Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း

Lenovo A516 Android 4.2.2 ဖုန်းအား Baidu Root APK ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း
ဒီဆော့ဝဲလ်လေးတွေနဲ့ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေစုထားတာ အနည်းငယ် ကြာသွားပါပြီ..။ အရင် တစ်လကျော်လောက် ကတည်းက Lenovo Android စမတ်ဖုန်းတွေ ဈေးကျလာတဲ့အတွက် မြန်မာပြည်သားများ အသုံးပြုတာလည်း များလာပါတယ်..။ မြန်မာစာ ထည့်ပေးဖို့.. ဖုန်းအသစ်ဝယ်ပြီးတိုင်း ကျနော့်ဆီကို ရောက်လာတတ်တဲ့သူငယ်ချင်းတွေ ရှိတာကြောင့် ကွန်ပျူတာမလိုပဲ အလွယ်တကူ လုပ်ပေးလို့ ရတဲ့ Root တူး လေးတွေနဲ့ မြန်မာဖေါင့် Zawgyi Changer လေးတွေကို ရှာဖွေ စုဆောင်းထားတဲ့ထဲက ဒီ Lenovo ဖုန်းတွေနဲ့ အဆင်ပြေစေတဲ့ APK လေးတွေကို ဒီပိုစ့်နဲ့ အတူ စုပြီး တင်ပေးလိုက်ပါတယ်..။ Lenovo Android 4.2.2 တွေကို Root ဖေါက်နိုင်တဲ့ APK လေးကတော့ Baidu 2.3.9 တရုတ် Root apk လေးပဲ ဖြစ်ပါတယ်..။ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ တရုတ်ဘာသာနဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်..။ ကျနော် တရုတ်စာ တတ်လို့ မဟုတ်ပါ..။ ရမ်းနှိပ်ရင်း မှန်သွားလို့၊ ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ နှိပ်ရမယ့် နေရာလေးတွေနဲ့ မြန်မာစာ ထည့်ပေးတဲ့ Zawgyi Installer လေးတွေကိုပါ ထည့်တတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ Lenovo Android 4.2.2 တွေမှာတော့ မြန်မာစာ အားလုံးပေါ်စေတဲ့၊ ကီးဘုတ်ပါ တွဲရက်ပါလာတဲ့ Smart Zawgyi Changer လေးတွေနဲ့သာ အဆင်ပြေပါတယ်..။ တခြား font changer တွေနဲ့ မရပါ။ 
ဒီ Baidu Root apk နဲ့ Smart Zawgyi Changer ကို Lenovo စမတ်ဖုန်း ၅-လုံးလောက်မှာ မြန်မာစာအမှန်ပေါ်အောင် အဆင်ပြေစေခဲ့ပြီ..။ ဒါကြောင့် Lenovo စမတ်ဖုန်းတွေ ဈေးကျလာလို့ အသုံးပြုလိုတဲ့ သူများနဲ့၊ ဖုန်းဆိုင်တွေနဲ့ ဝေးပြီး မြန်မာစာ ထည့်ဖို့ အခက်တွေ့နေတဲ့ သူများအတွက် ကိုယ်တိုင်လုပ်တတ်ပြီး အဆင်ပြေအောင် ဒီနေ့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါပြီ..။ မနေ့ကလည်း Sony xperia Z (Android 4.2.2) စမတ်ဖုန်းတလုံးကို အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်ပြီး မြန်မာစာ ထည့်ပေးလို့ရပြီ..။ 
တခုသတိပြုရမှာကတော့ ဖုန်းတွေကို Root ဖေါက်တယ်ဆိုတာ ကောင်းတာရှိသလို မကောင်းတဲ့အခါမှာလည်း ဖုန်းပျက်တတ်ပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ် apk တွေကို အသုံးပြုမယ့် သူများကတော့ ဖုန်းပျက်တဲ့အခါ ကျနော့်ကို အပစ်မတင်ဖို့ ကြိုတင် တောင်းပန်အပ်သည်..။ ဖုန်းပျက်မှာ ကြောက်တဲ့သူများကတော့ Root မဖေါက်ပါနဲ့လို့သာ အကြံပြုရပေတော့မည်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ Baidu Root , Smart Zawgyi Changer (၂-မျိုး) , Root ရမရ စစ်ပေးမယ့် Root Checker Pro စတဲ့ APK လေးတွေ စုထည့်ပေးထားလို့ 7 MB ရှိပါတယ်..။


(OR)

