Facebook မှ Timeline ကို ဖြုတ်ချင်တဲ့ သူများအတွက်


 8 Jun 12, 05:20 PM
ဝင်းရခိုင်: အကိုရယ်ကျနော့ကို fb က timeline ဖြုတ်နည်းခဏပြောပြပါလားး
ဒါကတော့ တောင်းထားတဲ့သူ ရှိလို့ တင်ပေးလိုက်တာပါ..။ လုပ်ရတာလည်း လွယ်ပါတယ်..။ လုပ်နည်း ၂ခုကို ဒီပိုစ့်မှာ ဖေါ်ပြလိုက်ပါတယ်..။ ပထမတခုက Google Chrome သုံးသူများအတွက် Facebook Extension ကို ဒေါင်းပါ..။ Chrome ရဲ့ အောက်ခြေနားမှာ Save ဆိုတဲ့ စာသားလေးပေါ်လာရင် ကလစ်ပေးလိုက်ပါ..။ ပြီးရင် Install ဆိုတဲ့ ဘောက်စ်လေးပေါ်လာရင် ထပ်ကလစ်ပေးပါ..။ ပြီးရင်တော့ မိမိတို့ Facebook စာမျက်နှာကို Refresh လုပ်ပေးလိုက်ရင် TimeLine ပျောက်သွားပါလိမ့်မယ်..။ နောက်တခုကတော့ Video Tutorial လေးကြည့်ပြီး လုပ်ကြည့်လိုက်ပါဗျာ.. Video Tutorial လေးပါ ရှာတွေ့ထားလို့ တခါတည်း တင်ပေးလိုက်ပါတယ်..။ အောက်ကလင့်တွေကနေသာ ဒေါင်းယူပြီး  Video Tutorial လေးအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ..

Removed Facebook Timeline Video Tutorial Download


အောက်ကတခုကတော့ Google Chrome သုံးသူများအတွက် Extension ကိုဒေါင်းယူပြီး အောက်ကပုံလေးအတိုင်း လုပ်ပေးလိုက်ယုံပါပဲ.. အောက်ကလင့်ကနေ ဝင်ကြည့်လိုက်ပါဗျာ..


အပေါ်က ဆိုဒ်မှာ ပြထားတဲ့ အတိုင်း လုပ်ပေးလိုက်ပါ..။ အောက်ကပုံနဲ့ အတူတူပါပဲ..။


1 comment:

  1. ဒီ timeline ကြောင့် တော်တော်လေးကိုစိတ်ညစ်နေရတာ ကိုလွင်မင်းဗိုလ်(နည်းပညာ) နှင့်တွေ့ လိုက်တော့မှ စိတ်ချမ်းသာခဲ့ရတယ် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား။

    ReplyDelete

Related Posts Plugin for WordPress, Blogger...