Typing Master Pro 7.10 Build 808 Final

 
 ဒါကတော့ စာရိုက်ရင် လက်ကွက် မြန်အောင် လေ့ကျင့်တဲ့ ဆော့ဝဲလ်လေး Typing Master Pro 7.10 Build 808 Final နောက်ဆုံးထွက်လေးပါ..။ Game ကစားတဲ့ နည်းနဲ့လည်း စာရိုက်မြန်အောင် လေ့ကျင့်လို့ ရတဲ့ Tool လေး ဒီထဲမှာ ပါပါတယ်..။ ဒီပိုစ့်ရဲ့ အောက်မှာပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ကျနော့် Blog မှာ ဒီလို လက်ကွက် လေ့ကျင့်တဲ့ ဆော့ဝဲလ်မျိုး မတင်ပေးဖူးသေးပါဘူး..။ ဒီနေ့တော့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒီဒေါင်းလော့ဖိုင်ထဲမှာ Keygen လေးထည့်ပေးထားပါတယ်..။ ဒီ Keygen နဲ့ ဖူးဖြစ်အောင် လုပ်ပြီး ဒီကောင်လေးကို အသုံးပြုနိုင်ပါတယ်..။ နောက်တခုကတော့ Antivirus တွေကို အရင်ပိတ်ထားပြီးမှ ဒီ Keygen ကို အသုံးပြုလို့ ရမှာပါ..။ Keygen နဲ့ ကီးတွေ ထည့်နေတဲ့ အချိန်မှာလည်းပဲ အင်တာနက်ကို ပိတ်ထားရပါမယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ပုံလေးတွေနဲ့ Keygen ထည့်တတ်အောင် ပြပေးထားပါတယ်..။ အသုံးလိုတဲ့ သူများကတော့ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.3 MB ရှိပါတယ်..။

Desktop Lock Business Edition 7.3.1 Final


 ဒီကောင်လေးက ကျနော်တို့ရဲ့ ကွန်ပျူတာ Screen ကို Lock ချထားလို့ ရတဲ့ Desktop Lock Business Edition 7.3.1 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ Desktop ကို ဒီကောင်လေးနဲ့ လေ့ချတော့မယ်ဆိုရင် အပေါ်ပုံမှာ ပြထားတဲ့ မျှားနီဝိုင်းပြထားတဲ့ နေရာကို တချက်ကလစ်ပေးလိုက်ရင် Lock ချထားပြီးသား ဖြစ်သွားပါပြီ..။ Desktop မှာ ဘာမှ နှိပ်လို့ မရတော့ပါဘူး..။ ပြန်ဖွင့်တော့မယ်ဆိုရင်တော့ ကီးဘုတ်က H ကီးကို တချက်နှိပ်ပေးလိုက်ရင် လော့ပြန်ပွင့်သွားပါပြီ..။ အားလုံးပုံမှန်အတိုင်း အသုံးပြုလို့ ရသွားပါပြီ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေး၂ခု ဒီဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားပါတယ်..။ ဒီ crack ၂ခုနဲ့ ဒီကောင်လေးကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုလို့ ရပါတယ်..။ အောက်မှာလည်း crack မထည့်တတ်သေးတဲ့ သူများရှိခဲ့ရင် တခါတည်း crack ထည့်တတ်သွားအောင် ကျနော် ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.2 MB ပဲ ရှိပါတယ်..။ ဘယ်ဆော့ဝဲလ်ပဲ ဖြစ်ဖြစ် crack ထည့်နည်းက ဒီပိုစ့်မှာ ပြတဲ့နည်းနဲ့ အတူတူပါပဲ..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

