Drive C,D,E,F ဖွင့်မရတဲ့ Error ဖြေရှင်းနည်းနှင့် One Click Restore Point


 10 Oct 12, 12:41 AM
zin:
my computer က drive c d တွေ ဖွင့်၇င် ဖွင်လိုမ၇ပဲ search ပဲပေါ်လာလို့ ဘယ်လို ပြန်လုပ်၇မလဲ အကို
ဒီ Error ကို အောက်မှာ ပြထားတဲ့ နည်းနဲ့ ဖြေရှင်းလိုက်ရင် ကောင်းသွားပါလိမ့်မယ်.. အရင်ဆုံး ဒီနည်းကို မလုပ်ခင် One Click Restore Point နဲ့ Restore Point တခု အရင်ဖန်တီး ထားသင့်ပါတယ်..။ တကယ်လို့ မထင်မှတ်ပဲ နောက်ထပ် အယ်ရာတခု ထပ်ပေါ်လာခဲ့ရင် ဒီ Restore Point လေးနဲ့ ဒီနေ့ ဒီအချိန်ကို ပြန်လာလို့ ရမှာ ဖြစ်ပါတယ်.. ကြိုတင် ကာကွယ်တဲ့ သဘောပါ.. ကျနော်တို့ CMD တို့၊ Commant Prompt တို့လို နေရာတွေမှာ ဝင်ပြင်ရတာ လက်ရှိ ကောင်းနေတဲ့ ကွန်ပျူတာတွေအတွက် စွန့်စားခန်းတခုလို အန္တရယ်များလွန်းပါတယ်.. စက်တလုံးနဲ့ တလုံး ပြဿနာချင်း မတူတဲ့ အတွက် ဒီစက်မှာ ဒီလိုနည်းနဲ့ ကောင်းနေပေမယ့် နောက်စက်တလုံးမှာ ဒီနည်းနဲ့ အဆင်ပြေချင်မှ ပြေမှာပါ.. ဒီသဘောကိုတော့ နားလည်ထားရပါမယ်.. အခုဒီိမှာ လုပ်နည်း ၂ခုကို ဖေါ်ပြပေးထားပါတယ်.. ပထမနည်းနဲ့ အဆင်ပြေသွားတဲ့လူ အတော်များများရှိပါတယ်.. ပထမနည်းနဲ့ မရတဲ့ စက်တွေမှာ ဒုတိယနည်းနဲ့ ထပ်လုပ်ပေးလိုက်ရင် ကောင်းသွားပါလိမ့်မယ်.. တနည်းကို အရင်စမ်းကြည့်ပါ.. အဆင်မပြေမှ နောက်တနည်းကို ထပ်စမ်းပါ..။ One Click Restore Point ကို အောက်ကလင့်ကနေ အရင်ဒေါင်းယူလိုက်ပါ.. ဖိုင်ဆိုဒ်က သေးသေးလေးပါ.. 400 kb ပဲ ရှိပါတယ်.. ဒီပိုစ့်မှာ ပြထားတဲ့ ပုံတွေနဲ့ ဒီလုပ်နည်းကိုပါ အဲ့ဒီဖိုင်ထဲမှာ Notepad နဲ့ ရေးပေးထားပါတယ်..



 adfly လေးထည့်ထားပါတယ်..

 
အရင်ဆုံး Restore Point ကို အောက်ကပုံအတိုင်း Install ဆွဲပြီး ဖန်တီးထားလိုက်ပါ..



System Restore မှာ သွားပြန်ဖွင့်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်နေပါပြီ.. ဒါဆိုရင် Restore Point လုပ်ထားပြီးပါပြီ..

အခု ပထမနည်းနဲ့ အောက်ကပုံမှာပြထားတဲ့ အတိုင်း Start >> Search နေရာမှာ regsvr32 /i shell32.dll ဆိုတဲ့ စာသားလေးကို copy >> paste နဲ့ ထည့်ပါ..။ အောက်ကပုံအတိုင်း ဖိုင်လေး တခုပေါ်လာရင် တချက်ကလစ်လိုက်ပါ..



အပေါ်က ဘောက်စ်လေး ထပ်ပေါ်လာရင် OK ပေးလိုက်ပါ.. ပြီးရင်တော့ စက်ကို Restart ချပေးလိုက်ရင် ကောင်းသွားပါပြီ..
ပထမနည်းနဲ့ အဆင်မပြေတဲ့သူများက အောက်ကနည်းနဲ့ လုပ်ကြည့်ပါ.. Start >> Search နေရာမှာ command prompt လို့ ရိုက်ထည့်ပါ.. အောက်ကပုံအတိုင်း ပေါ်လာရင် အပေါ်ဆုံးက command prompt ပုံလေးကို တချက်ကလစ်လိုက်ပါ.. ပြီးရင်တော့ ပေါ်လာတဲ့ ဘောက်စ်ထဲမှာ အောက်မှာပြထားတဲ့ စာကြောင်းလေးတွေကို copy >> paste နဲ့ ထည့်ပေးလိုက်ပါ..


အောက်ကစာကြောင်းလေးတွေထဲက မိမိတို့ စက်မှာ ဖွင့်မရတဲ့ Drive က ဘယ် Drive လည်းဆိုတာ ရွေးပြီး ယူထည့်လိုက်ပါ.. တကယ်လို့ Drive အားလုံး ဖွင့်မရတာဆိုရင်တော့ အောက်ကစာကြောင်း အားလုံးကို ယူထည့်ပါ.. တကယ်လို့ တခြား Drive တွေ ရှိနေသေးရင် c,d,e,f, နေရာတွေမှာ မတူတဲ့ အက္ခရာတွေကို ပြောင်းထည့်ပေးလိုက်ပါ.. Drive တခုအတွက် စာ၂ကြောင်းထည့်ရပါမယ်.. အောက်ကစာကြောင်းတွေကို သေချာလေ့လာကြည့်ပါ.. C ဆိုရင်လည်း C အတွက် ၂ကြောင်း ရှိပါတယ်.. D ဆိုရင်လည်း D အတွက် ၂ကြောင်းစီ ရှိပါတယ်.. အဲ့လိုမျိုးကို ဆိုလိုတာပါ..

c:\> attrib -r -s -h autorun.inf
c:\> del autorun.inf
d:\> attrib -r -s -h autorun.inf
d:\> del autorun.inf
e:\> attrib -r -s -h autorun.inf
e:\> del autorun.inf
f:\> attrib -r -s -h autorun.inf
f:\> del autorun.inf


အပေါ်က ပုံအတိုင်း copy >> paste နဲ့ ထည့်ပေးပြီးရင်တော့ ဒီဘောက်စ်ကို ပိတ်လိုက်ပြီး မိမိတို့ရဲ့ စက်ကို Restart ချပေးလိုက်ပါ.. စက်ပြန်ပွင့်လာရင်တော့ ဖြစ်နေတဲ့ အယ်ရာ ကောင်းသွားပါပြီ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...