Viber မှာ မြန်မာစာပေါ်အောင် လုပ်နည်းနှင့် ဆော့ဝဲလ်များ Update မတက်အောင် ပိတ်နည်း (Android Phone and Tablet Only)

12 Nov 14, 11:56 AM
flyman.fm814@gmail.com: VIBERမှာမြန်မာစာဘယ်လိုထည့်ရမလဲဆိုတာရျင်းပြပေးပါဆရာ
Viber Update အသစ်ထွက်ပြီးကတည်းက Android ဖုန်းတွေမှာ အလိုလို Update တက်သွားတာတွေရှိသလို.. Facebook လို နေရာတွေကနေ Viber မှာ Video Call ရလာပြီ ဆိုတဲ့ ကြော်ငြာကောင်းလို့ ဒေါင်းယူ အသုံးပြုတဲ့လူတွေလည်း မနည်းမနောရှိခဲ့ပါတယ်..။ နောက်ဆုံးတော့ Samsung လို မူရင်း မြန်မာစာပါတဲ့ ဖုန်းတွေကလွဲလို့.. Root ဖေါက်ပြီး မြန်မာစာ ထည့်ထားတဲ့ ဖုန်းတွေမှန်သမျှ အားလုံး Viber မှာ မြန်မာစာ မပေါ်တော့ပါဘူး..။ အာ့မှာစတွေ့တာပါ..။ Viber Update ထွက်ပြီးကတည်းက မြန်မာစာ မပေါ်တော့တဲ့ ပြဿနာ အတော်လေး ဖြေရှင်းပေးခဲ့ပြီးပါပြီ..။ အခုတော့ Cbox မှာ မေးလာတဲ့လူနဲ့ တိုက်ဆိုင်လာလို့ ပိုစ့်တခုအဖြစ် တင်ပေးလိုက်ပါတယ်..။ 
အခုတလော ကိစ္စအတော်များများနဲ့ အလုပ်ရှုပ်နေလို့ ပိုစ့်တွေလည်း မတင်ဖြစ်၊ Blog ဘက်လည်း လှည့်မကြည့်အားပါဘူး..။ ကျနော်စာမရေးတာ ကြာသွားလို့ပဲလားတော့ မသိ.. ဟိုတလောက ကျနော့် Blog ရဲ့ Cbox မှာ လာဆဲတဲ့လူနဲ့တောင် ကြုံခဲ့ရပါတယ်..။ ကျနော်လည်း စာတွေပုံမှန်မရေးနိုင်တော့ လာဆဲတဲ့လူကိုလည်း စိတ်မဆိုးအားပါဘူး..။ ရှိပါစေတော့..။ 
အခုဒီပိုစ့်က Viber မှာ မြန်မာစာ ပေါ်အောင် လုပ်နည်းကတော့ Android စမတ်ဖုန်းတွေနဲ့ Android Tablet တွေအတွက် အသုံးပြုဖို့ပဲ ဖြစ်ပါတယ်..။ အရင်ဆုံး မိမိတို့ရဲ့ ဖုန်းထဲမှာရှိတဲ့ Play Store ကိုဖွင့်ပြီး အောက်ကပုံလေးတွေအတိုင်း ဆော့ဝဲလ် Apps Update တွေကို အလိုလို Update မလုပ်အောင် အရင်သွားပိတ်ပေးထားလိုက်ပါ..။ ပြီးမှ ဒီပိုစ့်မှာ တင်ပေးလိုက်တဲ့ Viber ဗါးရှင်းအဟောင်းလေးကို ဒေါင်းယူပြီး SD card or Bluetooth ကနေ ပြောင်းထည့်ပြီး.. ဖုန်းထဲမှာ Install ထပ်ထည့်ပေးလိုက်ရင် မြန်မာစာ အရင်အတိုင်း ပြန်ပေါ်လာပါလိမ့်မယ်..။ ဒါလေးကတော့ ကျနော် လက်ရှိသုံးနေတဲ့ Viber ဗါးရှင်းအဟောင်းလေးပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 16.6 MB ရှိပါတယ်..။

(OR)

