Windows8 Transformation Pack v6.0


12 Sep 12, 09:23 PM
arkar: အကိုကျွန်တော်ကိုလေ windows 8 theme အတွက် activation keyလေးရှာပေးပါလား
Windows8 စတိုင်ပြောင်းပြီးသုံးလို့ ရတာလေးကို ရှာပေးလိုက်ပါတယ်..။ ဒီအစ်ကိုရေးထားတာ သိပ်တော့မရှင်းဘူး.. Windows8 Themes တွေတော့ အများကြီးရှိပါတယ်.. ဒါပေမယ့်အများစုက Activation Key မလိုပါဘူး..။ အဲဒီကောင်လေးတွေကို Install ဆွဲထည့်တတ်ရင် သုံးလို့ရပါပြီ..။ ဒါပေမယ့် ကျနော်ရှာတွေ့ထားတာတွေက တအားရှုပ်ပါတယ်.. လုပ်နည်းတွေက ကျနော်တောင် နားမလည်တာတွေ ရှိတယ်..။ ဖိုင်တွေကလည်း အများကြီးနဲ့ စမ်းကြည့်ရင်းနဲ့ ဒီကောင်လေးက လွယ်လို့ ဒါလေးပဲ အရင်တင်ပေးလိုက်ပါတယ်..။ ဘာမှလုပ်ပေးဖို့ မလိုပါဘူး..။ ၂ချက်တောက်ပြီး မိမိတို့ရဲ့ ဝင်းဒိုးအမျိုးအစားကို ရွေးပေးလိုက်ရင် ရပါပြီ.. Install ဆွဲပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်ပွင့်လာရင် Windows8 စတိုင်လေး မြင်ရပါလိမ့်မယ်..။ မိမိတို့စက်ထဲက Setting တွေမှာ ဘာမှမပြောင်းလဲပါဘူး..။ အရင်အတိုင်းပါပဲ..။ သုံးလို့အဆင်ပြေပါတယ်..။ Windows8 စတိုင်နဲ့ အသုံးပြုချင်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 47 MB ရှိပါတယ်..


အောက်ကပုံလေးကတော့ ကျနော့်စက်မှာ ထည့်ပြီးလို့ မြင်ရတဲ့ပုံလေးပါ.. စက်ပြန်ပွင့်လာတာနဲ့ gen.exe လိုမျိုးဘောက်စ်လေး တခုပေါ်လာရင် Yes(OK) ပေးလိုက်ပါ.. အဲဒါဆို အောက်ဆုံးက ပုံလေးလိုမျိုး Windows8 ရဲ့စတိုင်လေးပေါ်လာပါလိမ့်မယ်..။ 



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...