Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း

Android စမတ်ဖုန်းတွေနဲ့ Tablet တွေကို Android .apk ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်လို့ အဆင်မပြေတဲ့အခါ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးမှ Root ဖေါက်လို့ ရတတ်ပါတယ်..။ ကွန်ပျူတာနဲ့ Android ဖုန်းတွေ ချိတ်ဆက်တဲ့အခါမှာလည်း မိမိကွန်ပျူတာက Android ဖုန်း အမျိုးမျိုးကို သိဖို့၊အလုပ်လုပ်နိုင်ဖို့အတွက် ဒီလင့်ကပိုစ့်မှာ Android USB Drivers တွေ ထည့်တတ်အောင် ပြပေးထားပြီးပါ..။ အခုလည်း Lenovo Tablet Android 4.4.2 ကို အရင်ဗါးရှင်း Root apk လေးတွေနဲ့ Root မနိုင်တဲ့အတွက် ဒီ ကွန်ပျူတာ ဆော့ဝဲလ် Kingo Root နဲ့ မှ အဆင်ပြေပါတယ်..။ Kingo Root ကို အမြဲတမ်း နောက်ဆုံးဗါးရှင်းတွေ ဒေါင်းယူလို့ ရအောင် မူရင်းဆိုဒ်မှာ သွားရောက် ဒေါင်းယူနိုင်တဲ့လင့်ကို ဒီပိုစ့်မှာ ချိတ်ပေးထားပါတယ်..။ Kingo Root အရင် ဗါးရှင်းတွေက Android အရင်ဗါးရှင်းတွေကို Root နိုင်ပေမယ့်.. Android နောက်ဆုံးဗါးရှင်းတွေဆိုရင်တာ့ Kingo Root ဆော့ဝဲလ်ကိုလည်း နောက်ဆုံးဗါးရှင်းတွေ လိုက်သုံးပေးမှ Root ဖေါက်နိုင်ပါတယ်..။ 
Lenovo Tablet Android 4.4.2 ကို Root ဖေါက်ပြီးရင် မြန်မာစာရဖို့အတွက် Zawgyi Changer ၂-ခုကို ဆက်ပြီး ထည့်ပေးမှ အဆင်ပြေပါတယ်..။ လိုအပ်တဲ့ဆော့ဝဲလ် apk လေးတွေကို အောက်ကလင့်တွေမှာ တစုတစည်း ပေါင်းထည့်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူပြီး.. လုပ်နည်းနဲ့ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ apk လေးတွေက 10.5 MB ရှိပြီး.. Kingo Root တူးကတော့ 18 MB ရှိပါတယ်..။


 (OR)



 အပေါ်လင့်က ဆော့ဝဲလ်တွေ ဒေါင်းယူပြီးရင်တော့ အရင်ဆုံး လုပ်ရမှာက Android Setting ထဲကို သွားပြီး အောက်ဆုံးက About နေရာကို ဝင်ပါ..။ အဲ့ထဲမှာ Build Number လို့ ပေါ်နေတဲ့ စာသားလေးကို ၇-ချက် တောက်ပေးပြီး Developer Options ကို ဖွင့်ပါ..။ အောက်က ဒုတိယ ပုံမှာ Developer Options ပေါ်နေပါပြီ..။



Developer Options ထဲမှာ ဝင်ပြီး အောက်ကပုံအတိုင်း USB Debugging မှာ အမှန်ခြစ်တပ်ပေးပါ..။ နောက်တခုက Setting >> Security >> Unknown Sources မှာ အမှန်ခြစ် ထပ်တပ်ပေးပါ..။ ဒါဆိုရင် Android ဖုန်းတွေနဲ့ Tablet တွေကို ကွန်ပျူတာနဲ့ Root ဖေါက်ပြီး ဆော့ဝဲလ် apk တွေ ထည့်သုံးဖို့ အဆင်သင့် ဖြစ်သွားပါပြီ..။


ကွန်ပျူတာမှာရော ဖုန်းမှာပါ အားလုံး အဆင်သင့် ဖြစ်သွားပြီ ဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို Via USB ကြိုးနဲ့ ချိတ်လိုက်ပါ..။ Android Tablet သို့မဟုတ် ဖုန်းမှာ အောက်ကပုံလေးအတိုင်း စပေါ်လာရင် အမှန်ခြစ်ပေးပြီး OK ပေးထားလိုက်ပါ..။


