VSO Blu-ray Converter Ultimate 3.0.0.24 Beta Final

 Blu-ray Disc ကနေ DVD ပြောင်းပေးနိုင်တဲ့ Converter လေးကို ကျနော့် သူငယ်ချင်း တစ်ယောက်က တင်ပေးဖို့ တောင်းထားတာ ရှိပါတယ်..။ ဒီနေ့တော့ ဒီ VSO Blu-ray Converter Ultimate နောက်ဆုံးထွက် Up date ဗါးရှင်းလေးကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်အောင်ပါ ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်..။ အသုံးပြုတတ်အောင် ပြပေးဖို့ကိုတော့ ကျနော့်မှာ Blu-ray Disc မရှိသေးတဲ့အတွက် အဆင်မပြေသေးပါဘူး..။ ဒါကြောင့် Blu-ray Disc ရှိတဲ့သူများကတော့ မိမိတို့ကိုယ်တိုင်သာ လေ့လာအသုံးပြုရမှာပဲ ဖြစ်ပါတယ်..။ ဒီပရိုဂရမ်မှာ ရေးထားတဲ့ စာသားတွေကို လေ့လာကြည့်ရင် အသုံးပြုတတ်မှာပါ..။ File ကနေ Blu-ray Disc ရှိတဲ့ နေရာကို ရွေးပေးပြီး Start ကို ကလစ်ပေးလိုက်ရင် အဆင်ပြေပါလိမ့်မယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးပါ ထည့်ပေးထားပြီး ဒီပိုစ့်မှာလည်း patch နဲ့ဖူးဖြစ်အောင် လုပ်တတ်အောင်ပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28 MB ရှိပါတယ်..။
Blu-ray Converter software can convert any Blu-ray video or AVCHD structure (from HD camcorder) to DVD video (with menu) or other video formats supported by most popular devices like PS3, XBOX360, DivX home player, iPod, iPhone, iPad…

SuperCopier 4.0.1.11 Final (x86x64)

 SuperCopier လေးကလည်း UltraCopier နဲ့ ကုမ္ပဏီတခုထဲက လာတဲ့ ဆော့ဝဲလ်လေးဖြစ်ပြီး မိမိတို့ စိတ်ကြိုက် တခုခုကို ရွေးယူ အသုံးပြုလို့ ရအောင် ၂-ခု စလုံးကို တင်ပေးလိုက်ခြင်းပါ..။ အရင် ရက်က တင်ပေးထားခဲ့ပြီးတဲ့ TeraCopy နဲ့လည်း အသုံးပြုလို့ အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ 
ဖိုင်တွေ copy or move လုပ်တဲ့အခါ ဒီကောင်လေးကလည်း ပုံမှန်ထက်ပိုမြန်အောင် လုပ်ပေးနိုင်ပါတယ်..။ မိမိတို့ ဝင်းဒိုးဗါးရှင်းနဲ့ ကိုက်ညီတဲ့ 32 or 64-bit ကို တခုကို Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ ဒေါင်းလော့ဖိုင်ထဲမှာတော့ ဗါးရှင်း ၂-မျိုးစလုံးအတွက် ပူးတွဲထည့်ပေးထားပါတယ်..။ ဒီဗါးရှင်းလေးကတော့ ဖရီးပေးသုံးတဲ့ ဖရီးဗါးရှင်းလေးဖြစ်ပြီး Winrar နဲ့ ချုပ်ထားတဲ့ ဖိုင်တွေကို Support မလုပ်တဲ့အတွက်.. မိမိတို့က .rar တွေကို ဒီကောင်လေးနဲ့ copy or move အသုံးပြုလိုတယ်ဆိုရင်တော့ New Folder တစ်ခု ဖန်တီးပြီး .rar ဖိုင်တွေကို ဖန်တီးလိုက်တဲ့ ဖိုဒါအသစ်ထဲဆွဲထည့်ပြီး ဒီကောင်လေးနဲ့ မိမိတို့ လိုတဲ့ နေရာကို အလွယ်တကူ copy or move နဲ့ အသုံးပြုလို့ အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ ဒီအသုံးပြုနည်းကို ကျနော်စမ်းသုံးပြီး အဆင်ပြေတဲ့အတွက် ဒီလို New Folder တခုနဲ့ အသုံးပြုနည်းကို ဒီပိုစ့်မှာ ဖြည့်ရေးပေးလိုက်ခြင်းပါ..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 12 MB ရှိပါတယ်..။

