Windows7 တင်နည်းလေ့ကျင့်ခန်းနှင့် Format ချနည်း Partition ပိုင်းနည်း
ဒီတခါတော့ ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့် အောက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက် မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့ ကောင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ ဒါကိုတော့ နားလည်ပေးကြပါဗျာ..။
ဝင်းဒိုးမတင်ခင် အရင်ဆုံး မိမိတို့ စက်ထဲက Drivers Software တွေကို Backup လုပ်ထားလိုက်ပါ..။ အရင်ပိုစ့်မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ Drivers Backup လုပ်ထားနိုင်ပါတယ်..။ ဝင်းဒိုးအသစ်တင်ရင် Deivers အများစု ပျောက်သွားမှာ မို့လို့ပါ..။ ဝင်းဒိုးတင်ပြီးမှ Drivers တွေ Restore ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးတင်နည်းကို လေ့ကျင့်ခန်းလေးတခုအနေနဲ့ လေ့လာထားပြီ.. နောက်တင်တဲ့ပို့စ်မှာ Windows7 ခွေမရှိသေးတဲ့သူများအတွက် လေ့ကျင့်နိုင်အောင်လို့ Windows8 Cosumer Preview ခွေကို သူ့ရဲ့ Downloader နဲ့ ဒေါင်းယူပြီး ဝင်းဒိုးတင်တတ်အောင် ရေးပေးသွားပါ့မယ်..။ အခုတော့ ဒါလေးကို စလိုက်ကြရအောင်ဗျာ..
စက်ကိုဖွင့် ဝင်းဒိုးခွေထည့်.. Restart ချပေးပြီ.. Boot Menu ကိုဝင်တဲ့ ကီး F2, F12, F8, Del or ESC စသဖြင့် မိမိတို့ စက်ရဲ့ ပေါ်လာတဲ့ စာလုံးကို ကြည့်ပြီး ဆက်တိုက် နှိပ်ထားပေးပါ..။ အောက်ပုံမှာ ပြထားတဲ့ စာသားမျိုး ပေါ်လာတဲ့ အချိန်ကိုပြောတာပါ..။ ၄င်းကီးများကို မိအောင် လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်သွားလိုက်ပါ...
Boot Menu ကိုရောင်ရင် အောက်ကပုံမျိုးကို မြင်ရတဲ့အခါ 1st Boot Device နေရာမှာ CD/DVD ရောက်အောင် ကီးဘုတ်က အပေါ်အောက်မျှားနဲ့ ချိန်းပေးလိုက်ပါ... ပြီးရင် Enter တချက် ခေါက်ပေးလိုက်ပါ..။
တကယ်လို့ Boot Menu မှာ အောက်ကပုံအတိုင်း ပေါ်ခဲ့ရင်တော့ မီနူးဘားတန်းက Boot ကိုရောက်အောင် ကီးဘုတ်မှ ဘယ်ညာမျှားနဲ့ ရွှေ့သွားလိုက်ပါ..။ ပြီးရင် အပေါ်အောက်မျှားနဲ့ CD/DVD စာသားကို အပေါ်ဆုံးရောက်အောင် ပြောင်းပေးပြီး အောက်ပုံညာအကွက်မှာ ရေးထားတဲ့အတိုင်း F10 ကိုနှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲမှာ Yes ကိုရွေး Enter ခေါက်လိုက်ပါ....။
Enter ခေါက်ပြီးရင်တော့ စက်က Restart ကျသွားပြီး ပြန်တက်လာတဲ့အခါမှာ အောက်ကပုံမျိုးကို မြင်ရပါလိမ့်မယ်...။ ဒါဆိုရင်တော့ ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ..။ ဒါဆို CD/DVD ထဲကနေ Boot တက်လာပါလိမ့်မယ်..။ နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..
အောက်ကပုံမျိုးပေါ်လာရင် Install Now ကိုနှိပ်ပေးလိုက်ပါ..
အောက်ပုံမျိုးပေါ်လာရင် Next ကိုနှိပ်သွားလိုက်ပါ..
