Ultra Video Splitter 5.01 [ DVD + VCD Cutter ]



ဒီကောင်လေးကတော့ ကျနော်တို့ကြိုက်တဲ့ DVD/VCD ထဲကသီချင်းတွေကို.. ကျနော်တို့ လိုချင်တဲ့ အပိုင်းလေး ကိုပဲ ဖြတ်တောက်ယူဖို့အတွက် ကူညီပေးပါလိမ့်မယ်..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ ကျနော်ကတော့ You Tube ကသီချင်းတပုဒ်ကို ဒေါင်းယူပြီး လုပ်ပြထားပါတယ်. ။ အောက်မှာပုံလေးတွေနဲ့ အသုံးပြုပုံကို တင်ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်က လင့်တွေကနေ အရင်ဒေါင်းယူပြီး ပုံလေးတွေအတိုင်း အသုံးပြုနိုင်ပါတယ်..။ သူ့ရဲ့ကီးလေးပါ notepad လေးနဲ့ ထည့်ပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 10.9 MB ရှိပါတယ်..



ဒီကောင်လေးကို Install ဆွဲထည့်ပြီးတာနဲ့ Key တောင်းတဲ့ ဘောက်စ်လေးပေါ်လာရင် အောက်က ပုံလေးအတိုင်း လုပ်ပေးလိုက်ပါ..



ပြီးရင်တော့ ဒီ ပရိုဂရမ်ကို ဖွင့်ပြီး အပေါ်ပုံအတိုင်း ကြည့်လိုက်ရင် ဖူးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်..။ အောက်ကပုံလေးကတော့ မိမိတို့ ဖြတ်တောက်ချင်တဲ့ သီချင်းတပုဒ်ကို အောက်ကပုံအတိုင်း ယူလိုက်ပါ..


သီချင်းရောက်လာရင် အရင်ဖွင့်ပေးလိုက်ပါ.. မိမိတို့ ဖြတ်ချင်တဲ့ နေရာကို ရောက်ရင် အစ ကိုတချက်နှိပ်ပါ.. သီချင်းအပိုင်း တော်လောက်ပြီဆိုရင်.. မိမိတို့ လိုချင်တဲ့ နေရာရောက်ပြီ ဆိုရင် အဆုံးနေရာကို အောက်ပုံလေးအတိုင်း ကလစ်ပြီး ဖြတ်လိုက်ပါ..


ပြီးရင်တော့ သိမ်းမယ့်နေရာကို ရှာရလွယ်အောင် Desktop ကို (Output Folder နေရာမှာ ဘေးကဖိုင် အဝါရောင်လေးကနေ) သွားရွေးပေးလိုက်ပါ..။ နောက်ပြီးမိမိတို့ ဖြတ်ထုတ်လိုက်တဲ့ သီချင်းအပိုင်းကို ဘယ်ဖေါ်မတ်နဲ့ ထုတ်မှာလဲ ဆိုတာ အောက်ကပုံလေးအတိုင်း Output Format ကနေ သွားရွေးလိုက်ပါ..။ ကနော်ကတော့ ဖုန်းထဲမှာ ထည့်မှာဖြစ်တဲ့ အတွက် 3gp ဖေါ်မတ်ကို ရွေးလိုက်ပါတယ်..


ဖေါ်မတ်ရွေးပြီးရင် Split ကိုတချက်ကလစ်ပါ.. ခဏစောင့်နေပြီးရင် Mission Complete ဘောက်စ်လေးပေါ်လာရင် OK ပေးလိုက်ပါ.. ဒါဆိုရင် ကျနော်ဖြတ်ထုတ်လိုက်တဲ့ သီချင်းအပိုင်းလေး Desktop ပေါ်မှာ ရောက်နေပါပြီ..


အောက်ဆုံးပုံကတော့.. Desktop ပေါ်ရောက်လာတဲ့ ဖြတ်ထုတ်ပြီးသား သီချင်းအပိုင်းလေးပေါ်ကို မောက်စ်မျှားလေးတင် Right Click >> Properties ကိုကလစ်လိုက်ရင် သူ့ရဲ့ ဖေါ်မတ်နဲ့ ဖိုင်ဆိုဒ်ကို အောက်ပုံလေးအတိုင်း တွေ့ရပါလိမ့်မယ်..


ဒီလောက်ဆိုရင်တော့ လုပ်တတ်လောက်ပါပြီ.. အဆင်ပြေကြပါစေဗျာ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...