Gmail New Look မှ Old Look သို့ပြန်ပြောင်းချင်သူများအတွက်



ဒါလေးကတော့ လွယ်ပါတယ်..။ သူငယ်ချင်းတစ်ယောက်က Gmail New Look ကနေ Old Look ကိုပြန်ပြောင်းချင်တာ..။ Gmail ကို New Look နဲ့ သုံးရတာ သူ့အတွက် သိပ်အဆင်မပြေပါဘူးတဲ့..။ Gmail ထဲမှာရှိတဲ့ သူငယ်ချင်းတွေရဲ့ လိပ်စာကို အပြည့်မမြင်ရတာနဲ့ စာတွေကို အပေါ်အောက်ဆွဲကြည့်လို့ရတဲ့ ဘေးဘောင်လေးကလည်း ပေါ်တချက် ပျောက်တချက်နဲ့ ဆိုပြီး စိတ်တိုင်းမကျ ဖြစ်နေပါတယ်..။ ကျနော့်ဆီရောက်လာတဲ့နေ့က အခုဒီနည်းလေးကို အဓိကထားပြီး မေးသွားပါတယ်..။ ကျနော်လည်း ဒီအောက်ကပုံလေးတွေအတိုင်း သူ့ကိုပြောပြလိုက်ပါတယ်..။ ကျနော်သူငယ်ချင်းလိုပဲ Gmail New Look မှ Old Look ကိုပြန်ပြောင်းချင်တဲ့ သူများလည်း ရှိမှာပဲထင်လို့ ဒီနေ့ဒီပိုစ့်လေးကို တင်လိုက်ရပါတယ်...။ လုပ်နည်းကတော့ လွယ်ပါတယ်...  အောက်ကပုံလေးတွေ အတိုင်းပါပဲ...
 အောက်ကပုံလေးကတော့ New Look ကိုသွားတဲ့ နေရာလေးပါ..။ Gmail Old Look သုံးနေတဲ့ သူများ အမှတ်မထင် ဒီပုံမှာပြထားတဲ့ စာသားလေးကို နှိပ်မိလိုက်ရင် Gmail က New Look နဲ့ ပြောင်းသွားပါတယ်..။ Gmail Old Look နဲ့သုံးနေသူများ New Look နဲ့ သုံးချင်ရင်တော့ Gmail ရဲ့ ညာဘက်အောက်ခြေက ၄င်းစာသားလေးကို ကလစ်လိုက်ပါ...




အပေါ်ကပုံအတိုင်း ပေါ်လာရင် အနီဝိုင်းထားတဲ့ နေရာကိုကလစ်ပြီး Gmail New Look ကိုဝင်သွားလိုက်ပါ..
အောက်ကပုံကတော့ New Look နဲ့ မြင်ရတာပါ...။ Old Look ပြန်ပြောင်းချင်ရင်တော့ အနီဝိုင်းနဲ့ မျှားထိုးထားတဲ့ နေရာကို ကလစ်ပါ..


အောက်ပုံအတိုင်းမြင်ရရင် 2 နေရာကိုကလစ်ပါ..။



အပေါ်ပုံအတိုင်း ထပ်ပေါ်လာရင် အနီဝိုင်းလေးကို ထပ်နှိပ်ပေးလိုက်ပါ... ခဏနေ Loading ပြီးသွားရင်တော့ အောက်ကပုံအတိုင်း Gmail ကို Old Look နဲ့ ပြန်မြင်ရပါပြီ...


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...

1 comment:

  1. အကိုကျွှန်တော်စိုးမိုးပါကျွှန်တော်ရဲ့(gmail)ကစာလုံးတွေအရမ်းကိုသေးသွားလိုပြန်ပြီးလုပ်မတက်ဘူးဖြင်နေတယ်အကိုသိရင်ပြောပြပေးပါလာကျေးဇူးကျွှန်တော်ရဲမေးက(soemoe1972@gmail.com)ပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...