=================================================
7 May 13, 09:41 PM
ကိုနိုင်လင်း: ကိုလွင်မင်းဗိုလ် ခင်ဗျာ ကိုယ်ရဲ့ဆိုဒ်ကို ညွှန်းချင်ရင် ကုဒ်လို့ ပုံလေးနဲ့တင်ထားတာကို အောက်မှာ BOX ကလေး နဲ့ အပေါ်မှာ ကိုယ်ညွှန်းတဲ့ပုံလေးဖြစ်အောင် ဘယ်လိုများ လုပ်ထားပါသလဲခင်ဗျာ
ကိုနိုင်လင်း: ကိုလွင်မင်းဗိုလ် ခင်ဗျာ ကိုယ်ရဲ့ဆိုဒ်ကို ညွှန်းချင်ရင် ကုဒ်လို့ ပုံလေးနဲ့တင်ထားတာကို အောက်မှာ BOX ကလေး နဲ့ အပေါ်မှာ ကိုယ်ညွှန်းတဲ့ပုံလေးဖြစ်အောင် ဘယ်လိုများ လုပ်ထားပါသလဲခင်ဗျာ
ဒီမေးခွန်းလေးကတော့ နည်းနည်းကြာသွားပါပြီ..။ ဒီလိုလုပ်နည်းလေးတွေကို အရင်တုန်းကလည်း မေးထားခဲ့တဲ့ Blogger တွေ တော်တော်များများရှိခဲ့ပါတယ်..။ အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။ လုပ်နည်းက သိပ်တော့ မခက်ပါ..။ အောက်မှာပုံလေးတွေနဲ့ တဆင့်ချင်းစီ လုပ်တတ်အောင် ပြပေးထားပါတယ်..။
မိမိတို့ Blog အတွက် Animated စာလုံးတွေကို မိမိတို့ကိုယ်တိုင် ကြိုက်သလို ဖန်တီးလိုက်ပါ..။ ကျနော့် Blog မှာလည်း Animated စာလုံးတွေ ဖန်တီးတတ်အောင် ပိုစ့်တွေ အများကြီးတင်ပေးခဲ့ဖူးပါတယ်..။ မိမိတို့ ကျွမ်းကျင်ရာ ၊ အဆင်ပြေရာနဲ့ Animated စာလုံးတွေကို ဖန်တီးပြီးသွားရင်တော့ Blog ရဲ့ ပိုစ့်အသစ်ဖန်တီးတဲ့နေရာမှာ အဲ့ဒီ Animated စာလုံးတွေကို Upload တင်လိုက်ပါ..။ ပြီးရင်တော့ အောက်မှာ ပေးထားတဲ့ HTML ကုဒ်တွေကို ယူပါ..။ အဲ့ထဲမှာမှ Animated စာလုံးအတွက် လင့်၂နေရာနဲ့ နာမည်ကို လိုက်ပြောင်းထည့်ပေးလိုက်ရင် ကျနော့် Blog ညာဘက်မှာ ပြထားသလို မိမိတို့ Blog မှာလည်း ပေါ်နေပါလိမ့်မယ်..။
ဒီလို HTML ကုဒ်ဘောက်စ်လုပ်နည်းတွေနဲ့ ပါတ်သက်လို့ HTML ကုဒ်တွေ အမျိုးမျိုးရှိပါတယ်..။ ဘယ်ဆိုဒ်ကပဲယူယူ.. ဒီလို ကုဒ်ဘောက်စ်လုပ်နည်းကတော့ အတူတူပါပဲ..။ အခုကျနော် ပေးလိုက်တဲ့ HTML ကုဒ်တွေကတော့ ကျနော့် Blog မှာ လက်ရှိအသုံးပြုထားတဲ့ ကုဒ်တွေပဲ ဖြစ်ပါတယ်..။ အဆင်သင့် copy ယူပြီး Animated စာလုံးလင့်နဲ့ နာမည်ပြောင်းထည့်လိုက်ရင် မိမိတို့ အတွက် အသုံးဝင်ဖြစ်ပါပြီ..။ ဒီအောက်မှာ ဖေါ်ပြပေးထားတဲ့ HTML ကုဒ်တွေကတော့ ကျနော့် Blog စလုပ်ခါစက English ဆိုဒ်တွေက လိုက်ရှာထားတဲ့ ကုဒ်တွေပဲ ဖြစ်ပါတယ်..။ HTML ကုဒ်ဘောက်စ်အတွက် လုပ်နည်းနဲ့ ကုဒ်တွေကို လိုအပ်တဲ့ သူများကတော့ အောက်မှာ ယူနိုင်ပါတယ်..။

အောက်က ဘောက်စ်ထဲမှာ ပေးထားတဲ့ HTML ကုဒ်တွေ အားလုံးကို အောစလက်ပေးပြီး copy ယူလိုက်ပါ..။ ပြီးရင် မိမိတို့ ဝင်းဒိုးရဲ့ Notepad မှာ paste ထည့်ပြီး မှတ်ထားလိုက်ပါ..။
ကျနော်တို့ Blog ကို Log in ဝင်ပြီးတဲ့ အခါ အောက်ကပုံအတိုင်း Layout ကို သွားပါမယ်..။
