Windows XP မှာ System Restore နှင့် Restore Points များ ဖန်တီး အသုံးပြုနည်း


 9 Sep 13, 10:13 PM
ရှမ်းလေး:
အကိုရေ windows xp မှာ System Restore လုပ်လို့ရလား ရရင် အချိန်ရရင် ပြုလုပ်နည်းလေး တင်းပေးပါလားခင်ဗျာ အစဉ်လေးစားလျက်ပါ
Windows 7 နဲ့ Windows 8 တွေမှာ System Restore Points တွေ ဖန်တီး အသုံးပြုတတ်အောင် ပိုစ့်တွေ တင်ပေးခဲ့ပြီးပါပြီ..။ အခုဒီပိုစ့်ကတော့ တောင်းတဲ့လူရှိလာလို့.. နောက်ပြီး Windows XP တင်ထားတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့စက်လည်း ကျနော့်ဆီ ရောက်လာတာနဲ့ အဆင်သင့်သွားတဲ့အတွက် ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေယူဖို့ အဆင်ပြေသွားတာပါ..။ ကျနော် Windows XP မသုံးဖြစ်တာ ကြာပါပြီ..။ ဒါကြောင့် Windows XP နဲ့ ပါတ်သက်တဲ့ ပိုစ့်တွေ တင်မပေးဖြစ်ခဲ့တာပါ..။ ဒီနေ့တော့ အခုပိုစ့်တောင်းထားတဲ့ အကိုလိုမျိုး တခြား Windows XP အသုံးပြုသူများအတွက် အဆင်ပြေစေမယ့် နည်းလမ်းလေးမို့ Windows XP မှာ System Restore ဖန်တီးအသုံးပြုနည်းပိုစ့်ကို တင်ပေးလိုက်ပါတယ်..။ လုပ်ပုံလုပ်နည်းက Windows 7 နဲ့ ဆင်တူပါတယ်..။ တခါတလေမှာ အဆင်မသင့်ရင် ဝင်းဒိုးမတက်နိုင်တော့တဲ့ Error မျိုးတွေ၊ Registry Error (or) Virus ကြောင့် တခုခု ကြောင်ပြီး ပရိုဂရမ်တွေကို ပုံမှန်ဖွင့်သုံးလို့ မရတော့တဲ့ အခါမျိုးတွေမှာ အလွယ်တကူ ပြန်ကောင်းနိုင်တဲ့ နည်းကတော့ ဒီ System Restore အသုံးပြုနည်းပါပဲ..။ အမြဲတမ်း ပြန်ကောင်းနိုင်မယ်လို့တော့ မမှတ်ထားသင့်၊ မရတဲ့ အခါမျိုးတွေလည်း ရှိပါတယ်..။ ဝင်းဒိုးပိတ်ပြီး System Restore အသုံးပြုတတ်အောင် အရင်ကတင်ပေးခဲ့တဲ့ Windows 7 မှာ System Restore အသုံးပြုနည်း ပိုစ့်မှာ သေချာရှင်းပြပေးခဲ့ပြီး ဖြစ်ပါတယ်..။ မသိသေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။

အရင်ဆုံး Windows XP မှာ System Restore ကို ပိတ်ထားလား၊ ဖွင့်ထားလား ဆိုတာ သိရအောင် အောက်ကပုံလေးအတိုင်း အရင် သွားကြည့်သင့်ပါတယ်..။ System Restore ပိတ်ထားတာ ဆိုရင် အောက်ကပုံလေးအတိုင်း အသုံးပြုလို့ ရအောင် အရင် ဖွင့်ပေးရမှာပါ..။



ပြီးရင်တော့ အောက်ကပုံလေးတွေ အတိုင်း Restore Points လေးတွေကို ဖန်တီးပြီး အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ အရင်ဆုံး Start ကနေ ပုံလေးအတိုင်း အဆင့်ဆင့် System Restore နေရာ ရောက်တဲ့အထိ ဝင်သွားလိုက်ပါ..။ 


အရင်ဆုံး ဖန်တီးမှာ ဖြစ်တဲ့အတွက် အောက်ကပုံလေးအတိုင်း Create a restore point (ဒုတိယစာကြောင်း) ကို အမှတ်ခြစ်ပေးပြီး Next နဲ့ သွားလိုက်ပါ..။



အပေါ်ပုံအတိုင်း Restore point description နေရာမှာ မိမိတို့ မှတ်မိလွယ်တဲ့ စာသား (သို့) ရက်စွဲကို ရေးထည့်ပြီး create ကို နှိပ်ပေးလိုက်ပါ..။ အောက်ကမျှားအပြာရောင် နေရာအတိုင်း မောက်စ်မျှားလေး ပုံစံပြောင်း သွားရင် အလုပ်လုပ်နေတာ ဖြစ်လို့ ပြီးတဲ့ အထိ စောင့်နေပေးလိုက်ပါ..။


Created စာသား နဲ့ ပေါ်လာရင်တော့ Home နေရာကို ကလစ်ပြီး Restore Points တွေကို နောက်ပြန်သွားကြည့်လို့ ရပါပြီ..။ ကြည့်ဖို့ မလိုရင်တော့ Close ကို နှိပ်ပြီး ပိတ်လိုက်လို့ ရပါပြီ..။


Restore Point တွေ ရှိတဲ့ နေရာကို အောက်ကပုံအတိုင်း အပေါ်စာကြောင်းမှာ အမှတ်ပေးပြီး ဆက်သွားပါတယ်..။


အပေါ်မှာ ကျနော် ဖန်တီးထားခဲ့တဲ့ Restore Point နေရာကို အောက်ကပုံလေး အတိုင်း မြင်နေရပါပြီ..။ ဒါဆိုရင် Restore Point ဖန်တီးလို့ ရသွားပြီ ဖြစ်ပါတယ်..။ 


အောက်ကပုံတွေကတော့ တခြား Restore Point တွေကို ရက်စွဲအလိုက် ရွေးယူလို့ ရတဲ့ ပုံလေးတွေပါ..။ မိမိတို့ နောက်ပြန်သွားလိုတဲ့ ရက်ကိုသာ ရွေးယူရမှာ ဖြစ်ပါတယ်..။



Restore Point တွေကို တကယ်အသုံးပြုတော့မယ် ဆိုရင်တော့ အပေါ်ပုံအတိုင်း ရွေးယူပြီး အောက်ကပုံအတိုင်း Yes နဲ့ ဆက်သွားရမှာ ဖြစ်ပါတယ်..။ ဆက်မသွားလိုရင်တော့ No ပေးလိုက်လို့ ရပါပြီ..။


 Windows XP မှာ System Restore ဖန်တီး အသုံးပြုနည်းက ဒီပိုစ့်အတိုင်းပါပဲ..။ ဝင်းဒိုး မတက်နိုင်တော့တဲ့ စက်တွေမှာ ဆိုရင်တော့ ဝင်းဒိုးပိတ်ပြီး ဝင်လို့ရတဲ့ Windows Repair နေရာကနေ System Restore ကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ အရင်တုန်းက တင်ပေးခဲ့ပြီးတဲ့ Windows 7 မှာ System Restore အသုံးပြုနည်းပိုစ့်မှာ လုပ်ပြထားတဲ့ နည်းနဲ့ တူပါတယ်..။ ဒါကြောင့် အဲ့ဒီပိုစ့်ကိုလည်း လေ့လာထားသင့်ပါတယ်..။ အားလုံးပဲ အဆင်ပြေပါစေ..။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...