WebcamMax 7.7.3.6 Multi Language Final


ဒီကောင်လေးကတော့ မိမိတို့ရဲ့ ကွန်ပျူတာ ကင်မရာကနေ မိမိတို့ရဲ့ ပုံလေးတွေကို စိတ်ကြိုက် ရုပ်ပြာင် ပုံလေးတွေ ဖြစ်အောင် Effect တွေအများကြီးနဲ့ ဖန်တီးယူလို့ ရတဲ့ ကောင်လေးပါ..။ အရင်တုန်းကလည်း ဒီကောင်လေးတွေကို တင်ပေးဖူးပါတယ်..။ ဒါကတော့ နောက်ဆုံးထပ်ထွက်လာတဲ့ Latest Version လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒေါင်လော့လင့် ယူတဲ့နေရာမှာ patch ဖိုင်ရယ်၊ keymaker ရယ် ၂ခု ပေါင်းထည့်ပေးထားပါတယ်..။ ဒီ၂ခုနဲ့ ဒီကောင်လေးကို ဖူးဖြစ်အောင် အရင်တုန်းက ပိုစ့်မှာ လုပ်ပြပေးထားပါတယ်..။ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပြီး အဲ့ဒီနည်းအတိုင်း လုပ်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါလိမ့်မယ်..။ အရင်တုန်းက တင်ပေးထားခဲ့တဲ့ပိုစ့် WebcamMax 7.6.8.6 ကို ဒီပိုစ့်ကနေ ဝင်ပြီး ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 25.2 MB ရှိပါတယ်..။ တခုသတိပြုရမှာက ဒေါင်းလော့ဖိုင်ထဲမှာ ပါလာတဲ့ patch နဲ့ keygen ကို ဖွင့်သုံးတော့မယ်ဆိုရင် အရင်ဆုံး Antivirus တွေကို ပိတ်ထားပြီးမှ ဒီကောင်လေးတွေကို ဖွင့်သုံးပါ..။ မဟုတ်ရင် Antivirus တွေက ဒီဖိုင်လေးတွေကို ဗိုင်းရပ်စ်ထင်ပြီး ဖျက်ပစ်ပါလိမ့်မယ်..။ 

Start Menu 8 1.1.0.45 Final


Windows 8 အတွက် Start Menu လေးတွေကို ကျနော် မတင်ပေးဖြစ်တာ တော်တော်ကြာသွားပါပြီ..။ ဒီနေ့တော့ ဒီ Update လေး ထွက်လာလို့ Windows 8 အသုံးပြုတဲ့ သူများအတွက် အဆင်ပြေအောင် Start Menu 8 1.1.0.45 Final ဗါးရှင်းလေးကို တင်ပေးလိုက်ပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Install ထည့်ပြီးသွားရင်တော့ Start Menu လေးနဲ့ Windows 8 ကို အသုံးပြုလို့ ရသွားပါပြီ..။ အရင်တုန်းက Start Menu 8 ပိုစ့်အဟောင်းတခုမှာ ဒီကောင်လေးရဲ့ Setting တွေကို ပြောင်းလဲတတ်အောင် အနည်းငယ် ပြပေးထားခဲ့ ဖူးပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ အခုဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.6 MB ရှိပါတယ်..။ 

GIRDAC Free PDF Creator 6.2.2.1 Final


ကျနော် ဒီ GIRDAC Free PDF Creator လေးကို မတင်ပေးဖြစ်တာ ကြာသွားပါပြီ..။ အရင်တင်ပေးခဲ့တဲ့ ဒေါင်းလော့လင့်တွေက ဒေါင်းယူလို့ မရတော့ပါဘူး..။ ဒါလေးကတော့ နောက်ဆုံးထွက် GIRDAC Free PDF Creator 6.2.2.1 Final ဗါးရှင်းလေးပါ..။ တချို့ PDF Creator တွေက မြန်မာလို PDF ဖိုင်တွေ ထုတ်ရင် (အ) နေရာမှာ (A) စာလုံးတွေ ပေါ်နေတတ်ပါတယ်..။ ဒီကောင်လေးကတော့ အဲ့လို Error မျိုးတွေ မရှိတဲ့အတွက် အသုံးပြုရ အဆင်ပြေပါတယ်..။ အောက်မှာ ပုံလေးနဲ့ပါ ပြပေးလိုက်ပါတယ်..။ ဒီပုံတွေကတော့ ကျနော် အရင်တင်ပေးခဲ့ဖူးတဲ့ GIRDAC Free PDF Creator ပိုစ့်အဟောင်းက ပုံလေးတွေပါပဲ..။ ဒီပိုစ့်နေရာမှာပဲ ပြန်လည် ကြည့်လို့ ရပါတယ်..။ ဒီ Free PDF Creator လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.4 MB ရှိပါတယ်..။