အပေါ်က ပုံတွေအတိုင်း အဆင့်ဆင့် Layout >> Add a Gadget >> HTML/javaScript နေရာကို ဖွင့်ထားလိုက်ပါ..။
နောက်တဆင့်ကတော့ ကျနော်တို့ Blog ရဲ့ ပိုစ့်အသစ် ဖန်တီးတဲ့နေရာကို ဝင်လိုက်ပါ..။ ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ကျနော် ဖန်တီးထားတဲ့ Animated စာလုံးတွေကို Upload တင်ပါတယ်..။ တင်ပြီးတာနဲ့ Save ကို တချက်ကလစ်ပေးလိုက်ပါ..။ Auto Save ဖြစ်ပေမယ့် ပိုသေချာအောင် Save ကို တချက်နှိပ်ပေးလိုက်ပါတယ်..။ Publish စာသားကို လုံးဝ မနှိပ်ပါနဲ့..။ Save ပြီးရင် ဒီအတိုင်းပဲ ထားပေးရမှာပါ..။ Save ထားတဲ့ ပိုစ့်ကို ဖျက်ပစ်လို့လည်း မရပါ..။ Blog မှာ သိမ်းထားရမှာ ဖြစ်တဲ့အတွက် Save နှိပ်ပြီးရင် လုံလောက်ပါပြီ..။ ပြီးရင်တော့ အောက်က ပုံတွေအတိုင်း အဆင့်ဆင့် လုပ်ပေးရအုန်းမှာပါ..။
အပေါ်ပုံမှာ ပြထာတဲ့အတိုင်း မိမိအသုံးပြုလိုတဲ့ Animated ပုံပေါ်မှာ မောက်စ်မျှားတင် Right Click >> Copy Link Location ( တခြား Browser တွေမှာ Copy Link Address လို့ပေါ်ပါတယ်..။) စာသားကို တချက်ကလစ်လိုက်ပါ..။
ပြီးရင် မိမိတို့ ဝင်းဒိုးရဲ့ Notepad မှာ အောက်ကပုံအတိုင်း paste နဲ့ ထည့်ပြီး အရင်မှတ်ထားလိုက်ပါ..။
နောက်တဆင့်ကတော့ ကျနော် အပေါ်မှာ ဘောက်စ်လေးနဲ့ ပေးထားတဲ့ HTML ကုဒ်တွေကို copy ယူပြီး အောက်မှာ ပြထားတဲ့ အတိုင်း Animated စာလုံးရဲ့ လင့်နဲ့ မိမိရဲ့ နာမည်၊ မိမိ Blog ရဲ့ လိပ်စာတွေကို ပြောင်းထည့်ပေးလိုက်ပါ..။
(ဥပမာ.. မိမိတို့ Blog Post မှာ Upload တင်ထားတဲ့ Animated စာလုံးရဲ့ လင့်က ဒီအတိုင်း ဖြစ်နေပါလိမ့်မယ်.. https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyWKtwsI5rdeo5nmnwfjUg_Sluh0VDpSOCehhrrjHTxSpguvsUSpJd7bIxKaIMNr63QLaUXIOcvonW_oLuoY-74E05M-UthH2f578XQtIStiBc7ntVW6ME7J11JmMkZJh0YfzZDq4yGvU/s1600/lwinminbo.icon..gif အဲ့ဒီလင့်ကို အောက်ကပုံမှာ အနီရောင်နဲ့ ပြပေးထားတဲ့ လင့်နေရာမှာ အစားထိုး၊ ပြောင်းထည့်ပေးရမှာပါ..။ ) အပြာရောင်နဲ့ အစိမ်းရောင် နေရာတွေမှာတော့ မိမိနာမည်နဲ့ မိမိရဲ့ Blog လိပ်စာကို ပြောင်းထည့်ပေးလိုက်ပါ..။ ကြည့်ရရှင်းအောင် စာကြောင်းတွေ ချဲပြပေးထားတာပါ..။ Blog မှာ ထည့်ရင်တော့ စာကြောင်းမချဲပဲ ထည့်ပေးပါ..။
<div class="grab-button" style="center">
<img src="http://i1250.photobucket.com/albums/hh524/lwinminbo/fcf52fc2.gif" alt="Lwinminbo" width="200" height="50" />
<!--end grab button header -->
<!-- button code box -->
<textarea class="button-markup" rows="2" cols="28">