Lenovo ဖုန်းတွေမှာတော့ ဖုန်းမော်ဒယ်နဲ့ Android ဗါးရှင်းကို Setting >> Version Infos ကနေ ကြည့်ရင် အောက်ကပုံလေး အတိုင်း တွေ့ရမှာပဲ ဖြစ်ပါတယ်..။


အပေါ်မှာ တင်ပေးထားတဲ့ APK လေးတွေကို ဒေါင်းယူပြီးရင်တော့ via USB Cable or Card Reader နဲ့ မန်မိုရီကတ်ထဲကို ကူးထည့်ပါ..။ ပြီးရင်တော့ Lenovo ဖုန်းရဲ့ File Browser ကနေသွားပြီး တရုတ်စာနဲ့ ရေးထားတဲ့ root 2.3.9 ဆိုတဲ့ APK လေးကို တခြားဆော့ဝဲလ်တွေနည်းတူ Install အရင်ထည့်ပါတယ်..။


အောက်ကပုံလေးတွေအတိုင်း Install ထည့်ပြီးရင် Open နဲ့ ဖွင့်လိုက်ပါ..။





အောက်ကပုံလေးတွေအတိုင်း ဆက်ပေါ်လာရင်တော့ မျှားပြထားတဲ့ နေရာလေးတွေကို နှိပ်သွားလိုက်ပါ..။




အောက်ကပုံအဆင့်မှာတော့ ဖုန်းကို Root ဖေါက်နေပါပြီ..။ ခဏစောင့်နေလိုက်ပါ..။ တစ်မိနစ်မပြည့်ခင် ပြီးပါတယ်..။


အစိမ်းရောင် အမှန်ခြစ်လေး ပေါ်လာရင်တော့တော့ မိမိတို့ရဲ့ ဖုန်းကို Root ဖေါက်လို့ ရသွားပြီ ဖြစ်ပါတယ်..။ Root မရတဲ့ဖုန်းတွေမှာဆိုရင်တော့ အနီရောင်နဲ့ ပေါ်ပါတယ်..။ Root ရမရ သိရအောင် Root Checker Pro ဆော့ဝဲလ်လေးနဲ့ စစ်ကြည့်ပါ..။ Root ရပြီဆိုရင် မြန်မာစာ ပေါ်အောင် ဆက်ပြီး အောက်က အဆင့်တွေအတိုင်း လုပ်လို့ ရပါပြီ..။


အရင်ဆုံး Smart Zawgyi Changer ၂-ခုထဲက ဇ ပုံလေးနဲ့ MMSD Smart Zawgyi Changer ကို အသုံးပြုပါတယ်..။ မြန်မာစာ ရတာ သေချာပါတယ်..။ အားနည်းချက်ကတော့ တရုတ်စာတွေ ပျောက်သွားပါတယ်..။ ဒါကြောင့် တရုတ်စာ ရေးတတ်၊ ဖတ်တတ်တဲ့ သူများကတော့ ဒီဖေါင့်ကို မသုံးသင့်ပါ..။ တရုတ်စာ မသုံးတဲ့ သူများကတော့ ဒီဖေါင့်ချိန်ဂျာကို အောက်ကပုံလေးအတိုင်း ဆက်ပြီး ထည့်သွားလိုက်ရင် မြန်မာစာ ရပါပြီ..။


Install ထညြ့်ပီးလို့ ဖွင့်လိုက်ရင်တော့ အောက်ဒုတိယပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ အစိမ်းရောင်နဲ့ ရေးပြထားတဲ့ (Root ရှိ မရှိ စစ်ဆေးပါ) စာသားကို တချက်နှိပ်လိုက်ပါ..။ Root Access တောင်းခဲ့ရင်တော့ အောက်က မျှားပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..။



Root ရပြီးရင်တော့ အောက်ကပုံအတိုင်း ဆက်ပြီး ပေါ်လာပါလိမ့်မယ်..။ မိမိတို့ ဖုန်းနဲ့ တူတဲ့ စာသားကို ရွေးနှိပ်သွားလိုက်ပါ..။ Lenovo ဆိုရင်တော့ အပေါ်ဆုံးက စာသားကို နှိပ်သွားလိုက်ပါ..။


