Microsoft Office 2010 Activator Toolkit & Serial Keys


Microsoft Office 2010 Activator Toolkit & Serial Keys ကတော့ ကိုthuyein က Cbox မှာ ပြန်လည်မျှဝေပေးထားတာ လေးပါ..။ နောက်ပိုင်း ပြန်ရှာရလွယ်အောင်လို့ ကျနော်က ဒီနေရာမှာ  ပြန်လည်ဖေါ်ပြ ပေးလိုက်တာပါ..။ ဒီ Activator နဲ့ Serial Keys လေးတွေက Microsoft Office 2010 ဗါးရှင်းအားလုံးကို အသုံးပြုလို့ ရမယ်လို့ ပုံသေမမှတ်သင့်ပါဘူး..။ အဆင်ပြေမယ့် Version တွေရှိနိုင်သလို၊ အဆင်မပြေ နိုင်တာလေးတွေလည်း ရှိနေမှာပါ..။ Microsoft ကုမ္ပဏီက အများနဲ့ လုပ်တာဖြစ်တဲ့ အတွက် Serial Key တခုထဲနဲ့ Products အားလုံးကို အသုံးပြုမှာ မဟုတ်ပါဘူး..။ ဒါကိုတော့ သဘောပေါက်ထား ရပါမယ်..။ Product တူနေရင်တောင် Version အလိုက် သူ့ရဲ့ Serial Keys တွေကို လိုက်ပြောင်းထားမှာပါ..။ Windows7 ချင်းတောင် မတူပါဘူး..။ Acer Windows7 Home Premium 64-bit မှာ ထည့်ထားတဲ့ Product Key နဲ့ Dell Windows7 Home Premium 64-bit မှာ ပါလာတဲ့ Product Key ချင်းတောင်မတူပါဘူး..။ အဲလိုမျိုး ပြောင်းလဲပြီး Serial Keys တွေကို အသုံးပြုထားမှာပါ..။ ကျနော်တို့ကတော့ တခုပြီးတခု စမ်းကြည့်ရမှာပါ..။ သူ့ဟာနဲ့သူ တိုက်ဆိုင်ပြီး အဆင်ပြေသွားရင် အမြတ်ရတာပေါ့..။ အဆင်မပြေတော့လဲ အရင်းပေါ့ဗျာ..။ အရှုံးမရှိပါဘူး..။ အခုဒီကောင်လေးကို ကိုthuyein ကအသုံးပြုပုံ လုပ်နည်း လေးပါ Notepad လေးနဲ့ ရေးပေးထားပါတယ်..။ အားလုံးအတွက် ပြန်လည်မျှဝေပေးတဲ့ အတွက် ကိုthuyein ကို ကျေးဇူးတင်ပါတယ်..။ ကျနော်က တခြားဆိုဒ်တွေမှာပါ ပြန်တင်ပေးလိုက်ပါတယ်..။ စမ်းမကြည့်ပဲနဲ့တော့ အဆင်မပြေနိုင်ပါဘူး..။ လိုအပ်တဲ့သူများတော့ စမ်းသုံးကြည့်သင့်ပါတယ်..။ ဒီတစ်ယောက်နဲ့ အဆင်မပြေပေမယ့် တခြားတစ်ယောက်အတွက် အဆင်ပြေချင်ပြေနေမှာပါ..။ အားလုံးကို စမ်းသုံးကြည့်သင့်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.4 MB ရှိပါတယ်..။

All Adobe CS6 Full Activation Crack And Serial Keys With Instructions [MKDEV]