ဒီအောက်ကပုံမျိုးပေါ်လာရင်တော့ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေခွဲ ရမယ့်နေရာပါ..။ ဒီနေရာမှာ New ကိုအရင်နှိပ်မှ Format တို့ Delete တို့ ပေါ်မှာပါ..။ အဲတော့ Delete ကိုနှိပ်ရင် ပါတေးရှင်း အပိုင်းတွေ အားလုံးကိုပြန်ပေါင်းမှာဖြစ်ပြီး... Format ကိုနှိပ်ရင်တော့ ပါတေးရှင်းတွေထဲမှာရှိတဲ့ Data တွေ အားလုံးကို ရှင်းပစ်လိုက်မှာ ဖြစ်ပါတယ်..။ ပါတေးရှင်းတွေကတော့ ဒီတိုင်းပဲရှိနေမှာပါ..
အောက်ပုံကတော့ Hard Disk မှာ Partition ပြန်ခွဲပြတဲ့ပုံပါ..။ ပေါ်လာတဲ့ အကွက်လေးထဲမှာ မိမိတို့ ခွဲထုတ်ချင်တဲ့ GB ပမာဏကို ရိုက်ထည့်ပါ..။ ပြီးရင် Apply ကို နှိပ်လိုက်ပါ..။ ဒါဆိုရင် ပါတေးရှင်း အပိုင်းတခု ထွက်လာပါပြီ.. ပြီးရင် Next ကိုနှိပ်...
အောက်ကပုံကတော့ ပါတေးရှင်း ပိုင်းထားပြီးသားပုံမှာ မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို အရင်ကတည်းက 50 GB / 60 GB စသဖြင့် မှတ်ထားသင့်ပါတယ်..။ ဒီနေရာကိုရောက်ရင်တော့ မိမိတို့ မှတ်ထားခဲ့တဲ့အပိုင်းကို ကလစ်ပြီး Format ကိုနှိပ်ပါ..။ Next ကိုဆက်နှိပ်သွားလိုက်ပါ..
ဒီအောက်ကပုံအတိုင်းမြင်ရရင်တော့ နှစ်ခုထဲက အောက်ကတစ်ခုကို ကလစ်လိုက်ပါ...
အပေါ်ပုံမှာတော့ အမှန်ခြစ်ထည့်ပြီ.. Next ကိုထပ်နှိပ်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာရင် စောင့်နေလိုက်ပါ..။ ဝင်းဒိုးခွေထဲက ဖိုင်တွေကို copy ကူးတင်နေတာ ဖြစ်ပါတယ်..။ 10 မိနစ်လောက်တော့ ကြာပါလိမ့်မယ်...
အပေါ်ပုံအတိုင်း အမှန်ခြစ် များပြည့်သွားရင် သူ့အလိုလို Restart ကျပါလိမ့်မယ်..။ အဲဒီအချိန်မှာ DVD Drive ထဲမှာရှိတဲ့ ဝင်းဒိုးခွေကို ပြန်ထုတ်ထားလိုက်ပါ..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ဆုံးမှာကျန်တဲ့ အမှန်ခြစ်တခု ပေါ်လာပါလိမ့်မယ်...။ ပြီးရင်အောက်ကပုံအတိုင်းပေါ်လာရင် အမှန်ခြစ်ဖြုတ်ပေးပြီး Next နှိပ်ပါ...။
နောက်တဆင့်မှာတော့ အပေါ်ကပုံအတိုင်းပေါ်လာရင် Ask me later ကိုကလစ်ပေးလိုက်ပါ..။ ပြီးရင် အချိန်နာရီကို ရွေးပေးပါ..။ Next ပေါ်တိုင်းနှိပ်သွားလိုက်ပါ..။ System32 Registry ဘောက်စ်ပေါ်လာရင် သူ့အတိုင်း လွှတ်ထားလိုက်ပါ..။ ဝင်းဒိုးရဲ့ Product Key ကို သူ့ဖာသာ ရှာပြီး ဖြည့်ပေးသွားပါလိမ့်မယ်..။ ပြီးရင် Restart ကျပါလိမ့်မယ်..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ကပုံလေးတွေအတိုင်း ပေါ်လာပါလိမ့်မယ်....
အပေါ်ကပုံအတိုင်းပေါ်လာရင်တော့ ဝင်းဒိုးတင်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်တာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...
37 comments:
  1. ကျေးဇုးပါအကိုရေခုလို
    ပုံလေးနဲ့ရှင်းပြပေးတာ
    ReplyDelete
  2. အကိုရေ ကျနော်စက်မှာ windows ပြန်တင်လိုက်တာ websiteကမြန်မာvideoတွေကြည်.မရတော.လို.