အောက်ကပုံလေးအတိုင်း Complete စာသားနဲ့ ပေါ်လာရင်တော့ OK ပေးလိုက်ပါ..။ ဖုန်းပိတ်ပြီး ပြန်ဖွင့်လာရင်တော့ မြန်မာစာ ရေးလို့ ဖတ်လို့ ရသွားပါပြီ..။ မြန်မာစာရိုက်တဲ့ ကီးဘုတ်မပေါ်သေးရင်တော့ ဖုန်းရဲ့ Setting >> Language and Input မှာ FrozenKeaboard ကို အမှန်ခြစ်ပေးလိုက်ရင် စာရိုက်လို့ ရသွားပါပြီ..။



အပေါ်ကပုံအတိုင်း MMSD Smart Zawgyi Changer နဲ့ မြန်မာစာ အဆင်ပြေသွားတဲ့ ပုံလေးပါ..။
နောက်တခုကတော့ MM Aio Font Changer ကို အသုံးပြုရင်လည်း lenovo 4.2.2. ဖုန်းတွေမှာ မြန်မာစာ ရပါတယ်..။ အင်တာနက်သုံးတဲ့ Browser တွေနဲ့ Facebook တို့မှာ မြန်မာစာ ပေါ်ပေမယ့် အားနည်းချက်တခုကတော့ ဖုန်း Contact မှာ မြန်မာစာ ရိုက်လို့ မထွက်ပါဘူး..။ ကျနော် MM Aio Font Changer ကို အောက်ကပုံလေးအတိုင်း Install ထည့်ပြီး ဖွင့်ပါတယ်..။



ဖွင့်လိုက်တာနဲ့ Root Access တောင်းရင် အောက်ကပုံလေးအတိုင်း အနီးဝိုင်းပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..။


ပြီးရင်တော့ မိမိတို့ဖုန်းရဲ့ ဗါးရှင်းနဲ့ တူတာကို အောက်က အဝါရောင် အဝိုင်းတွေထဲမှာ ရှာယူပါ..။ 4.2.2 ဖြစ်တဲ့အတွက် အောက်ပုံလေးတွေ အတိုင်း Smart ဇော်ဂျီမှာ အမှန်ခြစ်ပေးပြီး XML Method ကို နှိပ်ပေးလိုက်ပါ..။ အောက်ဆုံးပုံလေးတွေအတိုင်း အလုပ်လုပ်တာကို ခဏစောင့်နေပေးပြီးရင် ဖုန်း Restart ကျပါတယ်..။ ပြန်ပွင့်လာရင်တော့ မြန်မာစာ ရပါပြီ..။




မြန်မာစာ ရိုက်တဲ့အခါမှာတော့ ပုံမှန်ဖေါင့်ဆိုဒ်နဲ့ အဆင်မပြေတဲ့အတွက် ကီးဘုတ်ကို ဖွင့်ထားပြီး Setting ကနေ ဖေါင့်ဆိုဒ်ကို သွားတိုးပေး ကြီးပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်းပါ..။



80 လောက်ရှိတာကို 130 လောက် ထားပေးလိုက်ရင် အောက်ဆုံးပုံအတိုင်း မြန်မာစာ ရေးလို့ ရပါပြီ..။



ဒီလောက်ဆိုရင်တော့ Lenovo 4.2.2 ဖုန်းတွေနဲ့ တခြား Android 4.2.2 တွေမှာလည်း မြန်မာစာ ရေးလို့၊ ဖတ်လို့ ရအောင် လုပ်တတ်သွားပါပြီ..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေပါစေဗျာ..။


19 comments:

  1. ကျေးဇူးအရမ်းတင်ပါတယ် အကိုလွင် မတွေ့ရတာလည်းကြာပါပြီး နေရောကောင်းရဲ့လား အလုပ်အကိုင် နဲ့ အစစအရာရာ ရောအဆင်ပြေရဲ့လားအကို အားလုံး၊အားလုံး အဆင်ပြေပါစေလို့ ကျနော်အမြဲဆုတောင်းပေးပါတယ် အကိုလွင်

    ReplyDelete
    Replies
    1. လွင်မင်းဗိုလ်(နည်းပညာ): Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း >>>>> Download Now

      >>>>> Download Full

      လွင်မင်းဗိုလ်(နည်းပညာ): Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း >>>>> Download LINK

      >>>>> Download Now

      လွင်မင်းဗိုလ်(နည်းပညာ): Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း >>>>> Download Full