ဒါလေးကတော့ Adobe CS6 Product အားလုံးကို Full ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်..။ သူ့ထဲမှာ  Activation ဖြစ်အောင် လုပ်ပေးမယ့် Crack ဖိုင်လေးတွေနဲ့ Serial Keys တွေပါပါတယ်..။ လုပ်နည်း Instructions ဖိုင်လေးကို Notepad လေးနဲ့ ရေးပေးထားပါတယ်..။ မူရင်းအတိုင်း အင်္ဂလိပ်လို ရေးထားပါတယ်..။ Instructions လေးအတိုင်း လုပ်ပေးလိုက်ရင် Adobe CS6 Product အားလုံးကို ဖူးသုံးလို့ ရသွားပါလိမ့်မယ်..။ စမ်းကြည့်ချင်တဲ့ သူများအတွက် ကျနော်အောက်မှာ လင့်လေးချိတ်ပေးလိုက်ပါတယ်..။ Adobe ဆိုဒ်ကိုသွားပြီး မိမိတို့ လိုချင်တဲ့ Product တခုကို ကလစ်လိုက်ရင် သူ့ရဲ့ဒေါင်းလော့ဒါလေး ချပေးပါလိမ့်မယ်.. အဲဒါလေးကို စက်ထဲမှာ Install ဆွဲထည့်ပြီး မိမိတို့လိုချင်တဲ့ ပရိုဂရမ်ကို ဒေါင်းယူဖို့အတွက် Create an Adobe ID ဆိုတဲ့ စာသားနေရာကို ကလစ်ပြီး Adobe အကောင့်တခု ဖွင့်ရပါမယ်..။ Free ဖွင့်ရတဲ့ အကောင့်ပါ..။ အကောင့်ရရင်တော့ Latest Programs တွေကို ဒေါင်းယူလို့ ရပါပြီ..။ Adobe ဆိုဒ်ကို ဒီလင့်ကနေ သွားပါ.. http://www.adobe.com/downloads/ ..။ နောက်ပြီး မိမိတို့ ဒေါင်းထားတဲ့ ပရိုဂရမ်တခုကို တစ်ရက်ထဲနဲ့ မပြီးရင်.. ၃၊၄ ရက်ခွဲပြီး ဒေါင်းယူလို့ ရပါတယ်.. စက်ပိတ်တော့မယ်ဆိုရင် Pause နေရာကို တချက်ကလစ်ပြီး စက်ပိတ်လိုက်လို့ ရပါတယ်..။ နောက်ရက်စက်ပြန်ဖွင့်တဲ့ အခါ ၎င်းနေရာကိုပဲ ပြန်နှိပ်ပြီး ဆက်ဒေါင်းလို့ အဆင်ပြေပါတယ်..။ All Adobe CS6 တွေအတွက်  Activation Crack နဲ့ Serial Keys တွေကိုတော့ အောက်က အဆင်ပြေတဲ့ လင့်တွေကနေ ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.8 MB ရှိပါတယ်..။ ထုံးစံအတိုင်း Adfly webpage လေး ခံထားပါတယ်..။

