Windows 7 Theme Alien Red

ဒီကောင်လေးကတော့ Windows 7 Theme Alien Red လို့နာမည် ပေးထားတဲ့ Theme Wallpaper တမျိုးပါ..။ ဒီကောင်လေးကို အသုံးပြုလို့ ရအောင် (C:) >> Windows >> Resources >> Themes ဖိုဒါထဲမှာ ဒီဖိုင်လေးတွေကို သွားထည့်ပေးရမှာပါ..။ အသုံးပြုချင်သူများအတွက် အလွယ်တကူ လုပ်တတ်အောင်၊ အသုံးပြုလို့ ရအောင် ကျနော် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ပေါ်နေမှာ ဖြစ်ပြီး မိမိတို့ရဲ့ မောက်စ်မျှားလေးကပါ ဂဏန်းလက်မပုံ အနီရောင်လေးနဲ့ တခုခုဖွင့်တော့မယ်ဆိုရင် လှုပ်လှုပ်ရွရွလေး ပေါ်နေမှာ ဖြစ်ပါတယ်..။ ဖိုင်တခုခု ဖွင့်လိုက်တိုင်း စက်ရုပ်အသံလိုလို၊ ဂြိုလ်သားအသံလိုလို  အသံတမျိုးပါ ထွက်ပေါ်နေတတ်ပါတယ်..။ ဒီ Themes လေးကို အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပြီး.. ကျနော် ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ် နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။


အောက်မှာ ပြထားတဲ့အတိုင်း Alien Red ဖိုဒါ၂ခုကို စလက်ပေးပြီး copy ယူပါ..


ပြီးရင်တော့ အောက်ကပုံအတိုင်း Computer ကနေ (C:) အပိုင်းကို ဖွင့်ပြီး အောက်ကပုံလေးတွေ အတိုင်း တခုချင်းစီး ဖွင့်ဝင်သွားလိုက်ပါ..။





Themes ဖိုဒါထဲ ရောက်ရင်တော့ အပေါ်က copy နဲ့ယူလာတဲ့ ဖိုင်၂ခုကို paste နဲ့ ထည့်ပေးလိုက်ပါ..။


အောက်ကပုံအတိုင်း Desktop မှာ >> Right Click >> Personalize ကိုကလစ်လိုက်ရင် Alien Red ဆိုတဲ့ Icon လေးကို တွေ့ရပါပြီ..။ အဲ့ဒီပုံလေးကို တချက်ကလစ်လိုက်ရင် အောက်ဆုံးပုံလေးအတိုင်း မိမိတို့ရဲ့ Desktop မှာ ပြောင်းလဲသွားပါပြီ..။



Wallpaper အသစ်လေးတွေနဲ့ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...