      >>>>> Download LINK nD

      Delete
  2. ဆ၇ာလွင်ခင်ဗျာ ကျွန်တော် Image Resize Guide 1.5.2 Final လေးလိုချင်လို့ ပါ ဒေါင်းလို့ ၇ပြီး patch ဖိုင်၇ှာလို့ မတွေ့ ဘူးဗျာ ကျွန်တော်ကွန်ပျူတာလဲကောင်းကောင်းမသုံးတက်လို့ ပါ ကျေးဇူးပြုပြီး အသေးစိတ်ပြောပေးပါလားဆ၇ာ ကျွန်တော်လည်း ဆ၇ာ့ကိုပဲအားကိုးနေ၇တာပါ ဒေါင်းတဲ့အခါမှာလဲ ကိုယ်လိုချင်တဲ့ folder ထဲမှာဆွဲထည့်လို့ ၇လား ဆ၇ာ ကျေးဇူးတင်ပါတယ် ဆ၇ာလည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင်ပြည့်စုံနိုင်ပါစေ

    ReplyDelete
  3. Install လည်း လုပ်လို့ မ၇ဘူးဆ၇ာ

    ReplyDelete
  4. ကိုလွင်မင်းဗိုလ် အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ
    သူငယ်ချင်းတွေက ဖုံးဝယ်လာပြီဆိုရင်
    အမြဲ လိုလို ပူဆာပြီး မြန်မာဖောက် ထည့် ပေးပါဦး
    လုပ်ပေးပါဦး ရောက်ရောက်လာကြတယ်
    အဲဒါနဲ့  ကိုလွင်မင်း ဆီမှာရောက်လာပြီး
    အောင်မြင်စွာ မြန်မာဖောင့် ထည့် နိုင်ခဲ့ ပါပြီ
    ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ

    ပြီးတော့ လဲ ကျ နော့  ဘလော့ မှာလဲ ကူးယူသွားပါတယ်

    ReplyDelete
  5. မင်္ဂလာပါ ကိုလွင်မင်းဗိုလ် ကျွန်တော်ကတော့ lenovo s660 4.2.2 သုံးသူတစ်ယောက်ပါ Baidu root နဲ့ root ဖောက်တာ အစိမ်းရောင်နဲ့ အမှတ်သားလေးကိုပြပါတယ် သို့သော် ဇ ပုံ smart zawgyi နဲ့ချိတ်တာ ဖုန်းမှာ root မရှိကြောင်းပြနေတယ် အဲဒါဘာဖြစ်လဲ သိရင် ကျေးဇူပြုပြီး တစ်ချက်လောက် ကူညီပေးပါ

    ReplyDelete
  6. ​ကျေးဇူးပါပဲ

    ReplyDelete
  7. Desktop Computer မှာ Canon 2900 Printer ကို User Account နဲ့ မပိတ်ဘဲ Password နဲ့ပိတ်လို့ရတဲ့နည်းလေး သိချင်လို့ပါ။ aungthuwinster@gmail.com

    ReplyDelete
  8. အစ်ကိုရေ ကျနော်ဖုန်း lenovo A316i,version 4.2.2
    မှာ root ဖောက်တာတော့ အစိမ်းရောင်ပြပါတယ်
    root checker မှာတော့'' this device does not have proper root access ''
    လို့ ပြနေတယ်ဗျ root မရတော့ မြန်မာစာလဲ ထည့်လို့ မရဘူးဖြစ်နေတယ်ဗျ
    ကူညီပါဦး အစ်ကိုရေ....Please..

    ReplyDelete
  9. ACER ဖုန်း နဲ့ ကွန်ပြူတာတွေမှာ ROOT ဖောင့်ဖို့အတွက်ဆော့ဝဲတွေကိုဘယ်လိုဒေါင်ယူပါသလဲဆ၇ာ 4.2.2. ပါ ဖုန်းက

    ReplyDelete
  10. ကျနော် Lenovo ကို myanmar Language ထဲ့ချင်တယ် ကူညီပေးပါ

    ReplyDelete
  11. ကျနော် Lenovo ကို myanmar Language ထဲ့ချင်တယ် ကူညီပေးပါ

    ReplyDelete
  12. အစ်ကို i mobile 4.2.2 ဖုန်းတွေကို root ဘယ်လိုဖောက်လဲ သိချင်လို့ပါ ခင်ဗျာ

    ReplyDelete
  13. samsung 7270-4-2-2-rootဖောက်ရမလား?

    ReplyDelete
  14. လွင်မင်းဗိုလ်(နည်းပညာ): Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း >>>>> Download Now

    >>>>> Download Full

    လွင်မင်းဗိုလ်(နည်းပညာ): Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း >>>>> Download LINK

    >>>>> Download Now

    လွင်မင်းဗိုလ်(နည်းပညာ): Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Related Posts Plugin for WordPress, Blogger...