Blog မှာလာလည်သူစာရင်း ထည့်ချင်တဲ့သူများအတွက်



25 Jul 12, 04:03 PM
မောင်စိုး: အစ်ကိုရယ် ကူညီပေးပါလား ဘလော့လ်မှာ လာလည်သူစားရင် ထဲခြင်းလို. ပြောပြပေးပါနော် ကျေးဇူးပြုပြီး
အခုဒီနည်းလေးက အရင်တင်ပေးဖူးတဲ့ ဘလော့မှာ နာရီထည့်တဲ့နည်းနဲ့ အတူတူပါပဲ..။  တောင်းထားတဲ့လူ ရှိလို့ တင်ပေးလိုက်ပါတယ်.. မသိသေးတဲ့သူများ အတွက်တော့ အခက် တွေ့နေအုန်းမှာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဝင်သွားလိုက်ပါ..။ http://flagcounter.com/ ဘယ်လို လုပ်ယူရလဲဆိုတာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..

Cyberlink Power Director 9.0


ဒီပရိုဂရမ်ကတော့ Video တွေကို တည်းဖြတ်ဖို့နဲ့ မိမိတို့စိတ်ကြိုက် Slide Show တွေကို Effect မျိုးစုံနဲ့ ပြုပြင်ယူလို့ ရမှာ ဖြစ်ပါတယ်..။ မနေ့ကတင်ပေးခဲ့တဲ့ Video Editing စာအုပ်လေးနဲ့ ဒီ ပရိုဂရမ်ကို လက်တွေ့ ၊ အလွယ်တကူ အသုံးပြုနိုင်ပါလိမ့်မယ်..။ Power Director 10 တော့ရှိပါတယ်..။ သူ့အတွက် Key အမှန်ကို ရှာလို့ မတွေ့သေးဘူး..။ Patch ဖိုင်တွေကလည်း  Power Director 10 နဲ့ အဆင်မပြေပြန်ဘူး..။ ဒါကြောင့်  Power Director 9 ဘက်လှည့်ကြည့်လိုက်တော့.. သူ့ကီးလေးနဲ့သူ Full Version ဖြစ်နေလို့ ပြန်တင်ပေးလိုက်ပါတယ်..။ ဒါပေမယ့် ဖိုင်ဆိုဒ်တော့ များတယ်..။ 700 MB နီးပါးရှိပါတယ်..။ ဒီဖိုင်ကို ကျနော် 100 MB စီနဲ့ ၇ပိုင်းခွဲပြီး တင်ပေးထားပါတယ်..။ New Folder တခုဖွင့်ပြီး အပိုင်းအားလုံးကို စုထည့်လိုက်ပါ.. ပြီးမှ အပိုင်းတစ်ကို ဖြည်လိုက်တာနဲ့ ရပါပြီ.. ကျန်တဲ့ အပိုင်းတွေပါ အလိုလိုပြည်ကျ သွားပါလိမ့်မယ်..။ တကယ်တော့ ကျနော်လည်း ဖိုင်တွေခွဲပြီး မတင်ချင်ပါဘူး..။ ဖြစ်နိုင်ရင် ဖိုင်တခုထဲ တင်ပေးချင်တာပါ..။ အခုဒီဖိုင်က သိမ်များလွန်းတော့.. Upload ဆိုဒ်တွေက ဖိုင်ဆိုဒ်အကြီးကြီး တခါတည်း တင်ဖို့ လက်မခံလို့သာ အခုလို ဖိုင်တွေခွဲတင်လိုက်ရတာပါ..။ တခုသတိပြုရမှာက ဒီဖိုင်တွေကို ဒေါင်းတဲ့အခါမှာ Connection မကောင်းလို့ ပြတ်ကျသွားတဲ့ အပိုင်းကို ပြန်ဆက်ဒေါင်းရင်.. အဲဒီအပိုင်းကို မှတ်ထားပေးပါ..။ ဖိုင်တွေပြန်ပေါင်းလို့ Error တက်ခဲ့ရင် အဲလို ပြတ်ကျပြီး ပြန်ဆက်ဒေါင်းလိုက်တဲ့ ဖိုင်တွေက ဖြစ်တာများပါတယ်..။ ဒါကြောင့် ဖိုင်တွေပြန်ပေါင်းလို့ Error တက်ခဲ့ရင် အဲဒီဖိုင် (၂ခါ၊၃ခါပြတ်ကျပြီးမှ ပြတ်ကျတဲ့နေရာကနေ ပြန်ဆက်ဒေါင်းယူလို့ ရလာတဲ့အပိုင်း)ကို Delete နဲ့ဖျက်ပစ်ပြီးမှ အဲဒီအပိုင်းကို အသစ်ပြန်ဒေါင်းယူပါ..။ ဒေါင်းလော့ချနေတဲ့ အချိန်မှာ ပြတ်ကျမသွားအောင် Connection ကောင်းနေတဲ့ အချိန်မှ ဒေါင်းလော့ချပါ..။ ဒီဖိုင်တွေကို ပြန်ပေါင်းလို့ အဆင်ပြေမပြေသိရအောင်.. ကျနော် စက်၂လုံးနဲ့ ဟိုဘက်၊ ဒီဘက် ပြောင်းပြီး ၃၊၄ကြိမ် ဖိုင်ပြန်ပေါင်းပြီးလို့ အဆင်ပြေမှ ဒီဖိုင်တွေကို တင်ပေးလိုက်တာပါ..။ နောက်ပြီး English လို User Guide လေးတွေပါ PDF ဖိုင်လေးတွေနဲ့ ထည့်ပေးလိုက်ပါတယ်..။ အားလုံးအတွက် အဆင်ပြေမယ် ထင်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. adfly စာမျက်နှာလေး ကြားခံထားပါတယ်..