    ကုညီပါဦးဗျာ။
    အားကိုးပါတယ်
    ReplyDelete
    Replies
    1. Adobe Flash Player နောက်ဆုံးထွက် Update ကို Install ဆွဲထည့်လိုက်ရင် ကောင်းသွားပါလိမ့်မယ်..။ ဒီလင့်ကနေ ယူလိုက်ပါဗျာ.. http://www.mediafire.com/?bcmeawr2h6991
      Delete
    2. အကိုရေထည်.ထားတယ်ဗျမရတာကြည်.လိုကို ကုညီပါနောက်ထပ်နည်းလေးများရှိရင်
      အားကိုပါတယ်...
      Delete
    3. ဒါဆိုရင် Browser ပြောင်းသုံးကြည့်ပါ..။ သဘောက Mozilla နဲ့ သုံးနေလို့ မရရင် Google Chrome တို့ Comodo Dragon တို့လို Browser တွေပြောင်းသုံးကြည့်ရင် အဆင်ပြေနိုင်မယ် ထင်ပါတယ်..။ ကျနော်မကြုံဖူးတဲ့ Error မျိုးတွေကျတော့ အတိအကျပြောပြဖို့ ခက်ပါတယ်..။ စမ်းသုံးကြည့်ရင်း အဆင်ပြေပါစေဗျာ..
      Delete
  3. ကျေးဇုးပါအကိုရေ
    ရသွားပြီ နောက်လဲ အကုညီလိုရင် တောင်းမယ်နော်
    ခုလိုကုညီပေးပါအရမ်းကိုဝမ်းသာတယ်အကိုရေ ကျေးဇုးလဲအရမ်းတင်တယ်ဗျာ...
    ReplyDelete
  4. အကိုရေစက်က windows ကျသွားတယ်ဗျာ ဘယ်လိုပြန်လုပ်ရမလဲကူုညီပါဦးဗျာ windows7 build 7600 this copy of windows is not genuine ပြနေတယ်ဗျ စခက်ရင်မှာ ကုညီပါဗျာ အားကိုးပါတယ်...
    ReplyDelete
    Replies
    1. Windows7 build 7600 this copy of windows is not genuine ဆိုတာ ဝင်းဒိုးကျတာမဟုတ်ပါဘူး.. copy ဝင်းဒိုးတွေမှာ ဒီလိုအယ်ရာတွေ ဖြစ်တတ်ပါတယ်.. အဲ့ဒီအယ်ရာကို ဒီလင့်၂ခုမှာ တင်ပေးထားတဲ့ Loader လေးတွေနဲ့ အဆင်ပြေပါတယ်.. တခုချင်းစီ အရင်သုံးပါ.. တစ်ခု အဆင်မပြေမှ နောက်တခု ပြောင်းသုံးပါ.. Antivirus တွေကို အရင်ပိတ်ထားဖို့ မမေ့ပါနဲ့.. အဲ့ဒီပိုစ့်တွေမှာ ရေးပေးထားတဲ့ စာနဲ့ပုံကို သေချာကြည့်ပြီး လိုက်လုပ်ပေးပါ.. အဆင်ပြေသွားပါလိမ့်မယ်
      http://lwinminbo.blogspot.com/2012/06/genuine.html http://lwinminbo.blogspot.com/2012/06/windows7-loaderv21bydaz.html
      Delete
    2. http://lwinminbo.blogspot.com/2012/06/genuine.html
      လင့်နောက်တခုပါ.. ဒီလင့်တွေကို စလက်ပေး.. copy ယူပြီး Browser ရဲ့ Address ဘားမှာ pase go/search နဲ့ သွားလိုက်ရင် Windows7 Loader တွေကိုဒေါင်းယူလို့ ရမယ့် ပိုစ့်ကို ရောက်သွားပါလိမ့်မယ်..
