Free Ringtone Maker 2.4.0.1675 Final


ဖုန်းမြည်တဲ့ သီချင်းအသံတွေ နေရာမှာ အစားထိုးထည့်သုံးဖို့ အတွက် လိုအပ်တဲ့ MP3 သီချင်းတွေကို မိမိတို့ လိုချင်တဲ့ အပိုင်းလေးကိုပဲ ဖြတ်ယူမယ်ဆိုရင်တော့ ဒီကောင်လေးနဲ့လည်း အသုံးပြုလို့ အဆင်ပြေပါတယ်..။ Install ထည့်တဲ့ အချိန်မှာ အင်တာနက်ကို ဖွင့်ပေးထားပြီး လိုအပ်တဲ့ ဖိုင်တွေကို ဆက်လက်ဒေါင်းယူပြီးမှ ဒီကောင်လေးကို အသုံးပြုလို့ ရမှာပါ..။ အရင်ကလည်း တင်ပေးခဲ့ဖူးတဲ့ ဒီကောင်လေးကို အခုတော့ နောက်ဆုံး Update လေးနဲ့အတူ Windows 8 နဲ့ အသုံးပြုတတ်အောင် ပြန်လည် လုပ်ပြပေးထားတာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲ ရှိပါတယ်..။


 (OR)

အောက်ကပုံလေးတွေ အတိုင်း အင်တာနက်ကို ဖွင့်ထားပြီးမှ Install ထည့်လို့ ရမှာပဲ ဖြစ်ပါတယ်..။




အသုံးပြုတဲ့ အခါမှာတော့ အောက်က အနီဝိုင်းပြထားတဲ့ နေရာကနေ ကလစ်ပြီး သီချင်းကို မိမိတို့ စက်ထဲမှာ သွားဝင်ယူပေးရမှာပါ..။



သီချင်း ရောက်လာပြီ ဆိုရင်တော့ အောက်ကပုံလေးအတိုင်း ဖွင့်နားထောင်ပြီး လိုချင်တဲ့ သီချင်းအပိုင်းကို မောက်စ်မျှားနဲ့ အောက်က ဒုတိယပုံအတိုင်း ဆွဲပြီး mark ပေးလိုက်ပါ..။



မိမိတို့ လိုချင်တဲ့ အပိုင်းကို ရွေးပြီးရင်တော့ Next နှိပ်ပြီး အောက်ကပုံကတော့ သိမ်းလိုတဲ့ နေရာကို ထပ်ရွေးယူပေးရမှာပဲ ဖြစ်ပါတယ်..။



ကျနော်ကတော့ ရှာယူရလွယ်အောင် အပေါ်ပုံအတိုင်း Desktop ပေါ်မှာပဲ သိမ်းလိုက်ပါတယ်..။ 



 အောက်ဆုံးပုံလေးအတိုင်း Saved စာသားပေါ်လာရင်တော့ Desktop မှာ မိမိတို့ ဖြတ်လိုက်တဲ့ သီချင်းလေး ရောက်ရှိလို့ နေပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...