်ဘူး..  Business Edition ဖြစ်တဲ့ အတွက် စီးပွါးဖြစ်ပါ သုံးစားလို့ ရပါတယ်..။ စီးပွါးရေး သမားများအတွက်ပါ အသုံးတည့်ပါတယ်..။ သူ့အတွက် ကီးလေးပါ အထဲမှာ ထည့်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.7 MB ရှိပါတယ်..။



ဒီအောက်ကပုံကတော့.. ဒီကောင်လေးကို Install ဆွဲထည့်ပြီးတာနဲ့ ကီးတောင်းပါလိမ့်မယ်..။ အောက်က ပုံလေးအတိုင်း ကီးထည့်ပေးလိုက်ပါ..။



အပေါ်ပုံကတော့ သူ့ထဲမှာပါတဲ့ Logo ပုံလေးတွေထဲက အနည်းငယ်ကို ရှိတယ်ဆိုတာ သိအောင်လို့ ဖေါ်ပြပေးလိုက်တာပါ..။ နောက်ထပ်ပုံတွေ အများကြီး သူ့ထဲမှာ ရှိပါသေးတယ်..။ အားလုံးသုံးလို့ ရပါတယ်..။ ပြီးရင်တော့ မိမိတို့ ပြုလုပ်ချင်တဲ့ ပုံလေးတပုံကို အောက်ပုံလေးအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားပြီး ဆွဲထုတ်လိုက်ပါ.. မိမိတို့ ထပ်ထည့်ချင်တဲ့ ပုံလေးတွေကို အပေါ်ပုံမှာ အနီဝိုင်းပြထားတဲ့ နေရာတွေကို တချက်စီကလစ်ပြီး ပုံလေးတွေ ပြောင်းယူနိုင်ပါတယ်..။ အဲဒီပုံလေးတွေကို အရောင်ပြောင်းချင်ရင်တော့ အောက်ကပုံလေးတွေကို ကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါဗျာ..။




မိမိတို့ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အောက်ကပုံလေးအတိုင်း သိမ်းနိုင်ပါပြီ..။ A,B,C အစဉ်လိုက် အတိုင်းသာ နှိပ်သွားလိုက်ပါ.. ရှာရလွယ်အောင် Desktop မှာ သိမ်းလိုက်ပါ..။ 


တကယ်လို့ မိမိတို့ ပုံလေးတွေကို နောက်ခံအရောင်လေးတွေ ပြောင်းသုံးချင်တယ် ဆိုရင်တော့ အောက်က ပုံလေးအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားပြီး ပြောင်းနိုင်ပါတယ်..။


ဒီအောက်ကပုံလေးကတော့ မိမိတို့ရဲ့ ပုံလေးတွေကို Reflections လို့ခေါ်တဲ့ ရောင်ပြန်လေး ပုံအောက်မှာ ပေါ်နေအောင် လုပ်တဲ့ အဆင့်လေးပါ..။ A,B,C အတိုင်း နှိပ်သွားပြီ.. C နေရာက အတုံးလေးတွေကို အတိုးအလျှော့ လုပ်ပြီး မိမိတို့ စိတ်ကြိုက် ကြည့်ကောင်းအောင် ချိန်ယူပါ..။



အောက်ဆုံးပုံကတော့ မိမိတို့ ထပ်ဖြည့်ထားတဲ့ ပုံလေးတွေကို ကာလာအရောင် မှိန်အောင် ၊ ပြောင်းအောင် ... အမျိုးမျိုးပြောင်းလဲ နိုင်အောင် 4,5 နေရာက အမှန်ခြစ်လေးတွေကို ဖြုတ်၊တပ်လုပ်ပြီး.. 3 နေရာက အတုံးလေးတွေကိုလည်း အရွှေ့အပြောင်းလုပ်ပြီး မိမိတို့ ကြိုက်သလို ကာလာအလင်းအမှောင် ချိန်ယူနိုင်ပါတယ်..။ 
ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အတော်လေးသုံးတတ်လောက်ပြီလို့ ထင်ပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ ပျော်ရွှင်နိုင်ကြပါစေဗျာ..။

2 comments:

  1. အသေးစိတ်ရှင်းပြတာကတော့ ကျေးဇူးတင်ပါတယ် ဒါပယ်မဲ့ တစ်ခုမှဒေါင်းလို့အဆင်မပြေဘူး ဒီဆိုက်မှာလောက်ဒေါင်းရခက်တာမတွေဖူးဘူး ဟူးးးးးးးးးးးးးးးးး

    ReplyDelete
  2. ဘာမှကို ဒေါင်းမရဘူးဗျ

    ReplyDelete

Related Posts Plugin for WordPress, Blogger...