Ontrack EasyRecovery Enterprise 10.0.5.6


 ဒီကောင်လေးကတော့ Deleted လုပ်ပြီးသားနဲ့ Format ချပြီးသား Data တွေကို ပြန်ရှာပေးနိုင်တဲ့ Ontrack EasyRecovery Enterprise 10.0.5.6 ဆော့ဝဲလ်လေးပါ..။ Hard Disk , Memory Device , Optical Media , Multimedia/Mobile Device , RAID System အစရှိတဲ့ Device တွေကို ဒီကောင်လေးနဲ့ အသုံးပြုလို့ ရပါတယ်..။ မိမိတို့ အသုံးပြုမယ့် အခါကျမှ ၄င်း Device တွေထဲက တခုကို ရွေးပြီး အသုံးပြုယုံပါပဲ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ crack နဲ့ ဖူးဖြစ်အောင် လုပ်နည်းကိုတော့ အရင်ပိုစ့်တွေမှာလည်း မကြာမကြာပြပေးခဲ့ပြီးမို့ ဒီပိုစ့်မှာတော့ ပုံအနည်းငယ်ကိုပဲ ပြပေးထားပါတယ်..။ ဒီကောင်လေးနဲ့ အသုံးပြုတတ်ပုံကိုတော့ အစအဆုံး ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။


 Install ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း crack ဖိုင်လေးကို အရင်ထည့်ပြီး ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။





ပြီးရင်တော့ ၂ချက်တောက်ဖွင့်ပြီး အောက်ကပုံလေးတွေအတိုင်း မိမိတို့အသုံးပြုမယ့် device ကို ရွေးသုံးယုံပါပဲ..။



ကျနော်က ဟတ်ဒစ်ထဲက ဖေါ်မတ်ချပြီးသား Data တွေကို ပြန်ရှာမှာဖြစ်လို့ အပေါ်ပုံအတိုင်း ဟတ်ဒစ်ပုံလေးကို ကလစ်ပြီး ဆက်သွားပါတယ်..။ USB ထဲက Data တွေပြန်ရှာလိုတဲ့ သူများကတော့ အဲ့ဒီပုံလေးကို ကလစ်ပြီး လုပ်ယုံပါပဲ..။


ပြီးရင်တော့ C: အပိုင်းထဲမှာ ဖြစ်တဲ့အတွက် အပိုင်း C: ကို ကလစ်ပြီး ဆက်သွားပါတယ်..။ အောက်ကပုံအတိုင်း Deleted File နဲ့ Formatted Media ထဲက တခုကို ရွေးယူရမှာပါ..။ 



အပေါ်က ပုံတွေအတိုင်း ဆက်တိုက် နှိပ်လာပြီးရင်တော့ အောက်ကပုံလေးတွေအတိုင်း ပေါ်လာရင် ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ..။ 





Scan ဖတ်လို့ ပြီးသွားရင်တော့ အပေါ်ပုံအတိုင်း OK ပေးလိုက်ပါ..။ အောက်ကမျှားပြထားတဲ့ နေရာမှာ + မိမိတို့ လိုချင်တဲ့ ဖိုင်ကို တခုစီဖွင့်ပြီး အရင်ရှာပါ..။ 



အပေါ်ပုံအတိုင်း မိမိတို့ ပြန်ယူလိုတဲ့ ဖိုင်ကို တွေ့ရင်တော့ တချက်ကလစ်ပြီး Save ကိုနှိပ်ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း တခြား ပါတေးရှင်းအပိုင်းထဲမှာ သွားသိမ်းပေးရပါမယ်..။


Finished ပေါ်လာရင်တော့ OK ပေးပြီး မိမိတို့ ပြန်ထုတ်လိုက်တဲ့ ဖိုင်လေးကို အဲ့ဒီအပိုင်းထဲမှာ သွားဝင်ယူလို့ ရသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ..။

2 comments:

  1. အကိုရေ မျှဝေခွင့်ပြုပါနော်

    ReplyDelete
  2. အစ်ကိုရေ လင့်သေသွားပြီဗျ

    ReplyDelete

Related Posts Plugin for WordPress, Blogger...