      Delete
  5. အကိုလွင်မင်းဗိုလ် ကျွန်တော်မှာ ဝင်းဒိုးနှစ်ခုဖြစ်နေတယ်ခင်ဗျာ ကျွန်တော်လည်းလုပ်မတတ်တော်ဘူး
    ကူညီပေးပါအုံးခင်ဗျာ
    ReplyDelete
    Replies
    1. ဝင်းဒိုး၂ခုရှိတာကို တစ်ခုပြန်ဖြုတ်ချင်ရင်တော့ ပိုစ့်တင်ပေးပြီးသားရှိပါတယ်.. ဒီလင့်မှာ လုပ်နည်းရှင်းပြထားပါတယ်.. http://lwinminbo.blogspot.com/2012/08/windows.html အဲ့ဒီလင့်ကို စလက်ပေး မောက်စ်မျှားတင် Right Click >> Open Link in New Tab ကိုကလစ်လိုက်ရင် အဲ့ဒီပိုစ့်ကို ရောက်သွားပါလိမ့်မယ်..
      Delete
  6. အစ်ကိုရေကျွန်တော်ဝင်းဒိုး 7 တင်ခချင်တယ်ဒါပေမဲ့တင်လို့မရဘူးဖြစ်နေတယ်အစ်ကို RM က1.5GB ပါရပါ့မလားအစ်ကိုကျွန်တော်တော့လုပ်ကြည့်တာအကြိမ်းပေါင်းမနည်းတော့ဘူးလုပ်နည်းကအစ်ကိုပြထားတဲ့အတိုင်းပါပဲပါတေးရှင်းပိုင်းတဲ့နည်းမမှန်တာလားမသိဖြစ်နေတယ်ကူညီပေးပါဦးအစ်ကိုရေ
    ReplyDelete
  7. ကျွန်တော့်ကိုအသေးစိတ်လေတချက်ျလာက်ပြေပျြပးပါနော် အရင်ကဝင်းဒိုးXP ပဲသုံးတာပါအခုပြန်ပြောင်းသုံးခြင်လို့ကူညီပါဦးအစ်ကိုရေ ကျွန်တော့် gmail က sachitoo@gmail.com ပါအခုဟိုမရောက်ဒီမရောက်ဖြစ်နေလိုပါကျေးဇူးအများကြီးတင်ပါတယ်
    ReplyDelete
    Replies
    1. ကို sa chit oo ရေ. RAM - 1 GB ဆိုရင်ကိုပဲ Windows 7 တင်လို့ ရပါတယ်.. အစ်ကိုပြောပုံအရ ဆိုရင်တော့ အစ်ကို့စက်ရဲ့ DVD ROM မကောင်းတာလည်း ဖြစ်နိုင်ပါတယ်.. USB 4GB ထဲမှာ W7 ထည့်ပြီး.. USB နဲ့ ဝင်းဒိုးတင်ကြည့်ရင် အဆင်ပြေနိုင်ပါတယ်.. USB ထဲမှာ W7 ထည့်ဖို့ ဆော့ဝဲလ်တခုလိုပါတယ်.. ကျနော့် Blog မှာ တင်ပေးထားတာရှိပါတယ်.. အဲ့ဒီဆော့ဝဲလ်နဲ့ W7 ကို USB ထဲထည့်ပါ.. ပြီးမှ USB နဲ့ ဝင်းဒိုးတင်ပါ.. အဲ့ဒီဆော့ဝဲလ်ကို ဒီလင့်မှာ တင်ပေးထားပါတယ်.. http://lwinminbo.blogspot.com/2012/08/winusb-maker-v17.html ဒီလင့်ကို copy ယူပြီး Address bar မှာထည့်ပြီး Enter ခေါက်လိုက်ရင် အဲ့ဒီဆော့ဝဲလ်ကို တင်ပေးထားတဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်.. USB နဲ့ဝင်းဒိုးတင်ရင်တော့ Boot Menu မှာ CD/DVD အစား USB စာသားကို ရွေးပြီး F10 >> Enter နဲ့ ထွက်လိုက်ရင် USB နဲ့ ဝင်းဒိုးတင်လို့ ရပါပြီ..
      အကောင်းဆုံးက Windows XP ကိုလည်း မဖျက်နဲ့ Windows 7 ကိုလည်း ဟတ်ဒစ်မှာ ပါတေးရှင်း တခုခွဲပြီး တင်ရင် ပိုအဆင်ပြေပါလိမ့်မယ်.. ဝင်းဒိုး၂ခုဖြစ်သွားတာပေါ့ဗျာ.. ဘာလို့လဲဆိုတော့ Windows XP တင်ထားတဲ့ စက်တွေကို Windows 7 ပြောင်းတင်လိုက်ရင် မူရင်း Drivers တွေ 7 မှာ အလုပ်မလုပ်တာ အများကြီးကြုံရပါတယ်.. Drivers တွေလိုက်ရှာရင်းနဲ့ပဲ စိတ်တွေညစ်သွားပါလိမ့်မယ်..။ ဒါကြောင့် XP ကိုလည်း မဖျက်ပါနဲ့ နောက်ထပ် 7 ကိုလည်း ပါတေးရှင်း ခွဲပြီးတင်ပါ.. 7 အတွက် ပါတေးရှင်းအပိုင်းက အနည်းဆုံး 25 GB နဲ့ 30 GB လောက်ပေးနိုင်းရင် အဆင်ပြေပါတယ်..
