Restore Point Creator 1.3.12 Final

25 Aug 13, 12:38 AM
bo bo: အစ်ကိုရေ... ဆိုဒ်မှာ window 7 မှာ System restore လုပ်တဲ့ နည်းလေးကို ဖတ်ရှုမှတ်သားမိပါတယ် အစ်ကို...။ ကျွန်တော့် window XP လေးကိုလည်း System restore လုပ်တဲ့ နည်းလေး သိခွင့်ရချင်ပါတယ်အစ်ကို..။
25 Aug 13, 12:39 AM
bo bo: ကျေဇူးပြုပြီး သင်ပြပေးပါလားအစ်ကို...။
ကျနော့်မှာ Windows XP တင်ထားတဲ့ စက်မရှိတဲ့အတွက် ဒီကောင်လေးကို Windows 7 နဲ့ပဲ လုပ်ပြပေးလိုက်ပါတယ်..။ အသုံးပြုနည်းနဲ့ အသုံးဝင်ပုံချင်း အတူတူပါပဲ..။ ဒီကောင်လေးက နောက်ဆုံးထွက်လေးပါ..။ ဒါကြောင့် Windows 8 မှာလည်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ အသုံးပြုရတာ လွယ်ကူပြီး ဖိုင်ဆိုဒ်လည်း သေးပါတယ်..။ အရင်တုန်းက One Click Restore Point ဆော့ဝဲလ်လေးတခု တင်ပေးဖူးပါတယ်..။ အခုတော့ ပြန်ရှာလို့ မရတော့တဲ့အတွက် ဒီကောင်လေးကို ပြောင်းတင်ပေးလိုက်ခြင်းပါ..။ မိမိတို့ စက်ထဲကို ဒီကောင်လေး Install ထည့်ပြီး အသုံးပြုရမှာပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 442 KB ပဲ ရှိပါတယ်..။


Install ထည့်ပြီးတာနဲ့ Restore Points တွေ ဖန်တီးရန် အောက်ကပုံလေးတွေ အတိုင်း ဒီကောင်လေးကို ဖွင့်လိုက်ပါ..။



အောက်ကပုံအတိုင်း ပေါ်လာရင်တော့ 2013Aug27 နေရာမှာ မိမိတို့ ကြိုက်တဲ့ စာသားတခုခုကို ရေးထည့်ပြီး Create ကို နှိပ်ပေးလိုက်ပါ..။ အပြာရောင်ကွင်း နေရာကတော့ ဒီကောင်လေးကို အသုံးမပြုခင် အရင်ရှိနေတဲ့ Restore Points တွေကို ဖေါ်ပြပေးထားမှာပါ..။ 



အပေါ်ပုံအတိုင်း Please Wait ဆိုရင်တော့ အောက်က OK ဘောက်စ် ပေါ်တဲ့အထိ စောင့်နေပေးလိုက်ပါ..။


OK ပေးလိုက်ရင်တော့ ဒီကောင်လေး ပိတ်သွားခဲ့ရင် အပေါ်ကနည်းအတိုင်း သွားပြန်ဖွင့်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း ကျနော် ဖန်တီးလိုက်တဲ့ Restore Point တခုကို အသစ်မြင်ရပါပြီ..။ ဒါဆိုရင်တော့ Restore Point ဖန်တီးလို့ ပြီးပါပြီ..။


တကယ်လို့ တစုံတခု Error တွေကြောင့် ဝင်းဒိုးကို နောက်ပြန်သွားလိုရင်တော့ အောက်ကပုံအတိုင်း System Restore ကို ဖွင့်ပြီး ပြန်သွားလို့ ရပါတယ်..။ ဝင်းဒိုး မတက်တော့တဲ့ စက်တွေမှာ ဆိုရင်တော့ ကီးဘုတ်မှ F8 ကီးကို နှိပ်ပြီး အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ အစအဆုံး လေ့လာလိုတဲ့ သူများကတော့ ကျနော့် Blog အောက်ဆုံးအပိုင်းမှာ Button လေးနဲ့ လုပ်ပေးထားတဲ့ Computer ကို Error မျိုးစုံမှ ကာကွယ်ရန် Recover လုပ်နည်းများ ဆိုတဲ့ နေရာကနေ ပိုစ့်တွေကို ဝင်ကြည့်နိုင်ပါတယ်..။



အပေါ်ပုံအတိုင်း ကျနော် ဒီကောင်လေးနဲ့ ဖန်တီးလိုက်တဲ့ Restore Point သို့မဟုတ် တခြား Point တွေကို ကလစ်ပြီး ဝင်းဒိုးကို ကောင်းနေတဲ့ အချိန်သို့ ပြန်ရောက်အောင် ၊ ပြန်သွားလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ..။

1 comment:

  1. အကိုရေ ဒီကောင်လေး down ချင်လိုက်တာ down လို့လည်းမ၇ဘူးဖြစ်နေတယ် ကူညီပါဦးခင်ဗျား

    ReplyDelete

Related Posts Plugin for WordPress, Blogger...