K-Lite Codec Pack 9.9.0.0 Full Final - (Windows Media Player နဲ့ ဖေါ်မတ်အားလုံးနီးပါး ဖွင့်လို့ရအောင် လုပ်နည်း)

ဒါကတော့ K-Lite Codec Pack 9.9.0.0 Full Final ဗါးရှင်းလေးပါ..။ ကျန်ခဲ့တဲ့ ၃၊၄-ရက်က Cbox မှာ အစ်ကိုတစ်ယောက်က Flash Songs တွေ ဖွင့်မရလို့ မေးထားခဲ့ဖူးပါတယ်..။ သီချင်းက ဘာဖေါ်မတ်မှန်း မသိလို့ အတိအကျ ဖြေပေးဖို့ ခက်ပါတယ်..။ ဒီကောင်လေးကတော့ ဝင်းဒိုးထဲမှာပါတဲ့ Windows Media Player ကိုပါ Support လုပ်တဲ့အတွက် ဒီကောင်လေးကို Install ထည့်ပေးပြီးသွားရင် သီချင်း ၊ Video ဖေါ်မတ်အားလုံးနီးပါးကို Windows Media Player နဲ့ အလွယ်တကူ ဖွင့်လို့ ရသွားပါလိမ့်မယ်..။ ဒီကောင်လေးထဲမှာပါတဲ့ Media Player Classic နဲ့လည်း ဖွင့်သုံးလို့ ရသွားပါလိမ့်မယ်..။ အများကြီး လုပ်ပေးဖို့ မလိုပါဘူး.. ဒီဆော့ဝဲလ်ကို Install ထည့်တဲ့အချိန်မှာ အောက်ကပုံလေးတွေနဲ့ ပြပေးထားတဲ့အတိုင်း အမှန်ခြစ်လေးတွေ ပေးပြီး Install ထည့်ပေးလိုက်ရင် အဆင်ပြေပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 18.8 MB ရှိပါတယ်..။ ဖရီးပေးသုံးတဲ့ ဖရီးဆော့ဝဲလ်လေးပါပဲ..။



ဒီအောက်ကပုံလေးတွေကတော့ ကျနော် .flv ဖေါ်မတ်နဲ့ သီချင်းကို Windows Media Player နဲ့ ဖွင့်ထားတာပါ..။ Support မလုပ်တဲ့အတွက် ဖွင့်လို့ မရပါဘူး..။ အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်..။




အပေါ်က ပုံကတော့ သီချင်းတစ်ပုဒ်ကို ဘာဖေါ်မတ်လည်း သိရအောင် သီချင်းပေါ်မှာ Right Click >> Properties ကနေ ဝင်ကြည့်လိုက်တာပါ..။ (.FLV) ဖေါ်မတ်နဲ့ပါ..။
ဒီဆော့ဝဲလ်ကို Install ထည့်တဲ့အခါမှာတော့ အောက်ကပုံလေးတွေအတိုင်း လုပ်လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါပြီ..။



အောက်ကအဆင့်ကို ရောက်ရင်တော့ ပုံမှာပြထားတဲ့အတိုင်း Select All ၂-နေရာကို နှိပ်ပြီး လုပ်သွားလိုက်ပါ..။



အပေါ်အဆင့်မှာရော အောက်ကအဆင့်မှာပါ Select All နဲ့ ဆက်လုပ်သွားလိုက်ပါ..။



မနေ့ကတင်ပေးထားခဲ့တဲ့ ပိုစ့်အတိုင်း Toolbar တွေကို ဖြုတ်ထားခဲ့လိုက်ပါ..။





Finish ပေးပြီးသွားရင်တော့ အောက်ကပုံအတိုင်း .flv ဖေါ်မတ်နဲ့ တခြားသီးချင်း ဖေါ်မတ်အားလုံး နီးပါးကို ဝင်းဒိုးထဲမှာပါတဲ့ Windows Media Player နဲ့ ဖွင့်သုံးလို့ ရသွားပါပြီ..။ Video လေးတွေကလည်း အောက်ကပုံအတိုင်း ပုံလေးတွေနဲ့ ပေါ်နေပါပြီ..။


ဒါဆိုရင် ဒီကောင်လေးနဲ့ သီချင်းအားလုံးကို ဖွင့်သုံးဖို့ အဆင်ပြေသွားပါပြီ..။

2 comments:

  1. But unable to download the file.

    ReplyDelete
  2. အကို ဒေါင်းမရဘူးဗျာ..ပြန်စစ်ပေးပါလား ခင်ဗျာ ကျွန်တော့မှာ windown medial player ဖွင့်မရဘူးဖြစ်နေလို့ပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...