HyperSnap 7.23.03 Final

 
 HyperSnap 7.23.03 Final နောက်ဆုံးထွက် Update လေးပါ..။ မိမိတို့ရဲ့ ကွန်ပျူတာ Desktop မှာ ပေါ်နေတဲ့ ပုံတွေကို မောက်စ်မျှားလေးပါ ပါအောင် ဓါတ်ပုံရိုက်ပြီး ယူလို့ရတဲ့ HyperSnap 7.23.03 Final နောက်ဆုံးထွက် လေးပါ.. အညွှန်းမျှားတွေထည့်ပြီး၊ ပုံကို Effect မျိုးစုံနဲ့ သပ်ရပ်လှပအောင် ပြုပြင်ဖန်တီးယူလို့ ရပါတယ်..။ သူ့အတွက် key ဖိုင်လေး၂ခု ထည့်ပေးထားပါတယ်.. ဒီ key တွေထည့်တော့မယ်ဆိုရင် အင်တာနက်လိုင်းကို အရင်ပိတ်ထားပြီးမှ ဒီပရိုဂရမ်ကို ဖွင့်ပြီး Key ဖိုင်လေးကို ၂ချက်တောက်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ Key Files ထည့်တတ်အောင်နဲ့ အသုံးပြုတတ်အောင် ဒီလင့်က ပိုစ့်မှာ ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ ဖူးဖြစ်အေင် မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ Effect တွေများလွန်းတဲ့အတွက် အသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာရမှာပါ..။ ဒီကောင်လေးကို  လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။

Freemake Video Converter 4.0.1.0 Final


ဒီကောင်လေးက ဖရီးပေးသုံးတဲ့ Freemake Video Converter 4.0.1.0 Final ဗါးရှင်းလေးပါ..။ ကျနော်တို့ရဲ့ ရုပ်ရှင်၊ Video နဲ့ သီချင်းတွေကို ဖေါ်မတ်အမျိုးမျိုး ပြောင်းပေးနိုင်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး ၊ အရင်တုန်းက တင်ပေးခဲ့တဲ့ Xilisoft Converter တွေနဲ့ အသုံးပြုပုံ တူပါတယ်..။ အောက်မှာလည်း ကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26.2 MB ရှိပါတယ်..။
Convert video free to AVI, MP4, WMV, MKV, SWF, 3GP, DVD, MPEG, MP3, iPod, iPhone, PSP, Android, rip & burn DVD, convert online videos, burn Blu-ray, and more. 

Any Video Converter Free 5.0.5 Final


ဒီကောင်လေးက Any Video Converter Free 5.0.5 Final ဗါးရှင်းလေး..။ ဒီဆော့ဝဲလ်လေးကို Update မတင်ပေးဖြစ်တာ တော်တော်ကြာသွားပါပြီ..။ ဒီနေ့တော့ ဒီနောက်ဆုံးထွက် Update လေးကို တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးရဲ့ အသုံးပြုလို့ရတဲ့ Convert ပြောင်းပေးနိုင်တဲ့ Format တွေကတော့ သူ့ရဲ့ မူရင်းဆိုဒ်မှာ ရေးပြထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အသုံးပြုနည်း အပြည့်အစုံကို ဒီလင့်က ပိုစ့်မှာ  ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။   သွားပြန်ကြည့်ပေးပါ..။ ဒီဖရီး Converter လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 35.5 MB ရှိပါတယ်..။
Any Video Converter is an All-in-One video converting tool with easy-to-use graphical interface, fast converting speed and excellent video quality. It allows you to effortlessly convert video files between every format! It can convert almost all video formats including DivX, XviD, MOV, rm, rmvb, MPEG, VOB, DVD, WMV, AVI to MPEG-4 movie format for iPod/PSP or other portable video device, MP4 player or smart phone. It also supports any user defined video file formats as the output. Any Video Converter makes it easy for anyone to enjoy the any format video with your iPod, PSP, mobile phone or MP4 player. 
Related Posts Plugin for WordPress, Blogger...