Sony Vegas Pro 11.0 Built 700

28 Jul 13, 11:30 PM
မောင်-သုံးတန်း: sony vegas 11 လေး လိုချင်ပါတယ် ဆရာ
ဒီကောင်လေးကို ဖူးသုံးလို့ ရဖို့ကို တော်တော်လေးရှာရပါတယ်..။ လုပ်နည်းတွေများပေမယ့် တနည်းမှအဆင်မပြေ၊ နောက်ဆုံးတနည်းနဲ့မှပဲ ရတော့တယ်..။ ဒီကောင်လေးကို ကျနော် ဒေါင်းယူလို့ ရတဲ့ Softonic ဆိုဒ်မှ ဒေါင်းလော့ဒါလေးနဲ့ တွဲတင်ပေးထားတာ ဖြစ်ပါတယ်..။ ၄င်းဒေါင်းလော့ဒါနဲ့ ဆော့ဝဲလ်ကို အရင်ဒေါင်းယူရမှာပါ..။ အောက်က ဒေါင်းလော့လင့်မှာ patch နဲ့ kengen ၂မျိုးပါ ထည့်ပေးထားပါတယ်..။ ဒီ၂မျိုးကို အသုံးပြုပြီး ဒီကောင်လေးကို ဖူးဖြစ်အောင် လုပ်ယူရမှာ ဖြစ်ပါတယ်..။ စာဖတ်ယုံနဲ့ နားမလည်နိုင်တဲ့ သူများအတွက် အောက်မှာ ပုံလေးတွေနဲ့ပါ အစအဆုံး ဖူးလုပ်အသုံးပြုနိုင်အောင် ပြပေးထားပါတယ်..။
Sony Vegas Pro 11.0 Built 700 ဗါးရှင်းကတော့ နောက်ဆုံးထွက် မဟုတ်ပါဘူး..။ ဒီဗါးရှင်းကို တောင်းတဲ့လူရှိလာလို့ လိုက်ရှာပြီး တင်ပေးလိုက်တာပါ..။ ဒီကောင်လေးက Video Editing ပရိုဂရမ်တခုဖြစ်ပြီး လူသုံးများ ၊ လူကြိုက်များတဲ့ ပရိုဂရမ်တခုပါ..။ ဒီ Video Editing လေးကို အသုံးပြုတတ်အောင် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးတွေပါ ရှာပြီး လေ့လာလို့ ရအောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ Softonic Downloader, patch, keygen အားလုံးပေါင်း 2.3 MB ရှိပါတယ်..။ Softonic Downloader နဲ့ ဒီကောင်လေးကို ဒေါင်းယူပြီးရင်တော့ 200 MB ကျော်ရှိတဲ့ Sony Vegas Pro 11.0 Built 700 ဖိုင်ကို ရရှိမှာ ဖြစ်ပါတယ်..။ အောက်မှာလည်း အဆင်ပြေပြေ လုပ်တတ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ patch နဲ့ keygen ကို မဖွင့်ခင် အရင်ဆုံး Antivirus တွေကို ပိတ်ထားပြီးမှ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။



ကျနော်ထည့်ပေးထားတဲ့ Softonic Downloader နဲ့ အဆင်မပြေခဲ့ရင် အပေါ် ဒုတိယလင့်ကနေ Softonic ဆိုဒ်မှာ သွားဒေါင်းယူနိုင်ပါတယ်..။ 
အောက်ကပုံအတိုင်း ဒေါင်းလော့ဒါလေးကို နှစ်ချက်တောက်ပြီး ဒီSony Vegas Pro 11.0 Built 700 ကို အရင် ဒေါင်းယူပါတယ်..။





ဒေါင်းလော့ပြီးသွားရင်တော့ အောက်ကပုံအတိုင်း တခါတည်း Install ထည့်လိုက်ပါတယ်..။ သူဒေါင်းပေးထားတဲ့ ဖိုင်ကတော့ မိမိတို့ စက်ရဲ့ Desktop ပေါ်မှာ ရှိနေမှာ ဖြစ်ပါတယ်..။






Finish / Exit ပေးပြီး အားလုံးပိတ်လိုက်ပါတယ်..။ ပြီးရင်တော့ အောက်ကပုံအတိုင်း ဒီကောင်လေးရဲ့ Installed ဖိုဒါထဲမှာ patch ဖိုင်ကို အရင်သွားထည့်ပြီး အဆင့်ဆင့် လုပ်ပေးရမှာပါ..။


အရင်ဆုံး Patch ကို အပေါ်က ဖွင့်လိုက်တဲ့ ဖိုဒါလေးထဲကို copy ထည့်ပြီး Run as administrator နဲ့ ဖွင့်ပြီး အောက်ကပုံအတိုင်း ဖလင်ပုံလေးကို နှိပ်သွားလိုက်ပါ..။



အပေါ်ပုံအတိုင်း (C:) ထဲက sony ဖိုင်ဒါလေးကို တချက်ကလစ်ပေးပြီး Ok နှိပ်ပေးလိုက်ပါ..။ အောက်က အပြာရောင်ပြထားတဲ့ အတိုင်း ပေါ်လာရင် မျှားပြထားတဲ့ အပေါင်းလက္ခာ (+) ကို တချက်နှိပ်ပါ..။