မိမိတို့ ကွန်ပျူတာက Kingo Root တူးမှာလည်း အောက်ကပုံလေးအတိုင်း ပြနေပါလိမ့်မယ်..။ ဒါဆိုရင် အပေါ်ကပုံအတိုင်း လုပ်ပေးလိုက်ပါ..။



အပေါ်ကပုံတွေအတိုင်း OK ပေးပြီး Connect လုပ်လို့ ကွန်ပျူတာနဲ့ဖုန်း မိသွားပြီဆိုရင်တော့ အောက်ကပုံလေးအတိုင်း Kingo ဆော့ဝဲလ်မှာ Root စာသားလေး ပေါ်နေပါပြီ..။ ဒါဆိုရင် Root စာသားလေးကို တချက်ကလစ်ပေးလိုက်ပါ..။ ကွန်ပျူတာမှာ အင်တာနက် ဖွင့်ထားဖို့ မမေ့ပါနဲ့..။ 



အပေါ်ကပုံအတိုင်း အင်တာနက်ကနေ ဖိုင်တွေ ဆွဲထည့်နေပါလိမ့်မယ်..။ မိမိတို့ Android Tablet ၊ ဖုန်းမှာ ပထမတခါ Restart ကျသွားပြီးရင် ထပ်စောင့်နေပေးပါ..။ ဒုတိယတခါ ထပ်ပြီး Restart ကျပြီးရင်တော့ အောက်ကပုံအတိုင်း Root Succeeded စာသား ပြောင်းပေါ်လာရင် မိမိတို့ ဖုန်းကို အောင်မြင်စွာ Root ဖေါက်လို့ ရသွားပါပြီ..။


ကွန်ပျူနဲ့ Tablet/ဖုန်း ကို USB ကြိုး မဖြုတ်ပဲ ဆက်တပ်ထားရင်တော့ အပေါ်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။ ဒါဆိုရင် Root ဖေါက်လို့ အောင်မြင်တယ်ဆိုတာ ပိုသေချာသွားပါပြီ..။ မိမိတို့ Tablet/ဖုန်းမှာလည်း အောက်ကပုံအတိုင်း SuperSU ပုံလေး ပေါ်နေပါလိမ့်မယ်..။ 


ကျနော်တင်ပေးလိုက်တဲ့ Zawgyi Changers နဲ့ Busy Box apk ဆော့ဝဲလ်တွေကို Via USB (or) SD Card ဖြင့် Tablet/ဖုန်းထဲမှာ Install ထည့်ထားလိုက်ပါ..။ အရင်ဆုံး Z.F.C-442 ဆော့ဝဲလ်ကို ဖွင့်ပါ..။ အောက်ဒုတိယပုံအတိုင်း ပေါ်လာရင် Grant စာသားကို မိအောင် အရင်နှိပ်ပေးလိုက်ပါ..။





အပေါ်ကပုံအတိုင်း Busy Box တောင်းပါလိမ့်မယ်..။ အောက်ကပုံအတိုင်း Busy Box ကို ထပ်ထည့်ပြီး Install ထည့်ပေးပါ..။



အပေါ်ကပုံအတိုင်း Busy Box ကို Install စာသားနေရာမှာ တောက်ပြီး ထပ်ထည့်ပေးပြီးရင်တော့ အောက်ကပုံအတိုင်း Z.F.C-442 ကို ပြန်ဖွင့်ထည့်ပါ..။ ဒီတခါမှာတော့ Install Zawgyi စာသားကို နှိပ်လို့ ရသွားပြီဖြစ်လို့ ၎င်းစာသားကို နှိပ်ပေးလိုက်ပါ..။




အပေါ်ပုံအတိုင်း Restart ပေးပြီးရင်တော့ မိမိတို့ Tablet/ဖုန်းမှာ အောက်ကပုံလေးအတိုင်း မြန်မာစာ ရေးလို့ ရသွားပါပြီ..။