<div class="Lwinminbo" style="center">
<a href="http://lwinminbo.blogspot.com/">
<img src="http://i1250.photobucket.com/albums/hh524/lwinminbo/fcf52fc2.gif" alt="Lwinminbo" width="200" height="50" />
</a>
</div><!--end button code box-->
</textarea>
</div> <!--end grab-button -->
ပြီးရင်တော့ အပေါ်ပိုင်း အဆင့်မှာ ပြပေးထားတဲ့အတိုင်း Layout >> Add a Gadget >> HTML/javaScript နေရာကို ပြန်ဝင်ပြီး ၊ ပြန်သွားပြီး အောက်ကပုံလေးတွေ အတိုင်း မိမိပြောင်းလဲထားတဲ့ HTML ကုဒ်တွေကို copy-paste နဲ့ ထည့်ပြီး Save နှိပ်ပေးလိုက်ပါ..။
အပေါ်ပုံ Title နေရာမှာတော့ မိမိတို့ ရေးချင်တာကို ရေးထည့်လိုက်ပါ..။ ပြီးရင် Save ကို နှိပ်ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း အခုဖန်တီးလိုက်တဲ့ Button Gadget လေးကို မိမိ Blog ရဲ့ ထားလိုတဲ့ နေရာကို မောက်စ်နဲ့ ဖိဆွဲပြီး ရွှေ့ထားလိုက်ရင် ရပါပြီ..။ ပြီးရင်တော့ Save arrangement စာသားကို တချက်နှိပ်ပေးလိုက်ပါ..။ မိမိတို့ Blog ကို Refresh (or) View Blog နဲ့ ပြန်ကြည့်လိုက်ရင်.. အခုကျနော့် Blog ညာဘက်မှာ ပေါ်နေသလိုမျိုး Animated စာလုံးလေးနဲ့ ကုဒ်ဘောက်စ်လေး ပေါ်နေပါပြီ..။
မိမိတို့ Blog ရဲ့ Posts နေရာကို ကလစ်ပြီး ကြည့်လိုက်ရင်တော့ အောက်ကပုံမှာ ပြထားတဲ့ ကျနော့် Blog မှာ မြင်ရတဲ့ အတိုင်း Draft စာသားနဲ့ အတူ ရှိနေပါလိမ့်မယ်..။ ဒီအတိုင်းပဲ ထားပေးရမှာပါ..။ နောက်ထပ် Animated စာလုံးအသစ်တွေ ထပ်ဖန်တီးပြီးတဲ့ အခါမှာလည်း ဒီ Draft ပိုစ့်ထဲမှာ ထပ်ထည့်သိမ်းထားလို့ ရပါသေးတယ်..။ ပုံတွေ တင်ပြီးတဲ့ အခါတိုင်း Save နှိပ်ပြီး Draft ထဲမှာ သိမ်းထားခြင်းဖြင့် မိမိတို့ရဲ့ Animated ပုံလေးတွေကို သက်ဝင်လှုပ်ရှားနေစေပါတယ်..။ ဒီနေ့ပိုစ့်ကတော့ ဒီမှာတင် ပြီးသွားပါပြီ..။ Blogger လူသစ်များအားလုံး အဆင်ပြေစွာ လုပ်တတ်ကိုင်တတ်၍ နည်းပညာများ တိုးတက် အောင်မြင်ပါစေ..။
ကျေးဇူးတင်ပါတယ် အကို ကျနော့ရဲ့  code အကွက်ထဲမှာ code မပေါ်ဘူးဖြစ်နေလို့ ပါ နောက်ဆုံးပြင်ထားတဲ့ code ကိုပဲပြန်ထည့်ပေးရမလားခဗျာ မသိလို့ ပါ ကျေးဇူးအများကြီးတင်ပါတယ် http://naymyomobile.blogspot.com/ ပါ
ReplyDeleteကျေးဇူးအထူးတင်ပါတယ်
ReplyDeletephoneနဲ့ရောဘယ်လိုလုပ်ရမလဲ လုပ်လို့ရပါသလား
ReplyDeleteကျေးဇူးအများကြီးတင်ပါ့စ်
ReplyDeleteဆ၇ာ ကွန်ပျုတာထဲက video ကို html ကုတ်ဖြစ်အောင်ဘယ်လိုလုပ်လဲ မသိဘူးဆရာ solidfiles upload နဲ့တင်ချင်လို့ပါဆရာ video player မပေါ်ဘဲ download link ဘဲပေါ်နေလို့ဆရာ ကူညီပါဦး
ReplyDelete