NERO 8 ဖြင့် CD/DVD ထုတ်လုပ်နည်း လက်စွဲ

 ဒီစာအုပ်လေးကတော့ အခွေကူးတတ်ချင်တဲ့သူများအတွက် အရမ်းတန်ဖိုးရှိတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ.. ဆရာဦးအောင်လင်း ရေးသားထားတဲ့ ဒီစာအုပ်လေးကို သူငယ်ချင်းတစ်ယောက်က ကျနော့်ကို လေ့လာဖို့၊ မျှဝေဖို့ပေးခဲ့တာလေးပါ.. Nero 8 နဲ့ပါတ်သက်လို့ အသုံးပြုနည်း အားလုံးနီးပါး အသုံးပြုတတ်အောင် စိတ်ရှည်ရှည်နဲ့ သေချာရေးပေးထားတဲ့ စာအုပ်ကောင်းလေးပါ.. CD/DVD တချပ်ရလာအောင် ကူးနည်း၊ VCD ထုတ်လုပ်နည်း၊ DVD တချပ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ ၄၊၅ခု ထည့်နည်း၊ စသဖြင့်အစုံလုပ်တတ်အောင် ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်.. နောက်ပြီး မိသားစုရိုက်ထားတဲ့ Video တွေကို DVD ထဲမှာ ဖြတ်ထည့်နည်းတွေကအစ Nero 8 နဲ့လုပ်တတ်အောင် သေသေချာချာ စုံစုံလင်လင် ဖေါ်ပြပေးထားပါတယ်.. Nero 8 မှာပါတဲ့ တခြား Features တွေကိုပါ အားလုံးအသုံးပြုတတ်အောင် ပြပေးထားတဲ့ စာရေးဆရာရဲ့ စေတနာကို အသုံးပြုသူများ အားလုံးက ကျေးဇူးတင် ၊ လေးစားရမှာပါ.. PDF ဖိုင်အဖြစ် ဖန်တီး၊ မျှဝေ ပေးခဲ့တဲ့ စေတနာရှင်ကိုလည်း ကျေးဇူးတင်ရမှာပါ..။ Nero 8 Essentials ဆော့ဝဲလ်ကို ဒီနေရာကနေ ဒေါင်းယူနိုင်ပါတယ်.. ဒီစာအုပ်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12.6 MB ရှိပါတယ်..




4 comments:

  1. အစ်ကို NERO 8 ဖြင့် CD/DVD ခွေလုပ်နည်းစာအုပ်ကဒေါင်းလိုမရတော့ပါဘူး......ကျေးဇူးပြုပြီးပြန်တင်ပေးစေချင်ပါတယ်....အရမ်းလိုချင်လို့ပါ.....ကျေးဇူးတင်လျှက်ပါ။

    ReplyDelete
  2. ဒီစာအုပ်လေးကိုပြန်ပြီး download လင့်လေးပြန်ပေးပါလားအစ်ကို

    ReplyDelete
  3. ဒေါင်းလို့မရဘူး

    ReplyDelete
  4. ရလည်းမရပဲနှင့် ........
    ဒီမှာဒေါင်းနေတာသေတော့မယ်.........
    လုပ်ကြပါဦး

    ReplyDelete

Related Posts Plugin for WordPress, Blogger...