AVG Internet Security 2013 - 2013.0.2677a5774

 AVG Antivirus ကို အရင်တုန်းက အစ်ကိုတစ်ယောက် တောင်းထားဖူးပါတယ်..။ ဖူးမရပဲ Trail ဗါးရှင်းတွေပဲ ရလာလို့ တင်မပေးတာပါ..။ ဒီကောင်လေးကတော့ AVG Internet Security 2013 အတွက်ပါ..။ Full သုံးလို့ ရမယ့် Keys တွေအများကြီး ထည့်ပေးထားပါတယ်..။ အောက်မှာ ဒီကောင်လေးကို Key ထည့်ပြထားးပြီ.. အသုံးပြုတတ်အောင်လို့ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. မိမိတို့ ဝင်းဒိုးရဲ့ ဗါးရှင်းအလိုက် 32-bit or 64-bit သက်ဆိုင်ရာ ဗါးရှင်းကို ရွေးပြီး ဒေါင်းယူပါ..။ ဆော့ဝဲလ်ကို မူရင်းဆိုဒ်ကနေ ဒါရိုက်လင့်ကို ဒေါင်းယူလို့ ရအောင် လင့်ပြန်ချိတ်ပေးထားပါတယ်.. သူ့အတွက် keys တွေကို ဒေါင်းလော့လင့် တင်ပေးထားတဲ့ စာမျက်နှာမှာ ဖေါ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..
အရင်တုန်းက အကိုတစ်ယောက်လည်း Windows 8 မှာ Antivirus ထည့်သုံးလို့ မရဘူးလို့ မေးဖူးပါတယ်.. ဒီ AVG Internet Security 2013 ကို ကျနော် Windows 8 နဲ့ အသုံးပြုပြထားတာပါ.. Windows 8 အသုံးပြုသူများအတွက် အဆင်ပြေစေမယ့် Antivirus ပရိုဂရမ်လေး တစ်ခုပါပဲ.. နောက်တခုက ဒီကောင်လးကို ထည့်ပေးပြီးရင် IDM အလုပ်လုပ်ဖို့ သူ့ရဲ့ Setting ထဲမှာပါ လိုက်ပြောင်းပေးရပါတယ်..။ အားလုံး အစအဆုံး ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..


ဒေါင်းယူလို့ ရလာတဲ့ AVG Internet Security 2013 ဆော့ဝဲလ်ကို ၂ချက်တောက်ပြီး Install ထည့်လိုက်ရင် အောက်ကပုံတွေအတိုင်း အဆင့်ဆင့်ပေါ်လာပါလိမ့်မယ်..။



ဒီအောက်က ပုံမှာ ပြထားတဲ့ နေရာကို ရောက်လာရင်တော့ သူပေးထားတဲ့ Keys တွေကို ဖျက်ပစ်လိုက်ပါ.. ကျနော်တင်ပေးထားတဲ့ Keys တွေထဲက တခုခုကို ဒီနေရာမှာ ပြောင်းထည့်ပေးလိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံတွေအတိုင်း ဆက်လုပ်သွားပေးပါ..



Finish ပေးပြီးရင် Restart တောင်းလာရင် စက်ကို အောက်ကပုံအတိုင်း Restart ပေးလိုက်ပါ..။ 


ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ကပုံအတိုင်း မြင်ရမှပါ..။ Update အရင်လုပ်ပါ..။



Update Completed ဖြစ်သွားရင်တော့ အောက်ကပုံအတိုင်း Setting ထဲမှာ နည်းနည်းလောက် ဝင်ပြင်ပေးကြည့်ရအောင်..




အပေါ်ပုံအတိုင်း Disable ဖြစ်နေတာကို Enable ဖြစ်အောင် လုပ်ပေးရပါမယ်.. ဘာလို့လဲဆိုတော့ ဒီကောင်လေးကို သူ့အလိုလို အချိန်မှန်မှန် အလုပ်လုပ်နေအောင် ဒီလို အမိန့်ပေးထားလိုက်ရင် အဆင်ပြေသွားပါပြီ.. အပေါ်ပုံနဲ့ အောက်ကပုံ အတိုင်း အဆင့်ဆင့် လုပ်ပေးသွားလိုက်ပါ..


အောက်ကပုံနေရာကို ရောက်ရင်တော့ နေ့စဉ်အလုပ်လုပ်နေအောင် အမှန်ခြစ်လေးတွေ ပေးပြီး 4:00 AM နေရာမှာတော့ မိမိတို့ ကြိုက်တဲ့ အချိန်ကို ပေးထားလိုက်ပါ.. နေ့စဉ် အဲ့ဒီအချိန်ရောက်ရင် ဒီကောင်လေး ပုံမှန် Run ပေးနေပါလိမ့်မယ်..။



အပေါ်ပုံတဆင့်ကတော့ မလုပ်လည်း ရပါတယ်.. ကျနော်ကတော့ လုပ်ထားလိုက်ပါတယ်..။ စက်ဖွင့်ဖွင့်ချင်း ဒီကောင်လေးကို အလုပ်ပေးထားတာပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း ကွန်ပျူတာ တခုလုံးကို စပြီး စစ်လို့ ရပါပြီ..


အောက်ကပုံတွေကတော့ ဗိုင်းရပ်စ်စသတ်နေပါပြီ..။



ကျနော်တို့ ဒီကောင်လေးကို ဒီတိုင်းပဲ လွှတ်ထားလိုက်ရင် ကျနော်တို့ လိုချင်တဲ့ ဖိုင်တွေကို ဒေါင်းလို့ မရအောင် ကွန်ပျူတာရဲ့ Firewall က IDM ကို အလုပ်ပေးမလုပ်ပါဘူး.. ဒါကြောင့် အောက်ကပုံလေးတွေ အတိုင်း လိုက်ပြောင်းပေးလိုက်ရင် မိမိတို့ရဲ့စက်မှာလည်း IDM အလုပ်လုပ်လို့ လိုချင်တဲ့ဖိုင်တွေကို ဒေါင်းယူလို့ ရသွားပါလိမ့်မယ်..။


အောက်ကပုံအတိုင်း အမှန်ခြစ်တွေ ဖြုတ်ပြီး Apply >> OK ပေးပါ..




အပေါ်ပုံအတိုင်း Firewall Setting မှာ ပြောင်းပေးလိုက်ရင် IDM အလုပ်လုပ်ပါပြီ.. ဒါပေမယ့် အောက်ကပုံအတိုင်း စာသားတွေ ပေါ်နေပါလိမ့်မယ်..။ ကွန်ပျူတာရဲ့ Firewall ကို ပိတ်ထားလိုက်လို့ ဒီလိုမျိုးစာသားတွေ ပေါ်နေတာပါ.. ဒါပေမယ့် ပြဿနာ မရှိပါဘူး.. နေ့စဉ် ပုံမှန် Update လုပ်ပေးနေရင် ဒီကောင်လေး အစွမ်းထက်နေပါလိမ့်မယ်..။ 


ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..

1 comment:

  1. အကိုလွင်ရေ ဒေါင်းသွားလိုက်တယ်နော်...

    ReplyDelete

Related Posts Plugin for WordPress, Blogger...