ဒါပေမယ့် Browser တွေမှာတော့ စာသားတွေပေါ်တာ မှန်ပေမယ့် ခေါင်းစဉ်တွေမှာ မမှန်သေးပါဘူး..။ ဒါကြောင့် နောက်ထပ် Zawgyi Changer တခုကို ထပ်ထည့်ပေးလိုက်ပါ..။ 


ဒါကတော့ MM Aio Font Changer ပါ..။ ဒီဆော့ဝဲလ်တွေ ဖွင့်တဲ့အခါတိုင်း Root တူးက ဝင်ခွင့်တောင်းရင် Grant စာသားကို အပေါ်ပိုင်းပုံမှာ ပြထားတဲ့အတိုင်း နှိပ်သွားပေးပါ..။ သူပြထားတဲ့ ဗါးရှင်းတွေအတိုင်း ထည့်ပါတယ်..။ 4.3 မှ 4.4.2 ကို ရွေးပြီး မြန်မာစာ သွင်းရန်ကို နှိပ်ပေးလိုက်ပါတယ်..။



ခဏကြာတာနဲ့ မိမိတို့ရဲ့ Tablet/ဖုန်းက Restart ကျသွားပြီး ပြန်တက်လာရင်တော့ အောက်ကပုံအတိုင်း မြန်မာစာ အားလုံး အမှန်ရသွားပါပြီ..။

ဒီ Kingo Root တူးဖြင့် ဖုန်းတွေ Root ဖေါက်နည်းကို အရင်ပိုစ့်ဖြစ်တဲ့ Sony Xperia J ဖုန်း Root ဖေါက်နည်း ပိုစ့်မှာ တင်ပြပေးခဲ့ဖူးပါတယ်..။ ဒါကတော့ နောက်ဆုံးဗါးရှင်းနဲ့ အသုံးပြုနည်း ထပ်တင်ပေးလိုက်တာပါ..။ ဒီလောက်ဆိုရင်တော့ အားလုံးပဲ အဆင်ပြေလောက်ပြီ ထင်ပါတယ်..။
မှတ်ချက်။ ။အရင်ပိုစ့်တွေအတိုင်းပဲ Root ဖေါက်လို့ ဖုန်းပျက်ခဲ့ရင် ကျနော်တာဝန်မယူပါ..။ ပြုလုပ်သူတာဝန်သာ ဖြစ်ပါသည်..။

11 comments:

  1. အရမ်းကျေးဇူးတင်ပါတယ် ကိုလွင်

    ReplyDelete
    Replies
    1. လွင်မင်းဗိုလ်(နည်းပညာ): Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း >>>>> Download Now

      >>>>> Download Full

      လွင်မင်းဗိုလ်(နည်းပညာ): Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း >>>>> Download LINK

      >>>>> Download Now

      လွင်မင်းဗိုလ်(နည်းပညာ): Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း >>>>> Download Full

      >>>>> Download LINK k5

      Delete
  2. ဒေါင်းလို့မရဘူးဖြစ်နေတယ်

    ReplyDelete
  3. ငါ့ဖုန်းတော့ ကြွသွားပြိ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. Window 8,1နဲ့အဆင်​​ပြေလားဗျ

    ReplyDelete
  6. Htc desire816
    Root ချင်တယ်

    ReplyDelete
  7. super su လိုနေတယ်ဘယ်မှာဒေါင်းရမလဲအကို

    ReplyDelete
  8. ကျတော် ဖုန်းနဲ့ပဲ စမ်းကြည်နေတာ မရဘူးဖြစ်နေတယ်ဗျာ Lenovo A998ကူညီပါဦး

    ReplyDelete
  9. J1 Ace 2016
    Version 5.1.1
    ဘယ်လို Root ပေါက်းမလဲေပြောပြပေးပါအုံ
    Email. mo.arony99@gmail.com

    ReplyDelete
  10. လွင်မင်းဗိုလ်(နည်းပညာ): Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း >>>>> Download Now

    >>>>> Download Full

    လွင်မင်းဗိုလ်(နည်းပညာ): Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း >>>>> Download LINK

    >>>>> Download Now

    လွင်မင်းဗိုလ်(နည်းပညာ): Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Related Posts Plugin for WordPress, Blogger...