Password Safe and Repository 7.2.0.2208 Standard Edition Final

 Manage your important data with Password Safe and Repository, comfortable and professional password and identity management software.
ဒီကောင်လေးက မိမိတို့ရဲ့ Password တွေနဲ့ Database ဖိုင်တွေကို လုံခြုံအောင် Save လုပ်ပြီး သိမ်းပေးနိုင်တဲ့ ကောင်လေးပါ..။ Install ထည့်တဲ့အခါမှာ ပြောင်းလဲပေးရမယ့် နေရာတွေနဲ့ ရွေးပေးရမယ့် နေရာတွေ များတဲ့အတွက် အားလုံးပဲ လုပ်တတ်အောင် ကျနော် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ နောက်ဆုံးမှာ ဖူးသုံးလို့ရအောင် ကီးတွေ ထည့်ပေးပြီး ၊ မိမိတို့ရဲ့ နာမည်နဲ့ Password ကိုပါ တခါတည်း ထည့်ပေးမှ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် မူရင်းဆိုဒ်က Video ဖိုင်လေးအတိုင် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ပြန်လည် ဖေါ်ပြပေးထားလို့ Video ဖိုင်လေးကို လေ့လာရင်း အဆင်ပြေပါလိမ့်မယ်..။ မိမိတို့ရဲ့ Password တွေနဲ့ တခြား ဖိုင်တွေကို လုံခြုံစွာ သိမ်းထားလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.3 MB ရှိပါတယ်..။



Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း ရွေးပြီး ဝင်သွားလိုက်ပါ..။






ကီးတွေထည့်ဖို့ အပေါ်ကအတိုင်း ရွေးယူပြီးရင်တော့ အောက်ကပုံအတိုင်း Notepad နဲ့ထည့်ပေးထားတဲ့ ကီးတွေကို copy ယူပြီး ထည့်ပေးလိုက်ပါ..။



အောက်ကပုံအတိုင်း License accepted ဆိုရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။





နာမည်ဖြည့်ခိုင်းတဲ့ နေရာမှာတော့ အောက်ကပုံအတိုင်း မိမိတို့ရဲ့ နာမည်ကို ဖြည့်ပြီး ဝင်သွားလိုက်ပါ..။




အပေါ်ကအတိုင်း Password ကို ရွေးပြီးရင်တော့ အောက်ကပုံအတိုင်း Password မှာ အောက်ကပုံအတိုင်း ၁၂-လုံးအထက်ကို ထည့်ပေးလိုက်ရင် ရပါပြီ..။ မိမိတို့အနေနဲ့ မှတ်မိတဲ့ password ကို ထည့်ပေးမှ နောက်ပိုင်း ပြန်ဖွင့်သုံးရင် အဆင်ပြေမှာပါ..။




အပေါ်မှာ Finish ပေးလိုက်တာနဲ့ အောက်ကပုံအတိုင်း တန်းပြီး password ဖြည့် ဝင်ခိုင်းပါတယ်..။ အပေါ်မှာ ဖြည့်ခဲ့တဲ့ password ကို မှန်အောင် ပြန်ထည့်ပေးလိုက်ရင် မိမိနာမည်နဲ့ ဒီဆော့ဝဲလ်ရဲ့ အကောင့်ထဲကို ပြန်ဝင်လို့ ရပါတယ်..။


အောက်ကပုံအတိုင်း ပေါ်လာရင်တော့ ဒီကောင်လေးကို အသုံးပြုလို့ ရပါပြီ..။ ခဏကြာတာနဲ့ အလိုလို ပြန်ပိတ်သွားမှာပဲ ဖြစ်ပါတယ်..။


ပြန်ပိတ်သွားတဲ့ အခါတိုင်း password ကို ပြန်ထည့်ပေးမှ ပြန်အသုံးပြုလို့ ရပါတယ်..။


ဒီကောင်လေးကို အသုံးပြုတတ်အောင် မူရင်းဆိုဒ်မှာ ပြပေးထားတဲ့ Video ဖိုင်လေးကို လေ့လာလိုက်ရင် အဆင်ပြေပါလိမ့်မယ်..။ အားလုံးပဲ အသုံးပြုတတ်နိုင်ပါစေ..။


1 comment:

Related Posts Plugin for WordPress, Blogger...