Ashampoo Burning Studio 14 Build 14.0.3.12 Final


kowai yan;  5 February 2014 19:36
ashampoo burning studio 12 ဖူသုံးချင်လို့ပြန်တင်ပေးပါလားအကို အကိုတင်ထားတဲ့ဟာက delete ဖြစ်သွားပြီးအကို ကျေးဇူးပါပဲ
 CD/DVD အခွေ Burn တဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးကလည်း နာမည်ရှိတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ နောက်ဆုံးထွက် Update ဗါးရှင်းအသစ်လေးကိုပဲ တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးမှာ Burning အပြင် တခြား အသုံးပြုလို့ ရတဲ့ Features တွေကတော့.. ဓါတ်ပုံတွေကို DVD ဆလိုက်ရှိုး ဖန်တီးယူနိုင်မှာ ဖြစ်ပြီး၊ CD/DVD တွေအတွက် Cover မျက်နှာဖုံး တွေကိုပါ ဖန်တီးယူနိုင်မှာ ဖြစ်ပါတယ်..။ ISO ဖိုင်တွေကို Disc Image အဖြစ် CD/DVD နဲ့ Burn လို့ ရမှာ ဖြစ်ပြီး ၊ Blu-ray DVD နဲ့ DVD Copy အပြင်၊ VCD နဲ့ SVCD အခွေတွေကိုပါ ဒီကောင်လေးနဲ့ အသုံးပြု Burn နိုင်ပါတယ်..။ ဟိုးအရင်တုန်းက ကျနော်ပိုစ့်တင်ပေးခဲ့ဖူးတဲ့ CD/DVD နဲ့ အခွေ Burn နည်း လမ်းညွှန်ပိုစ့်ကို ဒီ Ashampoo Burning Studio ဆော့ဝဲလ်နဲ့ လုပ်ပြပေးခဲ့တာ ဖြစ်ပါတယ်..။ ပုံလေးတွေနဲ့ လုပ်ပြပေးထားဖူးတဲ့ အဲ့ဒီပိုစ့်ကို မသိသေးတဲ့သူများ လေ့လာလိုရင်တော့ ဒီမှာကလစ်ပြီး ပြန်ကြည့် လေ့လာနိုင်ပါတယ်..။ အခုဒီနောက်ဆုံးထွက် Update အသစ်လေးကို crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုရမှာဖြစ်လို့ အောက်မှာလည်း ပုံလေးတွေနဲ့ ဖူးဖြစ်အောင် လုပ်ပြပေးထားပါတယ်..။ ဆော့ဝဲလ်ကို မူရင်းဆိုဒ်မှ ဒါရှိုက်လင့်နဲ့ ချိတ်ပေးထားပြီး၊ 167 MB ရှိပါတယ်..။ ဖူးဖြစ်အောင် လုပ်ပေးရမယ့် crack ဖိုင်လေးကိုတော့ သီးသန့် ခွဲပြီး တင်ပေးထားလို့ အသုံးပြုလိုတဲ့ သူများကတော့ ဆော့ဝဲလ်နဲ့ crack နှစ်ခုစလုံးကို ဒေါင်းယူရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ crack ဖိုင်လေးကတော့ 430 kb ပဲ ရှိပါတယ်..။

 Ashampoo 14 crk (430 kb)
(OR)
Ashampoo 14 crk (430 kb)



ဒီဆော့ဝဲလ်ကို Install ထည့်ပြီးရင်တော့ အပေါ်ပုံအတိုင်း ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း crack ဖိုင်လေးကို ၂-ချက်တောက်ပြီး Run ပြီး Yes >> OK ပေးလိုက်ရင် ဒီနောက်ဆုံးထွက် Update လေးကို ဖူးသုံးလို့ ရသွားပါပြီ..။




 အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...