Portable Adobe InDesign CS5


 Portable Adobe InDesign CS5.5 ကတော့ မထင်မှတ်ပဲ ရလာတာပါ..။ ကျနော်ရှာတာက  InDesign CS6 ပါ..။ InDesign CS6 တွေက ရတော့ရတယ်..။ ဖိုင်ဆိုဒ်တအားကြီးနေလို့ ပြန်တင်ပေးဖို့ အဆင်မပြေဘူး..။ တခြား ဆိုဒ်သေးတဲ့ InDesign CS6 ကို ထပ်ရတဲ့ အခါကျမှ ထပ်တင်ပေးသွားပါ့မယ်..။ သူငယ်ချင်းတစ်ယောက်ကတော့ အကြံပေးဖူးတယ်..။ ဖိုင်ဆိုဒ်ကြီးတာတွေကို ဖိုင်တွေခွဲပြီး တင်ပါလားတဲ့..။ ကျနော် အတတ်နိုင်ဆုံး ဖိုင်မခွဲပဲ တင်ပေးချင်ပါတယ်..။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကျနော်လည်း မြန်မာနည်းပညာဆိုဒ်တွေက ဖိုင်တွေခွဲတင်ပေးထားတဲ့ ဆော့ဝဲလ်တွေကို ဒေါင်းဖူးပါတယ်..။ ပြန်ပေါင်းတဲ့ အခါမှာ Error တက်တာများတယ်..။ ပေါင်းလို့ရတာတွေလည်း ရှိခဲ့ပါတယ်..။ ဒါပေမယ့် နည်းတယ်..။ ဖိုင်တွေပြန်ပေါင်းမရရင် စိတ်ညစ်ဖို့ ကောင်းပါတယ်..။ ဒေါင်းထားတဲ့ အပိုင်းတွေက အများကြီး..။ ကျနော် ဖိုင် ၄၀ ကျော်ရှိတဲ့ Windows7 ခွေ၊ အပိုင်းအားလုံး ဒေါင်းဖူးတယ်.. ပြန်ပေါင်းလို့ မရဘူး..။ ဖျက်ပစ်ရမှာလည်း နှမျှောလို့ ဒီတိုင်းပဲ ထားထားတယ်..။ တခြား ဆော့ဝဲလ်တွေလည်း အများကြီး အပိုင်းတွေနဲ့ ဒေါင်းဖူးတယ်..။ ဖိုင်တွေပြန်ပေါင်းလို့ ရတာ နည်းပါတယ်..။ Error တက်ပြီး ပြန်ပေါင်းမရတာ များတယ်..။ ဒါကြောင့် ဖိုင်တွေခွဲတင်ပေးဖို့ သိပ်စိတ်မပါတာ..။ အခြေနေရပေါ့ဗျာ..။ နောက်ပိုင်း တင်ပေးတဲ့ ဆော့ဝဲလ်တွေက ဖိုင်ခွဲတင်မှ အဆင်ပြေနိုင်မယ်ဆိုရင်တော့ ဖိုင်တွေခွဲတင် ပေးတာပေါ့..။ အခုတော့ ဒီကောင်လေးကို လိုအပ်တဲ့သူများက အောက်ကလင့်တွေကနေ ဒေါင်းယူထားလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 243 MB ရှိပါတယ်..။ ဒီပရိုဂရမ်ကို ဘာအတွက် အဓိကသုံးလဲဆိုတော့ ကျနော်တို့ ဟိုးအရင်တုန်းက Page maker နဲ့ ဖိတ်စာကတ်၊ လိပ်စာကတ်တွေ လုပ်ခဲ့ကြတယ်..။ အခုဒီဆော့ဝဲလ်က အဲဒီ Page Maker ကိုပြန်လည် ဆန်းသစ်ထားတဲ့ ပရိုဂရမ်တခုပါ..။ ဒီကောင်မှာတော့ အတော်လေးကို အစုံသုံးလို့ ရတယ်..။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ ပိုစတာ ဒီဇိုင်းတွေ၊ တော်တော်များများကို အသုံးဝင်ပါတယ်..။ Page Maker ကို အကျွမ်းတဝင် ရှိတဲ့သူတွေအတွက် ဒီဆော့ဝဲလ်ကို အလွယ်လေး အသုံးပြုတတ်မှာပါ..။ အောက်မှာ Video လေးတွေနဲ့ အသုံးပြုပုံ အနည်းငယ်ကို Beginner တွေအတွက် လေ့လာရေးသဘောမျိုး ကြည့်လို့ ရအောင် တင်ပေးထားပါတယ်..။ ကျနော် ဒီဖိုင်ကို Adf.ly webpage လေးကြားခံထားပါတယ်..။ အောက်ကပုံလေးကို ကြည့်ပြီး ဒီဖိုင်ကို ဒေါင်းယူနိုင်ပါတယ်..။

