BOOTMGR is missing Error ဖြေရှင်းနည်း


27 Oct 12, 09:29 PM
hanmyo:
အကိုရယ် ကျနော့်ကိုတခုလောက် ကူညီပါအုံး ကျနော့်စက် ဖွင်လို့မရဖြစ်သွားလို့ ကျနော့်စက်က acer 4.74Aပါစက် ကိုဖွင့်လိုက်တာနဲ့ BOOTMER is missing Press Ctrl+Alt+Del to restart လို့ပေါ်လာတယ် window လဲတက်မလာဘူး အဲဒါကိုဘယ်လိုလုပ်ရမလဲ မစပါအုံးအကိုရယ် ကျေးဇူး တင်လျှက�
ဒီဖြေရှင်းနည်းလေးကို Windows 7 ကုမ္ပဏီက ဒီရှစ်လပိုင်းအကုန်က တင်ပေးထားပါတယ်..  2007 ခုနှစ်တုန်းက ရှိခဲ့တဲ့ ဖြေရှင်းနည်းက Windows Vista အတွက်ထုတ်ပေးခဲ့တာပါ.. Windows Vista အတွက် ဆိုပေမယ့် တချို့ အဲ့ဒီနည်းနဲ့ Windows 7 မှာလည်း အသုံးပြုလို့ ရခဲ့ကြပါတယ်.. အခုလည်း ဒီနည်းကို Windows 7 မှာရော၊ Vista မှာပါ ဒီလို Error အတွက် အသုံးပြုလို့ ရပါတယ်.. ဒီအောက်မှာတော့ Windows 7 ကုမ္ပဏီမှာ ရေးပြထားတဲ့ စာသားတွေထဲက အနည်းငယ်ဖေါ်ပြပေးလိုက်ပါတယ်.. ဒီဖြေရှင်းနည်းကို Windows 7 ကုမ္ပဏီက အတိုကောက် BCD ဖြေရှင်းနည်းလို့ ခေါ်ပါတယ်..။ ဒီ Error ဖြေရှင်းနည်းပိုစ့်ကို PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. လိုအပ်တဲ့သူများ ပိုစ့်ရဲ့ အောက်ဆုံးမှာ ဒေါင်းယူနိုင်ပါတယ်..
August 31, 2012
Bootrec.exe options
The Bootrec.exe tool supports the following options. Use the option that is appropriate for your situation.
Note Use the Bootrec.exe tool to troubleshoot "Bootmgr Is Missing" issue. If rebuilding the BCD does not resolve the startup issue, you can export and delete the BCD, and then run this option again. By doing this, you make sure that the BCD is completely rebuilt.
To do this, type the following commands at the Windows RE command prompt:


    bcdedit /export C:\BCD_Backup
    c:
    cd boot
    attrib bcd -s -h -r
    ren c:\boot\bcd bcd.old
    bootrec /RebuildBcd

ဒီ Error ကို ဖြေရှင်းဖို့ မိမိတို့ဆီမှာ Windows Installation Disc ဝင်းဒိုးတင်လို့ရတဲ့ Windows 7 DVD ခွေရှိဖို့လိုပါတယ်.. တချို့ ဝဘ်ဆိုဒ်တွေမှာ Windows System Repair Disc နဲ့လည်း လုပ်ပြထားကြပါတယ်.. တကယ်လို့ ဝင်းဒိုးတင်တဲ့ အခွေမရှိရင်တော့.. System Repair Disc ကို မိမိတို့ ဝင်းဒိုးထဲက ထုတ်ယူသိမ်းထားခဲ့တဲ့ သူများဆိုရင်တော့ ပိုအဆင်ပြေပါတယ်.. System Repair Disc လည်းမရှိသေးဘူးဆိုရင်တော့.. ကျနော်နောက်ပိုစ့်တွေမှာ တင်ပေးသွားပါမယ်.. လိုအပ်တဲ့သူများ Cbox နဲ့ Comment နေရာတွေမှာ ရေးပေးထားခဲ့ပါ.. တောင်းတဲ့လူရှိမှ System Repair Disc 32-bit နဲ့ 64-bit တွေကိုတင်ပေးပါမယ်.. System Repair Disc ကိုဒေါင်းယူလို့ရတဲ့သူများကတော့ 200 MB မပြည့်တဲ့ အတွက် CD အသစ်တချပ်နဲ့ အခွေကူးလိုက်ပါ.. Boot တက်ဖို့လိုပါတယ်.. Verify Disc Data စာသားနေရာမှာ အမှန်ခြစ်ပေးပြီးမှ အခွေကူးပါ..