      Delete
  8. ကျေးဇူးအများတင်ပါတယ်အစ်ကိုဒီထက်မကအောင်မြင်တိုးတက်ပါစေ
    ReplyDelete
  9. ဆရာ ကျွန်တော် COMPETER ဝင်းဒိုးအသစ်တင်လိုက်တာ Wirelessနဲသုံးလိုမရဘူးဖြစ်နေတယ်နောက်ပြီးစာလုံးတွေအကြီးကြီးပုံတွေအကြီးကြီးပေါ်နေတယ်computer properties rightကလစ်ထောက်ပြီးကြည့်လိုက်တာ Ratingမှာ system rating is not availableဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲကျေးဇူးပြုပြီးကူညီပါခင်ဗျား
    ReplyDelete
  10. Replies
    1. လပ်တော့ပ်ပဲဖြစ်ဖြစ်၊ PC ပဲဖြစ်ဖြစ် လုပ်နည်းအတူတူပါပဲ.. Windows 7 တင်ပြီးတဲ့အခါ Drivers တွေပျောက်ကုန်လို့ Wireless နဲ့ VGA Graphic တို့ကို ပြန်ထည့်ပေးမှ Wifi ကိုအသုံးပြုလို့ရမယ်.. ပုံအကြီးကြီးတွေဖြစ်နေတာတွေပါ ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်.. Windows 7 တင်ပြီးတဲ့အခါ Drivers တွေပြန်ထည့်နည်းနဲ့ System rating is not available တွေအတွက်ပါ ပိုစ့်တင်ပေးထားပြီးသား ရှိပါတယ်.. အောက်ကလင့်တွေကနေ ဝင်ကြည့်လိုက်ပါ..
      http://lwinminbo.blogspot.com/2012/08/windows-drivers-restore.html
      http://lwinminbo.blogspot.com/2012/03/system-rating.html
      ဒီအပေါ်ကလင့်တွေကို copy ယူ၊ Address Bar မှာ paste နဲ့ထည့်ပြီ Enter ခေါက်လိုက်ရင် အဲ့ဒီပိုစ့်တွေကို ရောက်သွားပါလိမ့်မယ်.. အဲ့ဒီပိုစ့်တွေမှာ ရှင်းပြထားတဲ့ ပုံနဲ့စာကို သေချာနားလည်အောင် ဖတ်၊မှတ်ပြီး လိုက်လုပ်ပေးလိုက်ရင် အသစ်တင်ထားတဲ့ Windows 7 ပြန်ကောင်းသွားပါလိမ့်မယ်..
      Delete
  11. ကျေးဇူးအရမ်းတင်ပါတယ် အကုန်လုံးအဆင်ပြေပြီး SM BUs controller ဒါတစ်ခုအဝါရောင်တုံးလေးမပျောက်ဘူးဖြစ်နေတယ်
    ReplyDelete
  12. အကို ခင်ဗျ ညီကို ကူညီပေးပါဦး
    ညီ စက်ကဒီတိုင်းနေ၇င်း အလုပ်မလုပ်တော့လို့
    တင်လို့တော့၇တယ် အကို၇
    ဒါပေမဲ့ ၀င်းဒိုး CD Drive ပြန်ပြန်တောင်းနေတယ်
    ပထမ တင်လိုက်တဲ့ ၀င်းဒိုးက ကျန်မနေတော့ပဲ
    CD အခွေထုတ်လိုက်တာနဲ့ ၀င်းဒိုးက တက်မလာတော့ဘူး ညီလဲဘာဆက်လုပ်၇မှန်းမသိတာနဲ့ စက်ပိတ်ထားလိုက်၇တယ် အကို
    ကျေးဇူးပြုပြီး ကူညီပေးပါခင်ဗျာ။
    လေးစားလျှက်
    ReplyDelete
    Replies
    1. အဲ့လိုဖြစ်နေရင် စက်ဖွင့်ဖွင့်ချင်း F2/Del/Esc/F12/F8 စသဖြင့် ကိုယ့်စက်မှာပေါ်နေတဲ့ စာအတိုင်း Boot Setting/Menu ထဲကိုပြန်ဝင်ပြီး Boot နေရာမှာ (1st) ပထမနေရာမှာ CD/DVD Drive ဖြစ်နေပါလိမ့်မယ်.. အောက်မှာရောက်နေတဲ့ HDD စာသားပါတဲ့ စာကြောင်းကို ပထမနေရာ အပေါ်ဆုံးရောက်အောင် ပြန်တင်ပေးလိုက်ပါ.. ပြီးရင် F10 >> Enter နဲ့ထွက်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..
