Photoshop ဖြင့် ဓါတ်ပုံများကို ခဲခြစ်ပန်းချီပုံများ ဖြစ်အောင် ဖန်တီးခြင်း

 ဒီ Photoshop လေ့ကျင့်ခန်းလေးကတော့ မိမိတို့ရဲ့ ပုံလေးတွေကို ခဲခြစ်ပန်းချီပုံလေးတွေ ဖြစ်အောင် ဖန်တီးယူတဲ့ နည်းလေးပဲ ဖြစ်ပါတယ်..။ ခဲခြစ်ပန်းချီးပုံတွေဖြစ်အောင် အဆင်သင့်အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်တွေ အများအပြားရှိပေမယ့် ဒီနည်းလေးကတော့ Photoshop ကို အသုံးပြုတတ်အောင် လေ့လာနေတဲ့ သူများအတွက် အဆင်ပြေအောင်၊ အတတ်မြန်အောင်  လေ့ကျင့်ခန်းလေး တခုအဖြစ် တင်ပေးလိုက်ခြင်းပါ..။ Photoshop ပညာကို တတ်လိုတဲ့ သူများကတော့ ဒီလိုလေ့ကျင့်ခန်းလေးတွေနဲ့ လေ့လာရင် အတတ်မြန်မှာ ဖြစ်ပါတယ်..။ ကျနော် တင်ပေးခဲ့ပြီးတဲ့ အရင်လေ့ကျင့်ခန်းလေးတွေကနေ အခုလေ့ကျင့်ခန်းအထိ ပိုစ့်တခုစီကို အလွတ်ရအောင် လေ့ကျင့်ထားပြီးဆိုရင်တော့ Photoshop ကို အသုံးပြုတတ်သွားပြီလို့ ပြောလို့ ရပါပြီ..။ 
ဒီပိုစ့်မှာ ဒီလို ခဲခြစ်ပန်းချီလေးတွေဖြစ်အောင် ဖန်တီးတဲ့လုပ်နည်းက သိပ်မများပေမယ့် အနည်းငယ်တော့ ရှုပ်ပါလိမ့်မယ်..။ ဒါကြောင့် တဆင့်စီ အသုံးပြုရလွယ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားလို့ ဒီပိုစ့်မှာ ပုံတွေတော့ နည်းနည်းများပါတယ်..။ သေချာလေ့လာလိုက်ရင် လုပ်တတ်သွားမှာပါ..။ ဒီပိုစ့်ကိုလည်း မနေ့က ပိုစ့်လိုပဲ Photoshop CS6 နဲ့ ပြပေးထားလို့ Photoshop CS6 လိုအပ်တဲ့သူများအတွက် ဒေါင်းယူလို့ အဆင်ပြေအောင် အောက်မှာ လင့်တွေပြန်ချိတ်ပေးထားပါတယ်..။ ဒီခဲခြစ်ပန်းချီဖြစ်အောင် ဖန်တီးနည်းကို လေ့လာကြည့်လိုတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Photoshop CS6 ကို အောက်က Download နေရာမှ Slow Download အဝါရောင်နေရာကို ကလစ်ပြီး ဒေါင်းယူရင် အဆင်ပြေပါတယ်..။


Portable Photoshop CS6 13.1.2 - 32-bit (93 MB)
Download 1

Portable Photoshop CS6 13.1.2 - 64-bit (105 MB)
Download 1
Download 2
မိမိတို့ ခဲခြစ်ပန်းချီအဖြစ် ဖန်တီးလိုတဲ့ ပုံတပုံကို အောက်ကပုံလေးအတိုင်း File >> Open ကနေ သွားယူထည့်လိုက်ပါ..။ ဒီပိုစ့်မှာတော့ ကျနော် အပေါ်ဆုံးက ပုံတွေထဲက တပုံကို ယူပြီး လုပ်ပြပေးထားပါတယ်..။ အောက်မှာ ဆက်ကြည့်ပေးပါ..။



ပုံလေး ရောက်လာပြီဆိုရင်တော့ Layers နေရာမှာ ပုံတူ Layer တခုကို ကီးဘုတ်မှ Ctrl+J ကို တွဲနှိပ်ပြီး ပွါးယူလိုက်ပါ..။ အောက်က ဒုတိယ ပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။



Ctrl+J နဲ့ လေယာ ပွါးယူပြီးရင်တော့ Layer 1 လို့ မြင်ရမှာ ဖြစ်ပြီး.. နောက်တဆင့် အနေနဲ့ အောက်ကပုံလေးအတိုင်း Hue/Saturation.. ကို ကလစ်ပြီး ဖွင့်လိုက်ပါ..။


