Android ဖုန်းတွေမှာ Sorry! ဆိုပြီး Force close မပေါ်အောင် ဖြေရှင်းနည်း



မင်္ဂလာပါဗျာ Android ဖုန်း ကိုင်ဆောင်ထားတဲ့ သူတွေဆော့ဝဲလ်တွေ ထည့်သွင်းတာ များလွန်းရင် မိမိဖုန်းဟာလေးတတ်ပါတယ် တစ်ခါ တစ်လေကျရင် Sorry! ဆိုပြီး Force close ဘောက်စ့်လေးတွေ ပေါ်တတ်ပါတယ်အဲလို့မျိုးပေါ်လာရင် ဖုန်းဟာ လေးပြီး ဆော့ဖြစ်တော့တာပဲ ကျွန်တော်ဖုန်းဆို ခဏခဏ ဖြစ်တယ် တစ်ခါတစ်လေကျရင်ဖုန်းတောင် ရိုက်ခွဲချင်စိတ် ပေါက်သွားတယ် နောက်ထက် မဝယ်နိုင်တော့ မခွဲဖြစ်တာပေါ့ ဟဲ............အဲတော့ အဲလို့မျိုး မဖြစ်အောင် ဆော့ဝဲလ်တွေကို ဒီနည်းနဲ့စစ်ထုတ်လိုက်တာ အကောင်းဆုံးပါပဲ အကယ်၍ အားလုံးကိုစစ်ချင်တဲ့ဆိုရင် စစ်ပြီးတာနဲ့ ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်တဲ့အခါဖုန်း ဝယ်ခါစ အတိုင်း ပြန်ဖြစ်သွားမယ် ဖြစ်ပါတယ် မှတ်ချက်။       ။ မိမိထည့်သွင်းထားသည့် ဆော့ဝဲလ်တွေမပျက်စီးပါဘူး ကဲ စကြရအောင်ဗျာ...
 

မိမိဖုန်းရဲ့ Settings ကို သွားပြီး တစ်ချက်နှိပ်ဖွင့်လိုက်ပါဗျာ
 

Applications ကို ရွေးချယ်လိုက်ပါဗျာ
 
Manage applications ကိုနှိပ်လိုက်ပါဗျာ
 
All ကို ရွေးချယ်ပြီး မိမိစစ်ချင်တဲ့ ဆော့ဝဲလ်ကို ရွေးချယ်ပါ
အထူးသဖြင့် မိမိ အမြဲတမ်း အသုံးပြုနေတဲ့
ဆော့ဝဲလ်ကို အထူးစစ်သင့်ပါတယ်
 
Clear date ကို နှိပ်ပြီး စစ်နိုင်ပါတယ် အကယ်၍ မိမိစစ်လိုက်တဲ့
ဆော့ဝဲလ်မှာ ဘာပြဿနာ မှ မရှိဘူးဆိုရင် Clear date ဟာ နှိပ်ရမယ်
မဟုတ်ပါဘူး အဲလို့မျိုးဆိုရင် စစ်ဖို့ မလိုဘူးပေါ့
Clear date ကိုနှိပ်လိုက်ရင် အောက်က ပုံအတိုင်း
ပေါ်လာမယ် ဖြစ်ပါတယ်
 
OK ကို နှိပ်ပေးလိုက်ပါဗျာ ဒီနည်းအတိုင်းပဲ
မိမိ တခြား App တွေကို စစ်လို့ရပါတယ်ဗျာ

 


1 comment:

Related Posts Plugin for WordPress, Blogger...