ပြီးရင် နောက်ထပ် ဖလင်ပုံလေးကို တချက်ထပ်နှိပ်ပြီး အပေါ်ပိုင်းပုံအတိုင်း sony ဖိုင်လေးရှိတဲ့နေရာထိသွားပြီး တချက်ကလစ် OK ပေးလိုက်ပါ..။ အလုပ်လုပ်နေတာ ဖြစ်လို့  အပေါ်ပုံနဲ့ အောက်ပုံ စာသားတွေမတူတော့တာကို လေ့လာကြည့်နိုင်ပါတယ်..။


အောက်ပုံအတိုင်း အစိမ်းရောင် ဝိုင်းပြထားတဲ့ နေရာမှာ စာသားတွေ ပြောင်းသွားပါပြီ..။ ပြီးရင်တော့ CRACK ME စာသားလေးကို တချက်ကလစ်ပေးလိုက်ပါ..။ ကလစ်ပြီးတာနဲ့ အဲ့ဒီနေရာမှာ အောက်ဆုံးက အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ အတုံးလေးတွေ ပြည့်လာတဲ့ အထိကို စောင့်နေပေးလိုက်ပါ..။ "Access is Denied" ဘောက်စ်ပေါ်လာခဲ့ရင် ကြက်ခြေခတ်နဲ့ ဖျက်၊ပိတ်လိုက်ပါ..။ ဆက်အလုပ်လုပ်သွားပါလိမ့်မယ်..။


Enjoy !!! စာသားလေး ပေါ်လာရင်တော့ အပြာရောင်ပြထားတဲ့ နေရာကို ကလစ်ပြီး ပိတ်လိုက်လို့ ရသွားပါပြီ..။ အောက်ကဘောက်စ်ကိုလည်း ပိတ်လိုက်ပါတယ်..။


နောက်တဆင့်ကတော့ Keygen ကို အသုံးပြုပြီး ကီးတွေနဲ့ ကုတ်တွေ ထည့်ပေးမှ ဒီကောင်လေးကို ဖူးသုံးလို့ ရမှာ ဖြစ်ပါတယ်..။ အောက်ကပုံအတိုင်း ၂ချက်တောက်ပြီး ဖွင့်လိုက်ပါတယ်..။ Product Name မှာ Vegas Pro 11 32-bit (or) 64-bit ကို အရင်ရွေးပေးပါ..။ Generate ကို နှိပ်ပြီး Serial Number တွေကို copy ထည့်ပေးလိုက်ပါတယ်..။ အောက်က မျှားပြထားတာတွေကို ကြည့်ပြီး နားလည်လိမ့်မယ်လို့ ထင်ပါတယ်..။ ပြီးရင်တော့ Next ပေးလိုက်ပါ..။


အောက်ကပုံလေးတွေအတိုင်း ပေါ်လာရင် ဆက်နှိပ်သွားလိုက်ပြီး၊ နာမည်၊ အီးမေးလ် နဲ့ လိပ်စာတွေကို မိမိတို့ အဆင်ပြေသလို ဖြည့်ပေးလိုက်ပါ..။ အဲ့ဒီနေရာမှာ ပုံယူဖို့ ကျန်ခဲ့ပါတယ်..။


အောက်ကပုံအတိုင်း ပေါ်လာရင်တော့ Activation ကုတ်တွေကို copy ထည့်ပေးပြီး Finish ပေးလိုက်ပါ..။ အောက်ဆုံးပုံလေးတွေအတိုင်း ပေါ်လာရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။




မိမိတို့ Edit လုပ်ချင်တဲ့ Video ဖိုင်ကို အောက်က အနီဝိုင်းပြထားတဲ့ File >> Open ကနေ ဝင်ယူလို့ ရပါတယ်..။ မျှားပြထားတဲ့ ဘောက်စ်ပေါ်လာရင်တော့ ပိတ်ပစ်လိုက်ပါ..။ ဒီကောင်လေးကို ဘယ်တော့မှ Update မလုပ်ပါနဲ့..။ လုပ်ခဲ့ရင် ဖူးသုံးလို့ မရတော့ပါဘူး..။



အပေါ်ကတော့ သီချင်းတပုဒ်ထည့်ပြထားခြင်း ဖြစ်ပါတယ်..။ အသုံးပြုတတ်အောင်နဲ့ လေ့လာလို့ ရအောင် အောက်မှာ Video ဖိုင်လေးတွေ ရှာပေးလိုက်ပါတယ်..။ အားလုံးပဲ ဖူးဖြစ်အောင် လုပ်နိုင်၍ အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ..။





6 comments:

  1. အကိုရေAntivirus ပိတ်ပြီးတောထည့်လိုက်တာပဲ့Antivirus ပြန်ဖွင်တဲ့အခါ ထည်လိုက်တဲ့ patch, keygen ကသေသွာတယ် သုံလိုလည်းမရတောဘူး မမြဲပိတ်ထားရမှာလားရှင်းပြပေးပါဦး

    ReplyDelete
  2. အကို pacth ဆိုတဲ file မရှိဘူး

    ReplyDelete
  3. အကို pacth ဆိုတဲ file မရှိဘူး

    ReplyDelete
  4. အကိုအဆင်ပြေပါတယ် အကိုပြောတဲ့တိုင်းလုပ်လိုက်တာတကယ်ပဲရလာပါတယ် အကိုအမြဲတမ်ူကျန်းမာပါစေ

    ReplyDelete
  5. မြန်မာစာမှန်လိုဗျာ
    မှန်အောင်ဘယ်လိုလုပ်ရတာလဲ

    ReplyDelete
  6. ဘယ်မှာလဲ patch file နဲ့ key gen က

    ReplyDelete

Related Posts Plugin for WordPress, Blogger...