Power Director Video Editing - PDF ( မြန်မာလို)



ဒီစာအုပ်လေးကတော့ ဗွီဒီယိုတွေကို တည်းဖြတ်ဖို့ လက်တွေ့ သင်တန်း သဘောမျိုး လေ့လာလို့ ရအောင် တင်ပေးလိုက်တာပါ..။ သူ့အတွက် လက်တွေ့ လေ့ကျင့်ဖို့ ဆော့ဝဲလ်ကို ကျနော်အခု Upload ဆိုဒ်တွေမှာ တင်နေပါတယ်..။ တင်ပြီးသွားတာနဲ့ ဆက်ပြီး ရှယ်ပေးသွားပါ့မယ်..။ Video Editing ကို ဝါသနာပါတဲ့ သူများ.. အခြေနေအမျိုးမျိုးကြောင့် သင်တန်းလိုက်မတက်နိုင်တဲ့ သူများအတွက် အခုဒီစာအုပ်လေးက အထောက်အကူ ပြုပါလိမ့်မယ်..။ စာအုပ်ဖတ်လိုက်.. Video Editing ပရိုဂရမ်နဲ့ လက်တွေ့လေ့ကျင့်လိုက်ဆို .. သိပ်မကြာခင်မှာ ဗွီဒီယို တည်းဖြတ်တဲ့ ပညာကို တတ်မြောက်သွားပါလိမ့်မယ်..။ ဒီလိုစာအုပ်လေးတွေကို မိမိတို့ ကွန်ပျူတာထဲမှာ ဖတ်နိုင်ဖို့ PDF Reader လေးတွေလိုအပ်ပါတယ်..။  PDF Reader ထည့်မထားတဲ့ စက်တွေမှာ စာရွက်အဖြူလေးတခုပဲ မြင်ရမှာ ဖြစ်ပြီး ဖွင့်ဖတ်လို့ မရပါဘူး..။ ဒါကြောင့် မိမိတို့ စက်ထဲမှာ  PDF Reader မရှိသေးရင်တော့ ကျနော့်ဆိုဒ်ထဲမှာ Foxit Reader လေး တင်ပေးထားတာရှိပါတယ်..။ ယူပြီးတော့ အရင် Install ဆွဲထည့်လိုက်ရင် ဒီလိုစာအုပ်လေးတွေကို ဖွင့်ဖတ်လို့ ရသွားပါလိမ့်မယ်.. အခုဒီစာအုပ်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေ ကနေ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 10.1 MB ရှိပါတယ်..

