Subtitle Edit 3.3.13 Final + Portable

DVD မှ Video တွေကို ကြည့်တဲ့အခါ၊ English, Chinese, Thailand စသဖြင့် Subtitle လို့ခေါ်တဲ့ စာတန်းထိုးတွေကို မိမိတို့ ဖတ်တတ်တဲ့ ဘာသာစကားနဲ့ စာသားတွေကို ရွေးယူပြောင်းကြည့်လို့ ရတတ်တဲ့၊ Subtitle ပါတဲ့ ရုပ်ရှင်ကားတွေအတွက် ဒီဆော့ဝဲလ်လေးနဲ့ မိမိတို့ အသုံးပြုလိုတဲ့ Subtitle စာသားတွေကို Edit/Create စသဖြင့် မိမိတို့ စိတ်တိုင်းကျ ဖန်တီးယူနိုင်မှာ ဖြစ်ပါတယ်..။ ကျနော့်သူငယ်ချင်း တစ်ယောက်က Video တွေမှာ စာတန်းထိုးလို့ရတဲ့ ဒီလို Subtitle Editor ဆော့ဝဲလ်လေးတွေနဲ့ လုပ်နည်းတွေကို တင်ပေးဖို့ တောင်းထားတာ ကြာပါပြီ..။ ဒီနေ့မှပဲ ဒီဆော့ဝဲလ်နဲ့ အသုံးပြုနည်း Video ဖိုင်လေးတွေကို ရှာပြီး တင်ပေးဖြစ်ပါတော့တယ်..။ ဝါသနာပါတဲ့သူများအတွက် ဒီပိုစ့်ရဲ့ အောက်ဆုံးမှ Video ဖိုင်လေးတွေနဲ့ ဒီဆော့ဝဲလ်ကို အလွယ်တကူ လေ့လာ အသုံးပြုတတ်ပါလိမ့်မယ်..။ ဒီကောင်လေးတွေက ဖရီးဆော့ဝဲလ်လေးတွေ ဖြစ်ပြီး ဒီပိုစ့်မှာ Setup ဖိုင်အပြင် Portable လေးနဲ့ပါ ၂-မျိုးသုံးလို့ ရအောင် ပူးတွဲတင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.8 MB ရှိပါတယ်..။


Portable လေးကတော့ ၂-ချက်ကလစ်ပြီး အသုံးပြုနိုင်ပါပြီ..။ Setup ဖိုင်ကတော့ Install ထည့်ပြီးမှ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။

အောက်က Video ဖိုင်လေးတွေကို ကြည့်ပြီး လေ့လာလို့ အဆင်ပြေ တတ်မြောက်မှာ ဖြစ်ပါတယ်..။ အားလုံးပဲ လုပ်တတ်၍ အဆင်ပြေကြပါစေ..။

 


1 comment:

  1. How do I create Burmese Sub Titles. Soft Edit program cannot accept the Burmese Font. Any suggestions? Thanks.

    ReplyDelete

Related Posts Plugin for WordPress, Blogger...