UltraCopier 1.0.1.11 Final (x86x64)

 ဖိုင်တွေ copy or move လုပ်တဲ့အခါ ဒီကောင်လေးကလည်း ပုံမှန်ထက်ပိုမြန်အောင် လုပ်ပေးနိုင်ပါတယ်..။ မိမိတို့ ဝင်းဒိုးဗါးရှင်းနဲ့ ကိုက်ညီတဲ့ 32 or 64-bit ကို တခုကို Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ ဒေါင်းလော့ဖိုင်ထဲမှာတော့ ဗါးရှင်း ၂-မျိုးစလုံးအတွက် ပူးတွဲထည့်ပေးထားပါတယ်..။ ဒီဗါးရှင်းလေးကတော့ ဖရီးပေးသုံးတဲ့ ဖရီးဗါးရှင်းလေးဖြစ်ပြီး Winrar နဲ့ ချုပ်ထားတဲ့ ဖိုင်တွေကို Support မလုပ်တဲ့အတွက်.. မိမိတို့က .rar တွေကို ဒီကောင်လေးနဲ့ copy or move အသုံးပြုလိုတယ်ဆိုရင်တော့ New Folder တစ်ခု ဖန်တီးပြီး .rar ဖိုင်တွေကို ဖန်တီးလိုက်တဲ့ ဖိုဒါအသစ်ထဲဆွဲထည့်ပြီး ဒီကောင်လေးနဲ့ မိမိတို့ လိုတဲ့ နေရာကို အလွယ်တကူ copy or move နဲ့ အသုံးပြုလို့ အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ ဒီအသုံးပြုနည်းကို ကျနော်စမ်းသုံးပြီး အဆင်ပြေတဲ့အတွက် ဒီလို New Folder တခုနဲ့ အသုံးပြုနည်းကို ဒီပိုစ့်မှာ ဖြည့်ရေးပေးလိုက်ခြင်းပါ..။ အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 12 MB ရှိပါတယ်..။

Internet Download Manager 6.18 Build 10 Final


 
 ဒီနေ့ပဲ Update ထွက်လာတဲ့ IDM နောက်ဆုံး ဗါးရှင်းလေးပါ..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ဖူးလုပ်သုံးနိုင်ရန် အရင်တင်ပေးနေကျ patch ဖိုင်လေးအပြင် ၊ နောက်မှ ရလာတဲ့ crack ဖိုင် အသစ်လေးပါ  ပူးတွဲတင်ပေးထားပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM မရှိသေးတဲ့ သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေကလည်း လိုအပ်နေအုံးမှာပါ..။ patch (or) crack နဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် Blog ညာဘက်အပေါ်ဆုံးမှာ တင်ပေးထားတဲ့ IDM ဖူးဖြစ်အောင် လုပ်နည်းတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။

iPixSoft Video Slideshow Maker Deluxe 3.2.6.0 Final

 မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေကို မိမိတို့ ကြိုက်တဲ့ နောက်ခံသီချင်းလေးတွေနဲ့ စလိုက်ရှိုးလေးတွေ ဖန်တီးယူလိုရင်တော့ ဒီကောင်လေးနဲ့ အတော်လေး အဆင်ပြေပါလိမ့်မယ်..။ ဆော့ဝဲလ်သေးပေမယ့် ဖန်တီးယူလို့ ရတဲ့ Effects တွေ၊ Template ဒီဇိုင်းမျိုးစုံနဲ့ ပုံစံမျိုးစုံ ပါဝင်တဲ့အတွက် တခုနဲ့ တခု မရိုးရအောင် စတိုင်မျိုးစုံ ဖန်တီးယူနိုင်ပါတယ်..။ အသုံးပြုတတ်အောင်နဲ့ ဖူးဖြစ်အောင် patch ဖိုင်ထည့်တတ်အောင်ပါ အစအဆုံး ပုံလေးတွေနဲ့ အောက်မှာ ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 24 MB ရှိပါတယ်..။