FL Studio 10.0.9 Producer Edition


စည်သု: အစ်လွင်ေ၇.. ကိုယ်ပိင်သံစဉ် သီချင်းလေးတွေကို ကွန်ပြူတာဖြင့်တီးခတ်ဖန်တီးလို့ ၇တဲ့ဆော့ဝဲလေး လိုချင်ပါတယ်ခင်ဗျာ နောက်ပြီး အဲဒီ့ဆော့ဝဲအား အသုံးပြုပုံကို မြန်မာလို၇ှင်းပြ တီးခတ်ထားသော လေ့ကျင့်ခန်းပါလိုချင်ပါတယ်ခင်ဗျာ..
 ဒီကောင်လေးကတော့ သီချင်းတွေ ဖန်တီးဖို့ .. သံစဉ်တွေကို ဖန်တီဖို့.. ကွန်ပျူတာနဲ့ တွဲပြီး အသုံးပြုလို့ ရတဲ့ ကောင်လေးပါ..။  တောင်တဲ့လူရှိလို့ လိုက်ရှာနေတာ နည်းနည်းကြာသွားပါတယ်..။ ဒီပရိုဂရမ်ကို မြန်မာပြည်သား ဂီတဝါသနာရှင် တော်တော်များများ အသုံးပြုတယ်လို့ ကြားဖူးပါတယ်..။ ကျနော်တော့ တခါမှ သုံးမကြည့်ဖူးပါဘူး..။ သုံးလည်း မသုံးတတ်ပါဘူး..။ ဂီတကို သိပ်ဝါသနာ မပါလို့ ထင်ပါတယ်..။ အသုံးပြုပုံကိုတော့ နောက်ပိုင်း စာအုပ်တွေ ဘာတွေရလာရင် ထပ်တင်ပေးသွားပါမယ်..။  ဒီကောင်လေးကို Install ဆွဲတော့မယ်ဆိုရင် Internet လိုင်းကို ခဏပိတ်ထားပေးပါ.. အင်တာနက်ပိတ်ပြီးမှ ဆော့ဝဲလ်ကိုသွင်းပါ.. Install ဆွဲထည့်ရင်လည်း ရိုးရိုးမရပါဘူး..။ ၎င်း ဆော့ဝဲလ်ပေါ်မှာ Right Click ထောက်ပြီး Run as administrator နဲ့ သွင်းရပါမယ်..။ Install ဆွဲပြီးသွားရင် ဒီကောင်ကို မဖွင့်ပါနဲ့အုန်း.. အရင်ပိတ်ပစ်လိုက်ပါ..။ ပြီးရင် သူနဲ့ အတူပါလာတဲ့ (Image-Line FL Studio 10 Producer Edition) ဆိုတဲ့ Registry Crack ဖိုင်လေးကို ၂ချက်တောက်ပြီး အင်စတောလ် ဆွဲထည့်ပေးလိုက်ရင် (Yes တို့ OK တို့ ပေါ်လာရင် နှိပ်ပေးလိုက်ပါ) ဖူးဖြစ်သွားပါပြီ..။  လိုအပ်တဲ့သူများ ကတော့ အောက်ကလင့်တွေ ကနေဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 233 MB ရှိပါတယ်..။ adfly စာမျက်နှာလေး ကြားခံထည့်ပေးထားပါတယ်..။

Internet Download Manager 6.12 Beta Build 6

 မနေ့ကမှ Version အသစ်ထွက်လာတဲ့ Internet Download Manager 6.12 Beta Build 6 ကို Patch ဖိုင်လေးနဲ့ တင်ပေးလိုက်ပါတယ်..။ IDM ကို Update ပေးလိုက်မိတဲ့သူများ အတွက်နဲ့ ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့ သူများကတော့ IDM 6.12 Build 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အဲဒီပိုစ့်မှာ ကြည့်နိုင်ပါတယ်..။ အခုဒီ ဗါးရှင်းမှာ ပါတဲ့ Patch ဖိုင်နဲ့ လုပ်နည်း အတူတူပါပဲ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.5 MB ရှိပါတယ်..