Hue/Saturation.. ဘောက်စ်ပေါ်လာရင်တော့ အောက်ကပုံလေးအတိုင်း  Saturation နေရာမှာ -100 ထိဖြစ်အောင် ဂိတ်ဆုံးဆွဲသွားလိုက်ပါ..။


နောက်တဆင့်မှာတော့ Layer 1 ကို တချက်ပြန်ကလစ်ပြီး အောက်ကပုံအတိုင်း Normal နေရာမှာ Color Dodge ကို ကလစ်ပြီး ပြောင်းပေးပါ..။


Normal နေရာမှာ Color Dodge ကို ပြောင်းပြီးရင်တော့ အောက်ကပုံအတိုင်း မြင်ရပါပြီ..။ အောက်က အဆင့်ကို ဆက်လုပ်ပေးပါ..။ Layer 1 ပေါ်မှာပဲ ကီးဘုတ်မှ Ctrl+I ကိုတချက် တွဲနှိပ်လိုက်ပါ..။



ကီးဘုတ်မှ Ctrl+I ကို နှိပ်လိုက်ရင်တော့ အပေါ်ပုံအတိုင်း Layer 1 မှာ ရှိနေပေမယ့် ပုံနေရာမှာ ပျောက်သွားမှာ ဖြစ်ပါတယ်..။ အောက်ကပုံအတိုင်း Filter >> Blur >> Gaussian Blur.. ကို သွားယူလိုက်ပါ..။


ဒီအဆင့်မှာ အောက်ကမျှား၂-ဖက်နဲ့ ပြထားတဲ့ နေရာမှာ မိမိတို့ စိတ်ကြိုက် ချိန်ယူရမှာ ဖြစ်ပါတယ်..။ ကျနော်ပြထားတဲ့ ပုံနဲ့ တူဖို့ မလိုပါ..။ ခဲရောင် ရေးရေးလေးပဲ ထင်လိုရင်တော့ နံပါတ်မှာ အနည်းငယ်ပဲ ရွှေ့ထားပါ..။ ခဲရောင် ထင်ထင်လေး ပေါ်လိုရင်တော့ ဂဏန်းမှာ များများရွှေ့ယူလိုက်ပါ..။ ကျနော်ကတော့ ဒီအဆင့်မှာ ဒီလောက်နဲ့ ချိန်ယူပြီး ပြပေးထားပါတယ်..။ မပြီးသေးပါ..။ နောက်ထပ် အဆင့်တွေ ကျန်ပါသေးသည်..။ စိတ်ကြိုက်ဖြစ်ရင် OK ပေးလိုက်ပါ..။


တကယ်လို့ အပေါ်က ပုံလေးနဲ့တင် ကျေနပ်ပြီ၊ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အောက်က ထပ်ကွန့်မယ့် အဆင့်တွေကို လုပ်ပေးဖို့ မလိုတော့ပါ..။ ကျနော်ကတော့ ပြီးတဲ့အထိ ပြပေးထားပါတယ်..။ 
နောက်တဆင့်မှာ အောက်ကပုံလေးအတိုင်း Levels... ကို တချက်ကလစ်ပါ..။ အဲ့ထဲမှာ အမဲရောင် ၊ အနက်ရောင်နေရာတွေကို ပိုပြီး နက်မှောင်လာအောင် လုပ်ပေးနိုင်ပါတယ်..။ ဆက်ကြည့်လိုက်ပါ..။


အောက်ကပုံအတိုင်း လေယာဘောက်စ်ထဲမှ Levels 1 ဆိုတဲ့ လေယာ အသစ်လေးကို မောက်စ်မျှားနဲ့ ဖိဆွဲပြီး အပေါ်ဆုံးကို တင်လိုက်ပါ..။ ပြီးရင်တော့ အောက်က၂-ပုံမှာ ယှဉ်ပြထားတဲ့အတိုင်း ခဲရောင်နေရာတွေကို ပိုနက်လာအောင် မျှားပြထားတဲ့အတိုင်း ဆွဲသွားလိုက်ပါ..။ ကြည့်လို့ အဆင်ပြေတဲ့ နေရာရောက်ရင် ရပ်လိုက်လို့ ရပါပြီ..။