Portable Microsoft Office Standard 2010 Mini FR-EN


ကျနော် ဒီ Portable Microsoft Office 2010 ကိုရှာနေတာ ကြာပါပြီ..။ PDF ဖိုင်လုပ်ချင်တဲ့ သူများအတွက်..  PDF Files များဖန်တီးခြင်း ပိုစ့်ပြီးကတည်းက တင်ပေးချင်နေတာ..။  ရှာမတွေ့ဘူး ဖြစ်နေလို့..။ အခုမှပဲ ဒီကောင်လေးကို ရလာလို့ ပြန်လည်တင်ပေးလိုက်ပါတယ်.. သူ့ထဲမှာ ပါတာတွေကတော့ Microsoft Word 2010 ၊ Microsoft Excel 2010 ၊ Microsoft PowerPoint 2010 ဒီသုံးမျိုး ပါပါတယ်..။ အားလုံး ကျနော်စမ်းသုံးကြည့်ပြီးပါပြီ.. OK ပါတယ်..။ Microsoft Word နဲ့ PDF ဖိုင်တွေဖန်တီးလို့လည်း အဆင်ပြေပါတယ်..။ အဆင်မပြေတာတခုက သူ့အတွက် ကီးအမှန်ကို ရှာလို့ မတွေ့သေးဘူး..။ ဒါပေမယ့် ရက်၃၀တော့ သုံးလို့ ရပါတယ်..။ လိုအပ်တဲ့သူများကတော့ ဒါလေးကို အရင်ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 193 MB ရှိပါတယ်..။    ကျနော့်ဆီမှာ Connection ကောင်းတုန်း ဖိုင်ဆိုဒ်ကြီးတာတွေ အရင်တင်ပေးချင်လို့ပါ..။ နောက်ပိုင်း သူ့အတွက် ကီးအမှန်လေးတွေ ရလာရင် ထပ်တင်ပေးသွားပါ့မယ်..။ ကျနော့်ဆိုဒ်မှာ လာလည်တဲ့ သူငယ်ချင်းတို့ဆီမှာလည်း Serial Key လေးတွေရှိရင် Cbox မှာရေးပေးခဲ့ပြီး အားလုံးအတွက် ပြန်လည်မျှဝေခဲ့ကြပါ..။ 
PDF ဖိုင်တွေဖန်တီးဖို့နဲ့ PDF ဖိုင်တွေ ဖတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဆော့ဝဲလ်တွေကတော့ ကျနော့်ဆိုဒ်မှာ အရင်ကတည်းက တင်ပေးထားခဲ့ပြီးသားပါ..။ ဒီပိုစ့်ကနေ အလွယ်ရှာလို့ ရအောင် ကျနော်အောက်မှာ လင့်တွေချိတ်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ တခါတည်း ဝင်ယူသွားလိုက်ပါ..

Portable Adobe Illustrator CS6


 Adobe Illustrator CS6 ကို အောက်မှာ Video ဖိုင်လေးတွေ ကြည့်ရင်း.. ဒီပရိုဂရမ်ရဲ့ အသုံးဝင်ပုံတွေနဲ့ ထူးခြားချက်တွေကို မျက်မြင်သင်ယူခွင့် ရမှာဖြစ်ပါတယ်..။ 3D Design မျိုးစုံပြုလုပ်တဲ့ နေရာမှာတော့ ဒီကောင်လေးက တော်တော်လေးကို အသုံးဝင်ပါတယ်..။ စာလုံးဒီဇိုင်း ၊ အဆောက်အဦး ဒီဇိုင်းတွေနဲ့ ကာတွန်းတွေ၊ မြေပုံတွေကို ဒီ Illustrator ဆော့ဝဲလ်နဲ့ ဖန်တီးတတ်ကြပါတယ်..။ လူကြိုက်များတဲ့ နာမည်ကြီး ဆော့ဝဲလ်တခုပါ..။ အောက်မှာ Beginner တွေအတွက် Video လေးတွေ၊ ချိတ်ပေးလိုက်ပါတယ်..။ Video လေးတွေကြည့်ပြီ.. ကိုယ်တိုင် လိုက်မလုပ်တတ်ရင်တောင် အနည်းဆုံးတော့ မျက်မြင်ဗဟုသုတ တိုးပွါးပြီ.. အမြင်ကျယ်သွားတာပေါ့ဗျာ..။ ဒီဆော့ဝဲလ်က ဒီလိုတွေ အသုံးဝင်ပါလား ဆိုတာသိသွားရင် ဆော့ဝဲလ်တွေကို တန်ဖိုးထားတတ်.. ရှာဖွေစုဆောင်းတတ်ပြီး.. ဖြေးဖြေးချင်း လေ့လာသွားမယ်ဆိုရင် မိမိတို့အတွက် အများကြီး တန်ဖိုးရှိတဲ့ ပညာတွေကို တတ်မြောက်အောင်မြင်မှာ သေချာပါတယ်..။ ဒီပရိုဂရမ်တွေက မူရင်းဆိုဒ်မှာ ရောင်းစားတဲ့ ဆော့ဝဲလ်တွေပါ..။ ဖရီးမပေးပါဘူး..။ မကြာခင် ဒီအောက်ကလင့်တွေကို ရှာတွေ့သွားရင် အဖျက်ခံရမှာပါ..။ ဒါကြောင့် ရတုန်းလေး ယူထားကြပါလို့.. ဖိုင်ဆိုဒ်တော့ နည်းနည်းများတယ်.. 182 MB ရှိပါတယ်..။ နောက်ပိုင်းဒီလို ဖိုင်ဆိုဒ်ကြီးတဲ့ ဆော့ဝဲလ်မျိုးကို ပြန်တင်ပေးဖို့ဆိုတာ သိပ်တော့ မလွယ်လှဘူး..။ အခုတော့ လိုင်းကောင်းတုန်းမို့လို့ တင်ပေးဖြစ်သွားတာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူထားလိုက်ပါဗျာ.. Adf.ly Webpage လေးကြားခံထည့်ထားပါတယ်..။