Windows 7 (or) System Repair Disc ခွေရှိပြီးသားသူများကတော့ မိမိတို့ရဲ့ DVD Drive ထဲမှာ အခွေကိုအရင်ထည့်လိုက်ပါ.. ပြီးရင် စက်ကို Restart ချပေးလိုက်ပါ.. မိမိတို့စက်မှာပေါ်တဲ့ အပေါ်ပုံအတိုင်း Ctrl+Alt+Del ကီးတွေကို နှိပ်ပြီး စက်ကို Restart ချလိုက်ပါ.. စက်ပိတ်သွားတာနဲ့ မိမိတို့စက်မှာ ပေါ်ပေါ်ချင်း စာလေးအတိုင်း F2, F12, Esc, Del, F8 မိအောင်လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်လိုက်ပါ.. Boot နေရာကို သွားပြီး CD/DVD စာသားကို ရွေးပေးပြီး အပေါ်ဆုံးကို ကီးဘုတ်မှ မျှားနဲ့တင် F10 >> Enter နဲ့ ထွက်လိုက်ပါ..

 F12 နဲ့ ဝင်လို့ ရတဲ့စက်တွေမှာ အောက်ကပုံမျိုး ပေါ်တတ်ပါတယ်.. ပိုလွယ်ပါတယ်.. ပုံမှာ ရေးထားတဲ့ အတိုင်း လုပ်ပေးလိုက်ပါ..


 စက်ပြန်တက်လာလို့ အောက်ကပုံမှ စာသားပေါ်လာရင် ကီးဘုတ်မှ ကီးတခုခုကို အမြန်မိအောင် လိုက်နှိပ်ပေးလိုက်ပါ..


အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. DVD ထဲကို ဝင်သွားတာ ဖြစ်ပါတယ်..




အပေါ်ပုံအတိုင်း Repair ကိုနှိပ်ပါ.. အောက်ကပုံအတိုင်းပေါ်လာရင် Startup Repair ကိုအရင် လုပ်ပေးလိုက်ပါ..



Startup Repair ပြီးသွားရင် Command Prompt ကို နှိပ်ပြီးဝင်သွားလိုက်ပါ..


ဒီအောက်က စာကြောင်းတွေကို ပေါ်လာတဲ့ cmd.exe ဘောက်စ်ထဲမှာ တကြောင်းချင်းစီ ရိုက်ထည့် Enter ခေါက်.. နောက်ကြောင်းထပ်ရိုက် Enter ခေါက်.. စာကြောင်းအားလုံး မှန်အောင် ရိုက်ပေးရမှာပါ.. စာဆက်ရေးတဲ့ နေရာမှာ ဆက်ပြီး.. စာလုံးခြားတဲ့နေရာမှာ မှန်အောင် စာလုံးချဲထားပေးရပါမယ်.. မှားလို့ မရပါ.. ဒီနေရာက စာကြောင်းတွေကို သေချာ ရိုက်ထည့်ပေးလိုက်ပါ.. အောက်မှာ ပုံလေးတွေနဲ့ တကြောင်းစီး ခွဲပြပေးထားပါတယ်..

    bcdedit /export C:\BCD_Backup
    c:
    cd boot
    attrib bcd -s -h -r
    ren c:\boot\bcd bcd.old
    bootrec /RebuildBcd


ဒီပုံတွေအားလုံးကို အင်တာနက်ကနေ ရှာယူထားတာဖြစ်တဲ့ အတွက် တချို့ပုံတွေက နည်းနည်း ဝါးနေပါလိမ့်မယ်.. ဖြည်းဖြည်းချင်း သေချာကြည့်ရင် ကြည့်လို့၊ လုပ်လို့ အဆင်ပြေပါတယ်..