အပေါ်ပုံမှာ အစိမ်းမျှားနဲ့ ပြထားတဲ့ နေရာတွေမှာ အနက်ရောင်တွေ များနေတဲ့အတွက် အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ Brush (B) တူးလေးနဲ့ လိုက်ဖျက်ပေးရမှာ ဖြစ်ပါတယ်..။ အပေါ်အဆင့်မှာ အနက်ရောင် ပိုများလာစေချင်တဲ့ နေရာတွေကတော့ မျက်လုံး၊ မျက်ခုံးနဲ့ ဆံပင်နေရာတွေပဲ ဖြစ်ပါတယ်..။ ဒါမှ ခဲခြစ်ပန်းချီနဲ့ ပိုတူမှာ ဖြစ်ပါတယ်..။ ဒါကြောင့် တခြား အနက်ရောင် ပိုလာတဲ့ အဝတ်နေရာတွေကို Brush (B) တူးလေးနဲ့ လိုက်ဖျက်ပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်းပါ..။


Brush ဆိုဒ်ကို လိုသလို အကြီးအသေး ချိန်ယူရမှာ ဖြစ်ပြီး Opacity မှာတော့ 30% လောက်ထားပေးပြီး ဖျက်ရင် အဆင်ပြေတယ်..။ 



အပေါ်ပုံ မျှားပြထားတဲ့ နေရာမှာတော့ Back Ground နဲ့ Fore Ground ကို လိုသလို အရှေ့ အနောက် ပြောင်းထားပြီး Brush ကို အသုံးပြုရမှာ ဖြစ်ပါတယ်..။ Back Ground နဲ့ Fore Ground အမြန်ပြောင်းတဲ့ ရှော့ကပ်ကီးကတော့ (X) ပဲဖြစ်ပါတယ်..။ ဒီအဆင့်မှာတော့ မိမိတို့ အတွက် အဆင်ပြေသလို လေ့လာ စမ်းသပ်ကြည့်ပါ..။ မှားတတ်တဲ့အဆင့် ဖြစ်တဲ့အတွက် မှားဖျက်မိတဲ့ နေရာတွေကိုတော့ ကီးဘုတ်က Ctrl+Alt+Z ကီးတွေကို တွဲနှိပ်ပြီး တချက်စီ၊ တဆင့်စီ နောက်ပြန်ဆုတ်လို့ ရပါတယ်..။


 Levels 1 ဆိုတဲ့ လေယာမှာပဲ အဝတ်နေရာမှ အနက်ရောင်တွေကို ဖျက်လို့ ရမှာ ဖြစ်ပြီး အပေါ်ပုံနဲ့ အောက်ကပုံတွေကတော့ ဘေးက ရှုခင်းနေရာတွေကို ဖျက်ပြထားတာပါ..။



Levels 1 လေယာမှာ အပေါ်ပုံအတိုင်း တချက်ကလစ်ပြီး ကီးဘုတ်မှ Ctrl+Shift+Alt+E နဲ့ ကီးတွေတွဲနှိပ်ပြီး ပြင်ဆင်ထားပြီးတဲ့ လောယာတွေ အားလုံးကို ပေါင်းထားတဲ့ လေယာ အသစ်တခု copy ယူလိုက်ပါတယ်..။ တကယ်တော့ နောက်ခံနဲ့ ဘေးက ရှုခင်းတွေကို ဒီလေယာအသစ်ပေါ်မှာ ဖျက်ပစ်တာက ပိုအဆင်ပြေပါတယ်..။ ဒီအဆင့်တွေမှာတော့ မိမိတို့ အဆင်ပြေသလို လေ့လာကြည့်ပေးပါ..။



အပေါ်ပုံအတိုင်း Layer2 ပေါ်မှာ မလိုတဲ့ အရိပ်တွေ ၊ အစင်းကြောင်းတွေ လိုက်ဖျက်ပြီးရင်တော့ အောက်ပုံအတိုင်း ကီးဘုတ်မှ Ctrl+Shift+E နဲ့ လေယာအားလုံးကို ပေါင်းလိုက်လို့ ရသွားပါပြီ..။


ပြီးရင်တော့ File >> Save as ကနေ ဓါတ်ပုံဖေါ်မတ်ဖြစ်တဲ့ JPEG နဲ့ သိမ်းယူလိုက်လို့ ရသွားပါပြီ..။ 



 ဒါဆိုရင်တော့ ဓါတ်ပုံတွေကို ခဲခြစ်ပန်းချီလေးတွေအဖြစ် ဖန်တီးယူတဲ့ နည်းလေးကို လုပ်တတ်သွားပါပြီ..။ အားလုံးပဲ Photoshop ကို အသုံးပြုတတ်၍ ပျော်ရွှင်နိုင်ကြပါစေ..။

2 comments:

Related Posts Plugin for WordPress, Blogger...