 အပေါ်ကတင်ပေးလိုက်တဲ့ Viber apk လေးကို ဖုန်းထဲမှာ Install မထည့်ခင်.. အရင်ဆုံး Play Store ထဲမှာ အောက်ကပုံလေးတွေအတိုင်း အဆင့်ဆင့်သွားပြီး Apps Update တွေကို ပိတ်ပေးထားလိုက်ပါ..။ ဒါဆိုရင် ဘာဆော့ဝဲလ်မှ Update ထပ်မတက်တော့ပါဘူး..။ ပြီးမှ အပေါ်က Viber Old Version လေးကို ဖုန်းထဲမှာ Install ထည့်သုံးပါ..။


Play Store ရဲ့ Home ကိုသွားပြီး Setting ကို ရှာဝင်ပါ..။ Play Store မှာ အရင်ဗါးရှင်းနဲ့ နောက်ပိုင်းထွက်တွေ မတူတော့တဲ့အတွက် ၂-မျိုးခွဲပြီး ပြပေးထားပါတယ်..။ အောက်ပိုင်းမှာက အရင်ဗါးရှင်းအဟောင်းနဲ့ လုပ်နည်းပါ..။



Setting ကို ရောက်ရင် အောက်ကပုံလေးအတိုင်း ပေါ်နေတတ်ပါတယ်..။ မျှားပြထားတဲ့ နေရာကို တချက်တောက်လိုက်ပါ..။


အဲဒီမှာတော့ အောက်ပုံလေးအတိုင်း Do not auto-update apps ကို ပြောင်းထားလိုက်ပါ..။ ဒါဆိုရင် အဆင်ပြေပါပြီ..။



အပေါ်က မျှားအပြာနဲ့ ပြထားတဲ့ ပုံလေးအတိုင်း ပြောင်းသွားရင် ရပါပြီ..။ တကယ်လို့ အသိပေး အကြောင်းကြားတဲ့ စာသားတွေ ခဏခဏပေါ်တာ မလိုဘူးဆိုရင်တော့ Notifications နေရာမှာ အမှန်ခြစ် ဖြုတ်ထားပေးလိုက်ပါ..။ ဒါဆို အားလုံးအဆင်ပြေပြီ..။
အောက်ကပုံလေးတွေကတော့ Play Store ဗါးရှင်းအဟောင်းလေးနဲ့ ထပ်ပြပေးလိုက်တာပါ..။ ဘယ်ဗါးရှင်းနဲ့ပဲ ဖြစ်ဖြစ် လုပ်နည်းက Setting ထဲမှာ သွားလုပ်ရမယ့်နည်း အတူတူပါပဲ..။



အောက်ဆုံးပုံလေးကတော့ အခုတင်ပေးလိုက်တဲ့ Viber Old Version လေးနဲ့ ကျနော်အသုံးပြုလို့ အဆင်ပြေနေတာပဲ ဖြစ်ပါတယ်..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

 မှတ်ချက်။ ။တချို့ Android ဗါးရှင်း အဟောင်းတွေ (Android 2.3.7 လို) မှာ Setting >> About Phone >> Softwares Update မှာ Off လုပ်ပြီး ပိတ်လို့ ရသလို..
တချို့ Android ဗါးရှင်းတွေမှာ ဆိုရင်တော့ Setting >> Security >> Software Update မှာ Off လုပ်ထားလို့ ရပါတယ်..။ ဒါပေမယ့် နောက်ပိုင်း ဖုန်းတွေမှာတော့ Software Update ကို Off လုပ်ပိတ်တဲ့နေရာ မပါတော့ပါဘူး..။ ဒါကြောင့် ဖုန်းရဲ့ Setting မှာ Off လုပ်လို့ မရတဲ့ ဖုန်းတွေမှာ ဒီပိုစ့်ကနည်းအတိုင်း Play Store မှာသာ သွားပြီး Off လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်..။

4 comments:

  1. OPPO R831K ရဲ့ FIRMWARE လေး မမစပါလားခင်ဗျ

    ReplyDelete
  2. OPPO R831K ရဲ့ FIRMWARE လေး မမစပါလားခင်ဗျ

    ReplyDelete
  3. စစအရာရာအဆင်ပြေသွားပါပြီကျေဇူးအထူးသင်ပါသည်

    ReplyDelete
  4. ဆရာ အကိုရေ ကူညီပေးပါ ၀က်ဆိုက်တွေဝင်ကြည့်တဲ့အခါကြေငြာ စာမျက်နှာတွေဝင်မလာဖို့ဘယ်လိုလုပ်ရမလဲခင်ဗျ။

    ReplyDelete

Related Posts Plugin for WordPress, Blogger...