Freemake Video Converter 4.0.1.0 Final


ဒီကောင်လေးက ဖရီးပေးသုံးတဲ့ Freemake Video Converter 4.0.1.0 Final ဗါးရှင်းလေးပါ..။ ကျနော်တို့ရဲ့ ရုပ်ရှင်၊ Video နဲ့ သီချင်းတွေကို ဖေါ်မတ်အမျိုးမျိုး ပြောင်းပေးနိုင်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး ၊ အရင်တုန်းက တင်ပေးခဲ့တဲ့ Xilisoft Converter တွေနဲ့ အသုံးပြုပုံ တူပါတယ်..။ အောက်မှာလည်း ကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26.2 MB ရှိပါတယ်..။
Convert video free to AVI, MP4, WMV, MKV, SWF, 3GP, DVD, MPEG, MP3, iPod, iPhone, PSP, Android, rip & burn DVD, convert online videos, burn Blu-ray, and more. 


 ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဒေါင်းလော့ မယူတတ်သေးလို့ Error တက်တယ်လို့ ပြောတဲ့ သူများကတော့ ကျနော့် Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို အရင်ဖတ်ပေးပါ..။



ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း အသုံးပြုမယ့် အမျိုးအစား အလိုက် အပေါင်းပုံပါတဲ့ Menu နေရာက Button လေးတွေကို ရွေးပြီး နှိပ်ယူရမှာပါ..။ ကျနော်ကတော့ ဒီပိုစ့်မှာ သီချင်းတပုဒ်ကို လုပ်ပြပေးထားတာ ဖြစ်လို့ Video နေရာကို နှိပ်ပြီး အောက်ကပုံအတိုင်း သီချင်းတပုဒ်ကို သွားယူလိုက်ပါတယ်..။


အပြာရောင် မျှားပြထားတဲ့ နေရာကနေ နောက်ထပ် ဖေါ်မတ်တွေကို ရွေးယူလို့ ရပါသေးတယ်..။


အောက်ကပုံကတော့ မိမိတို့ လိုချင်တဲ့ သီချင်း အပိုင်းလေးကိုပဲ ဖြတ်ယူလို့ ရပါသေးတယ်..။ မျှားနီပြထားတဲ့ နေရာကနေ ဝင်ပြီး သီချင်းကို ဖြတ်ယူနိုင်ပါတယ်..။



အပေါ်ပုံကတော့ သီချင်းဖြတ်မယ့် နေရာလေးကို စလက်ပေးပြီး OK ပေးလိုက်ရင် ဖြတ်ယူလို့ ရပါပြီ..။ အောက်ကပုံကတော့ မိမိတို့ လိုချင်တဲ့ ဖေါ်မတ်ကို ရွေးပြီး ပြောင်းယူရမှာပါ..။ Past URL နေရာကတော့ သီချင်းတွေကို ဒီဆော့ဝဲလ်နဲ့ ဒေါင်းယူလို့ ရတဲ့ နေရာပါ..။ သီချင်းတပုဒ်ရဲ့ ဒေါင်းယူလို့ ရမယ့်လိပ်စာကို အဲ့ဒီနေရာမှာ ထည့်ပေးလိုက်ရင် အသုံးပြုလို့ ရသွားပါပြီ..။


ကျနော်က Android ဖုန်းအတွက် ပြောင်းပြထားပါတယ်..။ Samsung အတွက်ဆို  Samsung ပုံလေးပါတဲ့ အကွက်ကို နှိပ်ပါ..။ YouTube မှာ တင်ဖို့အတွက်ဆိုရင် Youtube ပုံပါတဲ့ အကွက်ကို နှိပ်ပြီး ပြောင်းပေးလိုက်ယုံပါပဲ..။
 အောက်ကပုံမှာတော့ မျှားအပြာရောင် နေရာကနေ မိမိတို့ ဖေါ်မတ်ပြောင်းထုတ်မယ့် ဖိုင်ကို သိမ်းယူဖို့ နေရာ ရွေးပေးရမှာ ဖြစ်ပါတယ်..။ ကျနော်ကတော့ သူပြထားတဲ့ အတိုင်း Video ဖိုင်ထဲမှာပဲ သွားရှာမှာပါ..။ ပြီးရင်တော့ Convert နေရာကို နှိပ်ပြီး ပြောင်းလိုက်လို့ ရပါပြီ..။




အောက်ဆုံးပုံအတိုင်း ပေါ်လာရင်တော့ OK ပေးပြီး ပိတ်လိုက်လို့ ရပါပြီ..။ ကျနော်ဖေါ်မတ်ပြောင်းထုတ်လိုက်တဲ့ သီချင်းကို Video ဖိုင်ထဲမှာ သွားယူလို့ရသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို  အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေဗျာ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...