      Delete
  13. မြန်မ်ာစာနဲ့ေ၇းတာလာလို့မပေါ်တာလဲခင်ဗျာ
    ReplyDelete
    Replies
    1. မြန်မာစာ မပေါ်တာ Folder နဲ့ Files တွေမှာ မပေါ်တာကို ပြောတာထင်ပါတယ်..။ အဲ့လိုဆိုရင်တော့ ဒီလင့်ကအတိုင်း လုပ်ပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ မြန်မာစာပေါ်အောင်လုပ်နည်း - ဒီမှာနှိပ်ပြီးဝင်သွားလိုက်ပါ..
      Delete
  14. အကိုရေ WINDOWSPASSWORDကိုဘယ်လိုဖြုတ်ရမလဲကုညီပါဦးဗျာ...
    ReplyDelete
    Replies
    1. တခြား ဝင်းဒိုး Password ဖြုတ်တဲ့ ဆော့ဝဲလ် အများအပြားရှိပါတယ်..။ ကျနော့် Blog မှာ တင်ပေးခဲ့ဖူးတဲ့ Hiren's boot cd နဲ့လည်း အဆင်ပြေပါတယ်.. ဒီအောက်ကလင့်ကနေ ဝင်ယူနိုင်ပါတယ်..။ အဲ့ဒီပိုစ့်မှာ လေ့ကျင့်ခန်း Video လေးတွေပါ ကြည့်နိုင်ပါတယ်.. Windows Password ဖြုတ်ရန် Hiren's Boot CD 15.2
      Delete
  15. ဆရာလွင်မင်းဗိုလ် စိတ်ရှည် ပီးပြန်ဖြေပေးတာ ကျေးဇူးတင်ပါတယ်
    ဒီထက်မက တိုးတက်အောင်မြင်ပါစေဗျာ..
    လေ့လာသွားပါတယ်
    နောက်လည်းလာခဲ့ပါမယ်..
    ReplyDelete
  16. အဲဒီလို sormat ရိုက်ပြီး windows တင်လိုမရတာတွေရှိပါတယ်....
    အဲဒါဘယ်လို ပြန်လုပ်ရမလဲခင်ဗျာ.......ရှင်းပြပေးပါအုံးနော်.....ထာဝရ လေးစားလျှက်ပါ ညီညီ
    ReplyDelete
    Replies
    1. ကိုညီညီရေ. အဲ့လိုမျိုးမေးခွန်းတွေအတွက်က အဖြေတွေအများကြီးရှိပါတယ်..။ ကွန်ပျူတာတလုံးနဲ့ တလုံး ပြဿနာတွေနဲ့ ဖြေရှင်းနည်းတွေ မတူပါဘူး..။ တချို့စက်က ဝင်းဒိုးတင်တဲ့နေရာရောက်မှ ဟတ်ဒစ်ပျောက်နေတယ်..။ Bios Version မြငှ့်ပေးဖို့ လိုသလို Motherboard ထဲက ဓါတ်ခဲအသေးလေးပါ နာရီဝက်လောက် ဖြုတ်ထားဖို့ လိုပါတယ်..။ အဲ့ဒါဆိုရင် ဟတ်ဒစ်ပျောက်နေတဲ့စက်က ဟတ်ဒစ်ပြန်ပေါ်လာနိုင်ပါတယ်..။ နောက်တနည်းကတော့ ဝင်းဒိုးအဟောင်းရဲ့ System အပိုင်းထဲမှာ ဟတ်ဒစ်အတွက် Driver ကို သွားပြန်ရှာပြီး Install ထည့်ပေးရတာပါ..။ အဲ့ဒါကတော့ Hard Disk Drivers ဖိုင်တွေ တစ်ရာလောက်ရှိတဲ့ထဲက တခုစီလိုက်ရွေးပေးရတာပါ..။ သူ့ဟာမှန်မှ ဟတ်ဒစ်ပေါ်လာမှာပါ..။ တချို့စက်ကျပြန်တော့ ဟတ်ဒစ်တော့ ပေါ်တယ် Read Only ဆိုပြီး Next နှိပ်လို့ မရဘူး..