Microsoft Office 2010 Activator Toolkit & Serial Keys


Microsoft Office 2010 Activator Toolkit & Serial Keys ကတော့ ကိုthuyein က Cbox မှာ ပြန်လည်မျှဝေပေးထားတာ လေးပါ..။ နောက်ပိုင်း ပြန်ရှာရလွယ်အောင်လို့ ကျနော်က ဒီနေရာမှာ  ပြန်လည်ဖေါ်ပြ ပေးလိုက်တာပါ..။ ဒီ Activator နဲ့ Serial Keys လေးတွေက Microsoft Office 2010 ဗါးရှင်းအားလုံးကို အသုံးပြုလို့ ရမယ်လို့ ပုံသေမမှတ်သင့်ပါဘူး..။ အဆင်ပြေမယ့် Version တွေရှိနိုင်သလို၊ အဆင်မပြေ နိုင်တာလေးတွေလည်း ရှိနေမှာပါ..။ Microsoft ကုမ္ပဏီက အများနဲ့ လုပ်တာဖြစ်တဲ့ အတွက် Serial Key တခုထဲနဲ့ Products အားလုံးကို အသုံးပြုမှာ မဟုတ်ပါဘူး..။ ဒါကိုတော့ သဘောပေါက်ထား ရပါမယ်..။ Product တူနေရင်တောင် Version အလိုက် သူ့ရဲ့ Serial Keys တွေကို လိုက်ပြောင်းထားမှာပါ..။ Windows7 ချင်းတောင် မတူပါဘူး..။ Acer Windows7 Home Premium 64-bit မှာ ထည့်ထားတဲ့ Product Key နဲ့ Dell Windows7 Home Premium 64-bit မှာ ပါလာတဲ့ Product Key ချင်းတောင်မတူပါဘူး..။ အဲလိုမျိုး ပြောင်းလဲပြီး Serial Keys တွေကို အသုံးပြုထားမှာပါ..။ ကျနော်တို့ကတော့ တခုပြီးတခု စမ်းကြည့်ရမှာပါ..။ သူ့ဟာနဲ့သူ တိုက်ဆိုင်ပြီး အဆင်ပြေသွားရင် အမြတ်ရတာပေါ့..။ အဆင်မပြေတော့လဲ အရင်းပေါ့ဗျာ..။ အရှုံးမရှိပါဘူး..။ အခုဒီကောင်လေးကို ကိုthuyein ကအသုံးပြုပုံ လုပ်နည်း လေးပါ Notepad လေးနဲ့ ရေးပေးထားပါတယ်..။ အားလုံးအတွက် ပြန်လည်မျှဝေပေးတဲ့ အတွက် ကိုthuyein ကို ကျေးဇူးတင်ပါတယ်..။ ကျနော်က တခြားဆိုဒ်တွေမှာပါ ပြန်တင်ပေးလိုက်ပါတယ်..။ စမ်းမကြည့်ပဲနဲ့တော့ အဆင်မပြေနိုင်ပါဘူး..။ လိုအပ်တဲ့သူများတော့ စမ်းသုံးကြည့်သင့်ပါတယ်..။ ဒီတစ်ယောက်နဲ့ အဆင်မပြေပေမယ့် တခြားတစ်ယောက်အတွက် အဆင်ပြေချင်ပြေနေမှာပါ..။ အားလုံးကို စမ်းသုံးကြည့်သင့်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.4 MB ရှိပါတယ်..။



ဒီအောက်က ပုံလေးကို ကြည့်ပြီး ဖိုင်တွေကို ဒေါင်းယူနိုင်ပါတယ်..။


3 comments:

  1. ကျေးဇူးပါ ကိုလွင်မင်းဗိုလ်ခင်ဗျား
    ကျွန်တော်လည်း ရရချင်း တင်ပေးလိုက်တာပါ
    အစ်ကိုလိုတော့ နားမလည်ပါခင်ဗျား
    ခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါခင်ဗျား
    ကျွန်တော်သုံးနေတဲ့ ဟာကို ဖိုင်ဆိုဒ်ခွဲပြီးတင်နေပါတယ်ခင်ဗျား
    အဲဒါနဲ့ ရရင်လည်း အဆင်ပြေစေချင်လို့ပါ
    ကျွန်တော်လည်း မရခင်တုံးက ရွာလည်နေတာ ကိုယ်ချင်းစာလို့ပါခင်ဗျား
    လေးစားစွာဖြင့်
    သူရိန်

    ReplyDelete
  2. Replies
    1. နောက်ထပ်တင်ပေးလိုက်တဲ့ Microsoft Office Professional Plus 2010 နဲ့ဆို ဒီ Key တွေက အဆင်ပြေပါတယ်..။ Full ဖြစ်အောင် လုပ်နည်းလေးတွေနဲ့ လုပ်ပြထားပါတယ်..။ လိုအပ်ရင် အောက်ကလင့်ကနေ ဝင်ကြည့်လိုက်ပါဗျာ..
      http://lwinminbo.blogspot.com/2012/07/microsoft-office-2010-full-version.html

      Delete

Related Posts Plugin for WordPress, Blogger...