Gmail မှ မဆက်သွယ်ချင်တော့တဲ့လူကို Delete လုပ်နည်း


ဒီနည်းလေးကတော့ Gmail မှာ မိမိတို့မဆက်သွယ်ချင်တော့တဲ့သူကို ဘလော့လုပ်တာထက်ပိုပြီး ထိရောက်ပါတယ်..။ သူငယ်ချင်းတစ်ယောက်က သူ့ကောင်မလေး မေးလ်ထဲကို အမြဲတမ်း ညစ်ညမ်းစာတွေ ပေးပို့နေတဲ့ သူ့ကောင်မလေးလည်း မသိတဲ့ လူတစ်ယောက်ကို စာမပို့နိုင်အောင် ဘယ်လိုလုပ်ရမလဲလို့ ကျနော်ကို မေးလာပါတယ်..။ အခုဒီနည်းလေးကို ပေးလိုက်လို့ အဆင်ပြေသွားပါတယ်..။ ဒီနည်းက ပို့တဲ့လူဆီကစာတွေကို တခါထဲ အော်တိုဖျက်ထုတ်အောင်လုပ်တဲ့နည်းလေးပါ..။ လုပ်ရတာလည်းလွယ်ပါတယ်..။ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

အရင်ဆုံး မိမိတို့ Add လုပ်ထားခဲ့ရင် သူငယ်ချင်းစရင်းထဲမှာ သွားပြီး အောက်ကပုံအတိုင်း ဖျက်ထုတ်လိုက်ပါ..။ နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..




 အပေါ်အတိုင်းပေါ်လာရင် သူငယ်ချင်းစာရင်းထဲက ဖျက်ထုတ်လိုက်ပြီးပါပြီ..။ မပြီးသေးပါဘူး အောက်ပုံမှာ Gmail Inbox ကိုပြန်ဝင်ပါ..။ မိမိတို့ စာမပို့စေချင်တဲ့ လူရဲ့ အရင်ရှိပြီးသား စာပေါ်မှာ အမှန်ခြစ်ပေးပါ..။ ပြီးရင် More ကိုသွားပါ..။ အောက်ပုံအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..။






အောက်ဆုံးပုံအတိုင်းပေါ်လာရင်တော့ ကျနော်တို့ လုပ်လိုက်တဲ့ အဆင့်ဆင့်အားလုံး အောင်မြင်သွားပါပြီ..။ မိမိတို့မဆက်သွယ်ချင်တော့တဲ့ လူဆီကမေးလ်တွေ နောက်ဆို မိမိတို့ဆီကို ရောက်မလာတော့ပါဘူး..။ 
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...