 အောက်ကပုံ ( bcdedit /export C:\BCD_Backup ) စာကြောင်းရိုက်ထည့် Enter ခေါက်ပါ..
 ဒုတိယတကြောင်း ( c: ) Enter ခေါက်ပါ.. တတိယတကြောင်း ( cd boot )  Enter ခေါက်ပါ..
 လေးကြောင်းမြောက် ( attrib bcd -s -h -r ) Enter ခေါက်ပါ..
 ငါးကြောင်းမြောက် ( ren c:\boot\bcd bcd.old ) Enter ခေါက်ပါ..
 ခြောက်ကြောင်းမြောက် ( bootrec /RebuildBcd ) Enter ခေါက်ပါ..

အပေါ်မှာ တကြောင်းစီ ခွဲပြထားတဲ့ ပုံတွေကို အားလုံးပြီးသွားရင် အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. မိမိတို့ ရိုက်ထည့်ရမယ့် စာသားနေရာတွေကို မျဉ်းနီပြပေးထားပါတယ်.. အားလုံးပဲ ကြည့်ရအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်..  အောက်ကပုံရဲ့ နောက်ဆုံးမှာ Yes / No မေးထားတာ ဖြစ်တဲ့ အတွက် ကျနော်တို့က ကီးဘုတ်မှ Y ကီးကို တချက်နှိပ်ပေးလိုက်ရင် ရပါပြီ.. Y ရဲ့ အောက်က Successfully စာသားပေါ်လာရင်တော့ အောက်တကြောင်းမှာ Exit လို့ရိုက်ထည့်ပြီး Enter ခေါက်ထွက်လိုက်ပါ.. အဲ့လိုမှ မထွက်သေးရင် အပေါ်ကြတ်ခြေခတ်နဲ့ ပိတ်ပစ်လိုက်ပြီး စက်ကို Restart ချပေးလိုက်ပါ.. စက်ရဲ့ DVD Drive ထဲမှာရှိတဲ့ ဝင်းဒိုးခွေကို အရင်ထုတ်လိုက်ပါ.. စက်ပြန်တက်လာရင်တော့ Bootmgr is missing Error ကောင်းသွားပါပြီ.. ဒါက ပထမနည်းပါ..


 ဒုတိယနည်းလမ်း..
အောက်ကတော့ နောက်တနည်းပါ.. အပေါ်နည်းနဲ့ အဆင်မပြေခဲ့ရင် အောက်ကနည်းနဲ့ ဆက်လုပ်ပေးလိုက်ပါ.. အပေါ်ပုံတွေအတိုင်း ဝင်းဒိုးခွေထည့်ပါ.. စက်ကို Restart ချပြီး Repair your Computer ကနေ Commant Prompt ကိုကလစ်ပြီးဝင်လိုက်ရင် အောက်ကပုံမျိုးဘောက်စ်ထဲမှာ Bootrec.exe /RebuildBcd စာသားကို ရိုက်ထည့်ပြီး Enter ခေါက်ပါ..

 အောက်ကပုံအတိုင်း Y ကီးကို နှိပ်ပေးလိုက်ပါ..


အပေါ်ပုံတွေက အတိုင်းလုပ်ပေးလိုက်ရင် ဒီအယ်ရာတွေ ကောင်းသွားပါလိမ့်မယ်.. အောက်ဆုံးမှာ ဟိုးအရင်တုန်းက Windows Vista အတွက်လုပ်နည်းလေးပါ ရေးပေးလိုက်ပါတယ်.. တချို့လူတွေ Windows 7 မှာလည်း အသုံပြုကြပါတယ်..
တတိယနည်းလမ်း........