Portable Adobe Premiere Pro CS3


ဒီ Adobe Premiere Pro CS3 လေးကတော့.. ကျနော့် သူငယ်ချင်းတစ်ယောက် တောင်းထားတာ ကြာပါပြီ..။ ကျနော့်မှာလည်း အဆင်သင့် မရှိသေးလို့ တင်မပေးဖြစ်တာ.. အခုမှ ဒီကောင်လေးကို ရလာလို့.. ပြန်လည်တင်ပေးလိုက်ပါတယ်..။ Video Editing လုပ်တဲ့ ပရိုဂရမ်တခုပါပဲ..။ ကျနော်ရှာတာက Premiere CS6 ပါ..။ ရလာတာက CS3 ..။ ဘာပဲဖြစ်ဖြစ် သုံးလို့ရဖို့က အဓိကပါ..။ နောက်ပိုင်း Premiere CS6 ရလာတဲ့ အခါ ထပ်တင်ပေးသွားပါအုန်းမယ်..။ ဒီကောင်လေးကို ဘာအတွက်သုံးလဲဆိုတော့.. ကျနော်တို့ ရုပ်ရှင်တွေ Video တွေကို Effect တွေထည့်ဖို့.. စာတန်းထိုးတဲ့ အခါ စာလုံးတွေ ဝဲပျံကျလာအောင် အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံနဲ့ ပုံစံအမျိုးမျိုး ပြုလုပ်၊ ဖန်တီးယူလို့ ရပါတယ်..။ Video ဖိုင်တွေ တခုနဲ့တခု ဖြတ်ဆက်တာမျိုး..  ရုပ်ရှင်ဖိုင် နှစ်ခုကြားမှာ Fade in ၊ Fade out တွေကအစ ဘယ်လိုထည့်သုံးရလဲဆိုတာ Video ဖိုင်လေးပါ ပြပေးထားပါတယ်..။  မသိသေးတဲ့၊ မသုံးတတ်သေးတဲ့ သူများအတွက် ကျနော်အောက်မှာ Video ဖိုင်လေး ၂ခုရှာပြီး လင့်ချိတ်ပေးလိုက်ပါတယ်..။ အခုမှ စလေ့လာမယ့် သူတွေအတွက် Beginner Guide လေးပါ..။ ကျနော့်ဆိုဒ်ထဲကနေ တခါတည်း ကြည့်လို့ရအောင်.. သိမ်းထားချင်ရင်လည်း ဒေါင်းယူသိမ်းထားလို့ရအောင် ဒါရိုက်လင့်နဲ့ ချိတ်ဆက်ပေးထားပါတယ်..။ ဒီ Portable Adobe Premiere Pro CS3 ဖိုင်ဆိုဒ်တော့ နည်းနည်းများတယ်..။ 155.6 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဒီကောင်လေးကို ဖွင့်တဲ့အခါမှာ Double Click နဲ့ ဖွင့်မရခဲ့ရင်.. Right Click ထောက်ပြီး Run as administrator ကို ကလစ်၍ ဖွင့်သုံးနိုင်ပါတယ်..။ ကျနော်စက်မှာ အဲဒီလိုဖွင့်မှ သုံးလို့ ရလို့ပါ..။ နောက်ပြီး ကျနော်ဒီဖိုင်လေးကို အမြန်အဖျက်မခံရအောင် Adf.ly webpage လေးကြားခံထည့်ထားပါတယ်..။ အောက်ကပုံလေးအတိုင်း ကြည့်ပြီးဒေါင်းယူနိုင်ပါတယ်..။