Internet Cyclone v2.03 , v2.12 and v2.14


20 Jul 12, 09:34 AM
ကိကိ: အကိုေ၇.....ပူဆာဦးမယ်နော်.....Internet cyclone 2.14 လေး၇ချင်လို့ ပါ...ကွန်အ၇မ်းစုတ်လို့ ပါ
တောင်းထားတဲ့လူရှိလို့ လိုက်ရှာရင်း ရလာတာလေးတွေ တင်ပေးလိုက်ပါတယ်..။ Internet ဆွဲအားကို 200% ထိပိုပြီး ဆွဲပေးနိုင်တယ်လို့ သူ့ဆိုဒ်မှာ ရေးထားပါတယ်..။ ဆွဲအားပိုကောင်းတော့ လိုင်းပိုမြန်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ..။ ဟုတ်မဟုတ် မိမိတို့ ကိုယ်တိုင်သာ စမ်းသုံးကြည့်ကြပါ..။ မိမိတို့ အသုံးပြုတဲ့ အင်တာနက်လိုင်း အမျိုးအစားပေါ်မူတည်ပြီး ရွေးပေးရပါမယ်.. MODEM (Dial-Up) နဲ့လား ၊ ISDN (WIFI ကိုဆိုလိုတာပါ) နဲ့လား၊ CABLE / DSL နဲ့လားဆိုတာ ရွေးပေးပြီး Optimize တချက်ကလစ်ပြီး ပေါ်လာတဲ့ ဘောက်စ်ထဲမှာ OK နှိပ်ပေးလိုက်ရင် စက်ပိတ်ပြီး ပြန်ပွင့်လာတဲ့အခါ အင်တာနက်ဆွဲအား ပိုမြန်လာပါလိမ့်မယ်..။  Internet Cyclone 2.03 မှာ Serial Key လေးပါပါတယ်..။ Internet Cyclone 2.12 မှာတော့ Patch ဖိုင်လေးပါပါတယ်..။ Internet Cyclone 2.14 မှာတော့ ဘာကီးမှ မပါပါဘူး.. အရင်ဆုံး 2.03 ကို Install ဆွဲထည့်ပြီးရင် သူ့ထဲမှာ ပါတဲ့ ကီးလေးကို ထည့်ပေးလိုက်ပါ..။ ဖူးဖြစ်သွားရင် ၎င်း Internet Cyclone 2.03 ကို Uninstall နဲ့ ပြန်ထုတ်လိုက်ပါ..။ Uninstall နဲ့ ထုတ်ပြီးရင် သူ့ရဲ့ဖိုဒါလေးကျန်နေတဲ့ စီထဲမှာ သွားပြီး Internet Cyclone လို့ရေးထားတဲ့ ဖိုဒါလေးကို (Local Disk (C:) >> Programs Files >>  Internet Cyclone ဖိုဒါကို) Delete နဲ့သွားဖျက်ပေးလိုက်ပါ..။ ပြီးမှတခြား ဗါးရှင်းတွေကို Install ဆွဲထည့်လိုက်ရင် 2.12 ရော၊ 2.14 ပါ Registered ဆိုတဲ့ စာသားလေးနဲ့ ဖူးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်..။ လိုအပ်ရင်သုံးဖို့ 2.12 အတွက် Patch ဖိုင်လေးနဲ့ Serial Key အပိုလေးပါ  2.12 နဲ့ 2.14 ဖိုင်တွေထဲမှာ ထည့်ပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 1 MB တောင်မပြည့်ပါဘူး..။ စမ်းသုံးကြည့်ချင်တဲ့ သူများကတော့ အောက်ကလင့်တွေမှာ ယူထားလိုက်ပါဗျာ.. ကီးထည့်ရမယ့်နေရာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..

Okdo Pdf to All Converter Professional 4.5



ဒီတခုကလည်း PDF ဖိုင်တွေကနေ တခြားဖေါ်မတ်တွေကို ပြောင်းလဲပေးနိုင်တဲ့ ကောင်လေးပါပဲ..။ အောက်မှာကျနော် ပုံလေးတွေနဲ့ အစမ်းလုပ်ပြထားပါတယ်..။ သူလည်း Key အမှန်မရလို့ Fake Key နဲ့ စမ်းကြည့်တာ အဆင်ပြေပါတယ်..။ သူ့ထဲမှာတော့ ကီးသုံးခုပါပါတယ်..။ Install ဆွဲထည့်ပြီးတာနဲ့ ကီးတောင်းရင် ဖိတ်ကီးလေးတွေ ထည့်ပေးလိုက်ပါ..။ အသုံးပြုလို့ ရပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..

Okdo All to Pdf Converter Professional v4.5



 ဒီကောင်လေးကတော့ ကျနော်တို့ PDF ဖိုင်လုပ်ချင်တဲ့ ဘယ်ဖိုင်ကိုပဲ ဖြစ်ဖြစ် Microsoft Office Word မရှိလည်းပဲ PDF ဖိုင်လုပ်ပေးနိုင်ပါတယ်..။ ဓါတ်ပုံအတွက်ဆို Image Mode ကိုပြောင်းပေးပြီး၊ စာတွေအတွက်ဆို Text Mode ကိုပြောင်းပေးလိုက်ရုံပါပဲ..။ သူ့အတွက်ကီးလေးပါ ထည့်ပေးထားပါတယ်..။ ဒါပေမယ့် ကီးအစစ်ရှာမတွေ့ပဲ.. Fake Key လေးနဲ့ စမ်းကြည့်တာ အဆင်ပြေနေလို့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ ဖိတ်ကီးဆိုတာ ကီးအစစ်မဟုတ်ပါဘူး..။ ဒါပေမယ့် အဆင်ပြေပါတယ်..။ တခါသုံး တခါ ဖိတ်ကီးလေးထည့်ပြီး အသုံးပြုလို့ ရပါတယ်..။ အသုံးပြုပုံကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...