A) Type c: and press <Enter>.
B) At the C:\ prompt, type cd boot and press <Enter>.
C) At the C:\Boot prompt, type the following commands and press Enter after each command.

Code:
bootrec /FixMbr
bootrec /FixBoot
bootrec /RebuildBcd



D) Now close the command prompt, remove the DVD and reboot your computer.
That's it,
နမူနာလုပ်တတ်အောင် Video Tutorial လေးပါ ရှာပေးလိုက်ပါတယ်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ.. စိတ်ညစ်စရာ အပေါင်းမှ ကင်းဝေးကြပါစေ..

PDF နဲ့လိုချင်ရင် ဒီမှာ..
Download (22.5 MB)

fix Bootmgr missing



5 comments:

  1. အကိုေ၇ ကျတော်ကွန်ပျုတာကိုဖေါ်မတ်ချ ၀င်းဒိုးပြောင်းချင်တာနဲ့ အကိုပြောတဲ့ ၀င်းဒိုးတင် ဖေါ်မတ်ချနည်းအတိုင်းလုပ်လိုက်တာ အခုလိုဖြစ်သွားတယ်ဗျာ..ကျတော့်ပာာလည်း acer ပါ ခတ်တာကအကိုရှင်းပြတဲ့ပုံအတိုင်း မပေါ်ဘူးဗျ bootထဲတောေ၇ာက်ပါတယ် လုပ်လိုက် ပါတီရှင်းတော့ပေါ်တယ်ခွဲလို့တော့မရဘူး ဖေါ်မက်လည်းချလို့မရဘူးအဲ့ဒါနဲ့ ၇နိုးနိုးပေါ့ ဘက်ကို နှိပ်လိုက် ကြက်ခြေခတ်ကိုနှိပ်ပြီးထွက်လိုက်ဝင်လိုက်နဲ့လုပ်လိုက်တာ bootလည်းမတက်တော့ဘူး ထွက်လို့လည်းမရတော့ဘူး ၀င်လို့လည်းမရတော့ဘူး အခုလိုဖြစ်သွားပြီ ဒီပို့စ် နည်းအတိုင်းလုပ်တော့လည်းဒီပို့စ်ကပုံအတိုင်းမပေါ်ဘူး လုပ်ပါဦးကူညီပါဦး ကျတော်က နိုင်ငံခြားမှာပါ ဆိုင်သွာဖို့လည်းခဲရင်းနေပါတယ် အကိုပြောတဲ့အတိုင်း boot ထဲေ၇ာက်တော့ အပေါ်ဆုံးစာသားကဒီလိုBoot Priority Order ပေါ်နေတော့လုပ်လို့မရဘူး f10 ကိုနှိပ်တော့လည်း windows boot manager ဆိုပြီးခေါင်းစင်ပေါ်လာတယ် enter ခေါက်လည်းမရ esc နှိပ်လည်းမရဖြစ်နေတယ်

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  2. ပြန်လည်မျှဝေဖို့ ရှယ်သွားပါတယ် အကိုရေ . . .

    ReplyDelete
  3. Nice blog !!! Its can solve you querry about bootmgr missing error in windows 7 click this link and free from your windows 7 realted problem.
    BOOTMGR Missing in Windows 7
    Thanks
    Aalia lyon

    ReplyDelete
  4. အကိုရေ window အင်စတောပြီးပီ ဝီစတက် ချခိုင်းပြန်တက်လာရင် window ကိုပဲပြန်ပီး အင်စတောခိုင်နေတယ်
    ဘာကြောင်လဲမသိလို့ ကူညီပါပအုံး

    ReplyDelete

Related Posts Plugin for WordPress, Blogger...