Showing posts with label intention. Show all posts
Showing posts with label intention. Show all posts

ဒီဆိုဒ်လေးရဲ့ ရည်ရွယ်ချက်ကတော့


ကွန်ပျူတာကို ဘာမှမသိနားမလည်သေးတဲ့ သူများအတွက်ရည်ရွယ်ပါတယ်..။ ကွန်ပျူတာကို ဖွင့်တာတော့ ဖွင့်တတ်ပါတယ်..။ ပိတ်တဲ့အခါ ဘယ်ကပြန်ပိတ်ရမှန်းမသိလို့ ဘက်ထရီ ဆွဲဖြုတ်လိုက်တယ်ဆိုတဲ့ ကျနော့်သူငယ်ချင်း တစ်ယောက်လည်းရှိခဲ့ဘူးပါတယ်..။ သူ့သူငယ်ချင်း လက်ပ်တော့ကို ပိုင်ရှင်မရှိတုန်း ယူကလိတာပါ..။ ပိုင်ရှင်ပြန်လာခါနီးတော့ ကမန်းကတန်း စက်ကိုပိတ် ၊ စက်ကလည်းပိတ်မရ..။ ပါဝါကိုဖိလည်း မရ.. နောက်တော့ အကြံပေါ်ပြီး ဘက်ထရီကို ဆွဲဖြုတ်လိုက်တယ်တဲ့..။ တခါထဲ စက်ပိတ်သွားရောတဲ့.. ကဲပြီးရော... ပြီးတော့ ဘက်ထရီပြန်တပ်ပြီး စက်ကိုသူ့နေရာတကျ ပြန်ထားလိုက်တယ်..။ နောက်နေ့ကျတော့ ကျနော့်ကိုလာမေးပါတယ်..။ စက်ကိုဘယ်လို ပြန်ပိတ်ရလဲတဲ့ .. ကျနော့်သူငယ်ချင်းလို မသိသေးတဲ့သူတွေ အများကြီးရှိမှာပါ..။ ဒါကြောင့် ဒီဆိုဒ်လေးကို ဘာမှမသိသေးတဲ့သူတွေအတွက်ပဲ ရည်ရွယ်ပါတယ်..။ အခြေခံက စမှာပါ.. ဘယ်လောက်ထိအခြေခံကျလဲဆိုရင် ပါဝါခလုတ်နဲ့ဖွင့်ပြီး Shut down နဲ့ ပြန်ပိတ်ရတယ် ဆိုတာကနေ စမှာပါ..
ကျနော်တော်လို့ ကျွမ်းကျင်လို့ မဟုတ်ပါဘူး.. ကွန်ပျူတာ ပညာနဲ့ အသက်မွေးဝမ်းကျောင်း နေသူမဟုတ်သလို၊ ကွန်ပျူတာနဲ့ ကျောင်းပြီးထားတာလည်း မဟုတ်ပါဘူ..။ ကျနော်လည်း လေ့လာနေဆဲ ဝါသနာရှင်အဆင့်ပဲ ရှိပါတယ်..။ ကျနော့်ရဲ့ ဆိုဒ်လေးကလည်း ကျနော့်လို ဝါသနာတူတဲ့ လေ့လာဆဲ ညီအစ်ကိုမောင်နှမများ အတွက် အဓိက ရည်ရွယ်ပါတယ်..။ ဒီဆိုဒ်လေးမှာ Windows7 အတွက် အများဆုံး ရေးပေးသွားမှာပါ.. Windows7 နဲ့ပါတ်သက်တာလေးတွေ Windows7 အသုံးပြုပုံ၊ အသုံးပြုနည်း လေးတွေကို ကျနော်သိသလောက် တတ်သလောက်၊ ကျနော်နားလည်သလို တင်ပြပေးသွားပါ့မယ်.. ။ အဝေးရောက်နေတဲ့ ကျနော့်သူငယ်ချင်း တွေနဲ့ နိုင်ငံတကာ အင်တာနက်ကနေ ကွန်ပျူတာ စကိုင်ခါစ ညီအစ်ကို မောင်နှမများ အတွက် ရည်ရွယ်ပြီး ဒီဆိုဒ်လေးကို ဖန်တီးဖြစ်သွားတာပါ..။ Windows7 အသုံးပြုပုံနဲ့ အသုံးပြုနည်း ဆိုဒ်ကလေးတွေများ ရှိမလားလို့ ဆိုပြီး ကျနော်  အင်တာနက်ပေါ်က ဝက်ဘ်ဆိုဒ် တော်တော်များများမှာ လိုက်ရှာဖူးပါတယ်.. Windows7 အတွက် သီးသန့်ရေပေးတဲ့ ဆိုဒ်မျိုး မတွေ့မိသေးပါဘူး..။ ရှိရင်လည်း ရှိနိုင်ပါတယ်.. ကျနော်မတွေ့မိတာလည်း ဖြစ်နိုင်ပါတယ်..။ ဘာပဲဖြစ်ဖြစ် လေ့လာခါစ ညီအစ်ကို မောင်နှမများအတွက် ဒီလိုဆိုဒ်လေးလည်း ရှိသင့်တယ် ထင်လို့ ဒီဆိုဒ်လေးကို ဖန်တီးဖြစ်သွားတာပါ..။ ကျနော့်ရဲ့ ဒီဆိုဒ်လေးက လေ့လာခါစ ညီအစ်ကို မောင်နှများအတွက် တဖက်တလမ်းကနေ အထောက်အကူ ပြုနိုင်ခဲ့မယ်ဆိုရင် ကျနော်ပင်ပန်းရကျိုး ၊ ဖန်တီးရကျိုးနပ်ပါပြီ ခင်ဗျား...။ အားလုံးပဲ နည်းပညာခေတ်ကြီးမှာ နည်းပညာများနှင့်အတူ တိုးတက်ပျော်ရွှင် နိုင်ကြပါစေ ခင်ဗျာ...
Related Posts Plugin for WordPress, Blogger...