Yamicsoft Windows7 Manager 4.1.9 Final (With Microsoft .Net Framework 4.0.30319)

အရင်ဆုံး သိဖို့လိုတာက ဒီကောင်လေးကို Install ထည့်တဲ့ အချိန်ကနေစပြီး အသုံးပြုလို့ ပြီးတဲ့အထိ အင်တာနက်လိုင်းကို ပိတ်ထားရပါမယ်.. လိုင်းဖွင့်လိုက်တာနဲ့ Full မဖြစ်တော့ပါဘူး..။ အဲ့ဒါလေးကို တချက်သတိပြုပါ..။ ဒီပရိုဂရမ်က ဖူးသုံးလို့ မရပါဘူးလို့ ပြောကြမှာ စိုးလို့ပါ.. ဒီကောင်လေးကို အသုံးပြုတိုင်းမှာ Connection ပိတ်ထားပြီးမှ အသုံးပြုရင် ဖူးသုံးလို့ ရပါတယ်..။ နောက်တခုက ဒီကောင်လေးကို အသုံးပြုဖို့နဲ့ သူ့ထဲမှာပါတဲ့ Keygen ကို ဖွင့်သုံးနိုင်ဖို့ဆိုရင်.. စက်တော်တော်များများမှာ Microsoft .Net Framework ဆိုတဲ့ ဆော့ဝဲလ်တခု လိုပါလိမ့်မယ်.. အရင်တုန်းက တင်ပေးခဲ့တဲ့ Windows 7 Manager တခြားဗါးရှင်းတွေမှာ ဒီ MS .Net Frame ကို တင်ပေးခဲ့ပေမယ့် လင့်တွေပျက်ကုန်လို့ ပြန်ဒေါင်းလို့ မရတော့ပါဘူး.. ဒါကြောင့် ကျနော် Microsoft .Net Framework 4.0.30319 ကို ဒီဆော့ဝဲလ်နဲ့အတူ ပြန်တင်ပေးထားပါတယ်.. မူရင်း Microsoft ဝဘ်ဆိုဒ်မှာလည်း ဒီ .Net Framework ကို သွားယူလို့ ရပါတယ်.. Free ပေးပါတယ်..။ အခုဒီ Windows7 Manager 4.1.9 အသုံးပြုပုံကို အရင်ပိုစ့်တွေဖြစ်တဲ့ Windows7 Manager 4.1.3 နဲ့ Windows7 Manager 4.0.5 Portable ပိုစ့်တွေမှာ သွားပြန်ကြည့်လိုက်ပါဗျာ.. ဒီကောင်လေးကတော့ နောက်ဆုံးထွက် Version လေးပါ..။ Windows 7 အတွက် အများကြီး သုံးလို့ရတဲ့အတွက် အားလုံးကို လုပ်ပြပေးဖို့တော့ မလွယ်ပါဘူး.. ဒါကြောင့် အရင်ပိုစ့်တွေမှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ အနည်းငယ် လုပ်ပြထားပါတယ်.. အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ.. ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ .Net Framework က 41 MB ရှိပြီး.. Windows7 Manager 4.1.9 ကတော့ 9.1 MB ရှိပါတယ်..။ ဒေါင်းလော့ အဆင်မပြေသေးတဲ့ သူများကတော့ ဒေါင်းလော့ချနည်းပိုစ့်ကို Blog ညာဘက် အပေါ်ဆုံးမှာ ပြန်ကြည့်လိုက်ပါဗျာ..
ဒီပိုစ့်ရဲ့အောက်မှာတော့ ကျနော် ဖူးဖြစ်အောင် ဆော့ဝဲလ်နဲ့ .Net Framework ကို Install ထည့်ပြီးတဲ့အခါ Keygen နဲ့ ဖူးဖြစ်အောင် လုပ်ပြထားပါတယ်.. အသုံးပြုပုံကတော့ အရင်ပိုစ့်တွေမှာပဲ ပြန်ကြည့်ပေးပါ..
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့လိပ်စာ http://lwinminbo.blogspot.com/ ပါ.


ဒီဖိုင်ထဲမှာ ထည့်ပေးထားတဲ့ Keygen ကို ဖွင့်တဲ့အခါ အောက်ကပုံအတိုင်း ပေါ်လာရင် .Net Framework ကို ထည့်ပြီးမှ ဒီ Keygen ကို ဖွင့်သုံးလို့ ရမှာပါ..။ ဒါကြောင့် အောက်ကပုံတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။




Windows7 Manager 4.1.9 ကို Install ထည့်ပြီးတာနဲ့ အပေါ်ပုံအတိုင်း လက်ပုံလေး ပြထားတဲ့ နေရာကနေ ဖွင့်လို့ ရပါပြီ.. Keygen ဖွင့်ဖို့ Microsoft .Net Framework 4.0.30319 လိုအပ်တဲ့ စက်တွေမှာတော့ အောက်ကပုံအတိုင်း .Net Framework ကို Install ထည့်ပြီးမှ Keygen ကို ဖွင့်လို့ ရမှာ ဖြစ်ပါတယ်..




အပေါ်ပုံအတိုင်း .Net Framework ကို install ထည့်ပြီးသွားရင် Finish ပေးပြီး အောက်ကပုံအတိုင်း Windows 7 manager ကို ဖွင့်ပြီး keygen ထဲက သူ့အတွက် Key တွေကို copy-paste နဲ့ ထည့်ပေးလိုက်ပါ..။ အင်တာနက်လိုင်း ပိတ်ထားဖို့ သတိပြုပါ..။




အပေါ်ပုံအတိုင်း Registration Completed ဆိုရင်တော့ ဖူးသုံးလို့ ရသွားပါပြီ.. OK ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Yes ပေးလိုက်ပါ..။



အောက်ဆုံးပုံအတိုင်း ဆက်ပေါ်လာရင် OK ပေးပြီး ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ.. အင်တာနက်လိုင်း ပိတ်ထားပြီးမှာ ဒီကောင်လေးကို အသုံးပြုပေးပါ..။ အသုံးပြုပုံကို အရင်ပိုစ့်တွေမှာ ပြန်ကြည့်လိုက်ပါဗျာ..

1 comment:

  1. မရတဲ့ လင့်တွေပါ
    <>-.NetFramework1~~>>http://www.ziddu.com/download/21191650/LMB.MSNetFWk4030319.rar.html<<=~~~~
    <>-.NetFramework2~~>>http://www.sharebeast.com/alf2uachgt9w<<=~~~~
    <>-.NetFramework3~~>>http://www.mediafire.com/?83tds1zl7ci68m7<<=~~~~

    ReplyDelete

Related Posts Plugin for WordPress, Blogger...