။ ပါတေးရှင်းအပိုင်းတွေကို အားလုံးဖျက်ပြီးမှ ဝင်းဒိုးတင်လို့ မရတာ Read Only နဲ့ ကြုံဖူးပါတယ်..။ သူ့ကျတော့ ဟတ်ဒစ်ကို အပြင်ထုတ်ပြီး တခြားကွန်ပျူနဲ့ USB ကနေ ချိတ်ရပါတယ်..။ ပြီးရင် CMD ထဲမှာ Disk Park(Part) နည်းနဲ့ ပြန်ပေါ်အောင် လုပ်ရတာပါ..။ နောက်တခြား ပြဿနာတွေလည်း ရှိပါသေးတယ်..။ ဟတ်ဒစ် Password တို့ ၊ Bios Password တို့ တွေ အများကြီးပါပဲ..။ ဒီလိုရေးပေးနေလို့ ကိုညီညီလည်း နားလည်ဖို့ ခက်ပါလိမ့်မယ်..။ သေချာတတ်ချင်ရင်တော့ ကျွမ်းကျင်ပြီး စေတနာပြည့်ဝတဲ့ ဆရာကောင်းနဲ့ လက်တွေ့သင်မှ တကယ်တတ်မှာပါ..။ ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်လို့ မရတဲ့ ပြဿနာတွေထဲက အနည်းငယ်ကို လေ့လာမိသလောက်တော့ ရှိပါလိမ့်မယ်..။ အသိပညာများ၊ အတတ်ပညာများ တိုးပွါးကြပါစေဗျာ..။
      Delete
    2. အကိုရေ၀င်းဒိုး၇မှာထိုင်းစာနဲ့ဖြစ်နေလို့ဘယ်လိုလုပ်ရမလဲပြောပြပါလား။ ဒီထက်မကအောင်မြင်ဘာစေအကို လွင် ၊
      Delete
  17. အကိုရေ
    windows 7 မှာ window xp ကို window 7 ရဲ့ Desktop ပေါ်မှ Shortcut ကို Double Click လိုက်ရုံ window xp ကို ပြောင်းတက်သွားပါတယ် ဘယ်လိုလုပ်တယ်ဆိုတာကို သင်ပြပေးစေလိုပါတယ်
    ReplyDelete
  18. အကို ရေ ဝင်းဒိုး ၈ တင်ပြီးတဲ့ စက် ဝင်းဒိုး ၇ ပြန်တင်လို့ရလား
    ReplyDelete
  19. အကိုမှာ window xp truefaster v5 32bite​လေးရှိလားရှိ၇င်​ကူညီပါလားအကို ​ကျေးဇူးတင်​ပါတယ်
    ReplyDelete
  20. အကိုရေ့ ကူညီပါအုံး လက်တော့ ကဝင်းဒိုးပြန်တင်ရင် ဘယ်လို format ပြန်ရိုက်ရမလဲ F1 F2. ပေါ်မလာလို့ ပြောပြပေးပါလား ကျေးဇူးတင်ပါတယ်
    ReplyDelete
  21. Bro! Old window ကို ဘယ်​လိုဖြုတ်​ရမလဲ? ပြီး​တော့ အဲ့ထဲက software​တွေကို ဘယ်​လို ပြန်​ယူရမလဲဟင်​? Please!!!!
    ReplyDelete
  22. wifi system ​ပျောက်​သွားလို့ကူညီပါအုံး
    ReplyDelete
  23. wifi system ​ပျောက်​သွားလို့ကူညီပါအုံး
    ReplyDelete
  24. window 7 setup file လေးရှိရင်ကူညီပါအုံးအစ်ကို
    ReplyDelete
Related Posts Plugin for WordPress, Blogger...