Password Safe and Repository 7.2.0.2208 Standard Edition Final

 Manage your important data with Password Safe and Repository, comfortable and professional password and identity management software.
ဒီကောင်လေးက မိမိတို့ရဲ့ Password တွေနဲ့ Database ဖိုင်တွေကို လုံခြုံအောင် Save လုပ်ပြီး သိမ်းပေးနိုင်တဲ့ ကောင်လေးပါ..။ Install ထည့်တဲ့အခါမှာ ပြောင်းလဲပေးရမယ့် နေရာတွေနဲ့ ရွေးပေးရမယ့် နေရာတွေ များတဲ့အတွက် အားလုံးပဲ လုပ်တတ်အောင် ကျနော် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ နောက်ဆုံးမှာ ဖူးသုံးလို့ရအောင် ကီးတွေ ထည့်ပေးပြီး ၊ မိမိတို့ရဲ့ နာမည်နဲ့ Password ကိုပါ တခါတည်း ထည့်ပေးမှ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် မူရင်းဆိုဒ်က Video ဖိုင်လေးအတိုင် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ပြန်လည် ဖေါ်ပြပေးထားလို့ Video ဖိုင်လေးကို လေ့လာရင်း အဆင်ပြေပါလိမ့်မယ်..။ မိမိတို့ရဲ့ Password တွေနဲ့ တခြား ဖိုင်တွေကို လုံခြုံစွာ သိမ်းထားလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.3 MB ရှိပါတယ်..။

IsoBuster Pro 3.3 Build 3.2.9.1 Beta Final

 copy ကူးယူလို့ မရအောင် ပိတ်ထားတဲ့ CD ထဲက သီချင်းတွေကို ဒီကောင်လေးနဲ့ ရအောင်ကူးယူလို့ ရပါတယ်..။ အရင်တုန်းက သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းထဲကို CD ထဲက သီချင်းတွေထည့်ချင်လို့ သူကိုယ်တိုင် ကူးယူလို့ မရတဲ့အကြောင်း၊ ကျနော့်ကို လုပ်ပေးဖို့ တောင်းဆိုလာလို့ စက်ထဲထည့်ပြီး စမ်းကြည့်လိုက်တော့ သီချင်းအပုဒ်တိုင်း 1 kb လို့ပဲ ပြထားတယ်..။ ဆော့ဖ်ဝဲနဲ့ copy ကူးလို့ မရအောင် ပိတ်ထားတဲ့ အခွေဖြစ်နေတော့ ဒီ IsoBuster လေးကို သွားသတိရတယ်..။ ဒီကောင်လေးနဲ့ လုပ်ပေးလိုက်လို့ CD သီချင်းခွေ လေးချပ်စလုံး OK သွားတယ်..။ ဘယ်လိုသုံးလဲဆိုတာ လိုအပ်တဲ့သူများအတွက် အရင် အသုံးပြုနည်းပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီပိုစ့်မှာတော့ Install ထည့်တဲ့အခါ ပြောင်းလဲပေးရမယ့် နေရာလေးတွေနဲ့ ဖူးသုံးလို့ရအောင် Key လေးပါ ထည့်ပြထားတယ်..။ လိုအပ်တဲ့သူမျာ အောက်ကလင့်တွေ ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.3 MB ရှိပါတယ်..။

WinISO Standard 6.4.0.5081 Final

မိမိတို့ရဲ့ ISO ဖိုင်တွေကို အမျိုးမျိုးအသုံးပြုလို့ ရချင်တယ်ဆိုရင်တော့ ဒီ WinISO နောက်ဆုံးထွက် ဗါးရှင်းလေးနဲ့ အဆင်ပြေပါတယ်..။ Windows ခွေတွေလို ISO ဖိုင်တွေနဲ့ တခြား Bootable ဖြစ်တဲ့ ISO တွေကို မူရင်းအတိုင်း Bootable ဖြစ်အောင် DVD အခွေကူးတာနဲ့ တခြား ဖိုင်ဖြည်တာ၊ Mount တာတွေကအစ ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပြီး patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကတော့ အရင်ကပိုစ့်တွေ အတိုင်းပါပဲ..။ Antivirus တွေကို အရင်ပိတ်ထားပြီးမှ patch လေးကို ဖွင့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီပိုစ့်မှာလည်း patch ဖိုင်လေးနဲ့ ဖူးဖြစ်အောင်၊ လုပ်တတ်အောင် ပြန်ပြပေးထားပါတယ်..။ အသုံးပြုတတ်အောင် Features တွေများတဲ့အတွက် Video ဖိုင်လေးတွေနဲ့ ပူးတွဲလေ့လာလို့ ရအောင်ပါ ပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးတွေ ချိတ်ပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...