Internet Download Manager 6.12 Beta Build 2


Internet Download Manager Update အသစ်လေး မနေ့ကမှ ထွက်လာလို့ တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးအတွက် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Patch နဲ့ ဖူးဖြစ်အောင်လုပ်နည်း ကိုတော့ အားလုံးပဲလိုလို သိပြီး ဖြစ်မှာပါ..။ ဒါကြောင့် ပုံလေးတွေနဲ့ လုပ်မပြတော့ပါဘူး..။ အင်တာနက် သုံးတတ်တဲ့သူတိုင်း ဒီ IDM လေးတွေကို ဆောင်ထားတတ်ကြလို့ Update ထွက်တိုင်း တင်တင်ပေးနေတာပါ..။ နောက်ပြီး IDM Update လုပ်မိတဲ့သူများအတွက် မရှိမဖြစ် လိုအပ်ပါတယ်..။ ဒါကြောင့် လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.9 MB ရှိပါတယ်..

Minitool Partition Wizard Server Edition v7.1


 http://lwinminbo.blogspot.com/2012/04/hard-disk-partition.html
မိုး   2 May 2012 06:18
အဲဒီနည်းနဲ့ ကွန်ပျူတာ အသစ်ကို ပါတေးရှင်း ၅ခုခွဲတာ တစ်ခုပဲရတယ် ကျန်တာ အယ်ရာပြနေတယ် နောက်ဆုံးတစ်ဆင့်ကိုမရဘူး ပြန်ဖျက်လို့လဲမရဘူး ကူညီပါအုံးဗျာ
ဒီ Comment လေးကတော့ နည်းနည်း ကြာနေပါပြီ..။ Hard Disk ကို Partition ခွဲနည်း ပိုစ့်မှာ ရေးထားတဲ့ အစ်ကိုမိုးရဲ့ Comment လေးကို ပြန်လည် သတိရလာလို့.. ကျနော်ကိုယ်တိုင်လည်း စက်အသစ်ကို Partition ခွဲလို့ မရတဲ့ ပြဿနာကြုံလာမှ အဖြေကို လိုက်ရှာရင်း.. ဒီဆော့ဝဲလ်လေးနဲ့ အဆင်ပြေသွားပါတယ်..။ ကျနော့်လိုပဲ အခက်အခဲကြုံနေတဲ့ သူများအတွက် အသုံးပြုတတ်အောင်လို့ ဒီကောင်လေးနဲ့ အသုံးပြုနည်း လေးတွေကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ ဒီကောင်လေးနဲ့ Hard Disk တခုလုံးကို အစုံသုံးလို့ ရပါတယ်..။  Resize/Move partitions, Merge Partition, Change Cluster Size, Copy Partition, Copy Disk, Create partition and Delete partitions, Format partitions, Convert partitions, Explore partitions, Hide and Unhide partitions, Set active partition, Convert Dynamic Disk to Basic Disk, ဟတ်ဒစ်အတွက် အားလုံးနီးပါပါပဲ.. ဒီပိုစ့်မှာတော့ Partition ခွဲတာကိုပဲ ရှင်းပြသွားမှာပါ..။ ဟိုးအရင်တုန်း စက်တလုံးမှာ Dynamic Disk ဖြစ်နေလို့ ဘယ်လိုမှ  Partition ခွဲလို့မရဖြစ်ဖူးပါတယ်..။ အဲတုန်းက ဒီကောင်လေးကို မသိခဲ့လို့  Partition ထဲက Data တွေအားလုံး ပျက်စီးသွားခဲ့ ရပါတယ်..။ ခုချိန်မှာတော့ ဒီကောင်လေးနဲ့ ဟတ်ဒစ်တခုလုံးကို အသုံးပြုလို့ ရသွားပါပြီ.. အသုံးပြုရတာ လွယ်ပေမယ့် မသုံးတတ်သေးတဲ့ သူများအတွက် အောက်မှာ  Partition ခွဲနည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ တခြား အသုံးဝင်တာတွေကိုတော့ မိမိတို့ဖာသာ ဖြေးဖြေးချင်း စမ်းသပ်အသုံးပြုကြည့်ကြပါဗျာ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 10.1 MB ရှိပါတယ်..။ သူ့အတွက် ကီးလေးပါ ထည့်ပေးထားပါတယ်..။
Related Posts Plugin for WordPress, Blogger...