Dream Aquarium 1.27 Screensaver Final

 ဒီနောက်ဆုံးထွက် Screensaver လေးမှာ Effect တွေပါ ထပ်ဖြည့်ပေးထားပြီး၊ ရေကျနေတဲ့ အသံနဲ့ မိမိတို့ရဲ့ ပုံလေးတွေနဲ့ပါ ငါးလေးတွေရဲ့ နောက်ခံမှာ ထည့်သုံးလို့ ရတဲ့အတွက် Screensaver ကြိုက်တဲ့သူများအတွက် အတော်လေး သဘောကျစရာပါ..။ တကယ့်သဘာဝအတိုင်း ၊ တကယ့်ကိုပီပြင်အောင် ဖန်တီးထားလို့ ကျနော်လည်း သဘောကျမိပါတယ်..။ ငါစာလေးတွေ ကျလာတဲ့အခါ ပုံစံမျိုးစုံနဲ့ ရောင်စုံ ငါးလေးတွေက လိုက်ဖမ်းစာပြီး.. ဂဏန်းတစ်ကောင်က ငါးလေးတွေကို လက်မနဲ့ လိုက်ညှပ်နေပါသေးတယ်..။ နောက်တခုကတော့ တစ်မိနစ်တခါ ပုံနောက်ခံဒီဇိုင်းနဲ့ ငါပုံလေးတွေကပါ လိုက်ပြောင်းနေပါသေးတယ်..။ နောက်ဆုံထွက်မို့ Effect တွေ ထပ်ဖြည့်ပေးထားလို့ ဖိုင်ဆိုဒ်ကတော့ 84 MB ရှိပါတယ်..။ အသုံးပြုချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ Install ထည့်ပြီးတာနဲ့ တန်းသုံးယုံပါပဲ..။ အောက်မှာလည်း ကျနော်စမ်းထားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်..။





အပေါ်ကပုံလေးတွေ အတိုင်း Full နဲ့ Install ထည့်ပြီးရင် Exit နဲ့ ထွက်လိုက်လို့ ရပါပြီ..။


 Wait နေရာမှာ မိမိပေါ်လာစေချင်တဲ့ မိနစ်ကို ပြောင်းပြီး OK ပေးလိုက်ရင် ဒီကောင်လေး အလုပ်လုပ်ပါပြီ..။ နောက်တခုကတော့ Desktop က ဒီကောင်လေးရဲ့ ပုံလေးပေါ်ကို ၂-ချက်တောက်ဖွင်ပြီး.. Screensaver လေး သွားနေတဲ့အခါ ကီးဘုတ်မှ Enter >> Aquarium Setting >> Change Background >> Choose New Image ကနေ မိမိတို့ ထပ်ထည့်လိုတဲ့ မိမိတို့ရဲ့ ပုံလေးတွေနဲ့ တခြားပုံလေးတွေကိုပါ ရွေးယူ ထည့်သုံးလို့ ရပါတယ်..။ အေက်ကပုံအတိုင်း ဝင်ပြီး ရွေးယူလိုက်ယုံပါပဲ..။


 ဒါဆိုရင်တော့ ဒီ Screensaver လေးရဲ့ ငါးလေးတွေ သွားနေတဲ့ နောက်ခံမှာ မိမိတို့ရဲ့ ပုံလေးက ပေါ်နေမှာ ဖြစ်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုပြီး စိတ်ကျေနပ်နိုင်ကြပါစေဗျာ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...