Microsoft Office Professional Plus 2010 ( full version )



21 Jul 12, 09:07 PM
thuyein: အစ်ကိုခင်ဗျား ကျွန်တော့်မှာ ရှိတဲ့ MS Office 2010 full version ကို တင်ပေးလိုက်ပါပြီ..။ ဒီကောင်ကို ကျွန်တော် အရင်ပေးထားတဲ့ E-Z Activator နဲ့ Product key နဲ့ activate လုပ်တာ ရပါတယ်ခင်ဗျား..။ activate လုပ်နေရင် online ချိတ်ထားဖို့ ပြောပေးပါခင်ဗျား..။ ပြီးရင် Microsoft Netframe 4.0 ရှိရမယ်လို့ ပြောပါတယ်...။ ကျွန်တော်က ရှိပြီးသားမိုလို့ ထည့်မထားပါခင်ဗျား..။  ကျန်တာအကုန်အဆင်ပြေပါတယ်..။ product key မှာ အပေါ်က key နဲ့တင် အဆင်ပြေသွားပါတယ်ခင်ဗျား..။ အပိုင်း 19 ပိုင်းပါ..။
ကျနော့်မှာ ရှိတဲ့ Microsoft Office 2010 က 4GB ကျော်ရှိပါတယ်..။ ဒါကြောင့် မတင်ပေးတာပါ..။ အခု ကိုthuyein တင်ပေးလိုက်တဲ့  MS Office 2010 က 700 MB ဆိုတော့ ဒေါင်းယူရတဲ့ လူအတွက်လည်း အဆင်ပြေမှာပါ..။ အားလုံးအတွက် လုပ်ပေးတဲ့ ကိုthuyein ကို ကျေးဇူးတင်ပါတယ်..။ တခုလိုတာက ဘယ်ဆော့ဝဲလ်နဲ့ ဖိုင်တွေကို ခွဲတာလည်း ဆိုတာ မသိရတာပါ..။ ဥပမာ Hjsplit ဆော့ဝဲလ်နဲ့ ဖိုင်ခွဲတာဆိုရင် Hjsplit ဆော့ဝဲလ်နဲ့ ပြန်ပေါင်းမှ ရတာပါ..။ ဒါကြောင့် ဘယ်ဆော့ဝဲလ်နဲ့ ဖိုင်တွေခွဲခဲ့တာလည်း ဆိုတာ.. ကိုthuyein ဒီပိုစ့်ကို ဖတ်မိရင် အကြောင်းပြန်ပေးပါ..။ တချို့ဆော့ဝဲလ်တွေတော့ ရှိပါတယ်..။ ဖိုင်တွေပြန်ပေါင်းတဲ့ အခါကျရင် Part-01 ကို ဖြည်ချလိုက်ရင် အားလုံးတန်းစီပြီး ပြေကျသွားပါတယ်..။ အဲလိုမျိုးဆိုရင်တော့ ဖိုင်ခွဲခဲ့တုန်းက အသုံးပြုခဲ့တဲ့ ဆော့ဝဲလ်ကို ပြန်သုံးဖို့ မလိုတော့ပါဘူး..။

AnyBizSoft PDF to Excel Converter 2.0.0.7

18 Jul 12, 03:26 PM
ငယ်ငယ်: အစ်ကိုရေ Sacn ဖတ်ထားတဲ့ PDF file တွေကို Word file နဲ့ Excel file တွှေအဖြစ် ပြောင်းပြီး စာတွေ ပြင် ၊ ရိုက် စတာတွေ လုပ်လို့ရပါသလား။ အဲလိုပြောင်းလို့ရတယ်ဆိုရင် Software လေး လိုချင်လို့ပါ။ ကူညီပါဦးနော်။
ဒါလေးက နောက်တခုပါ..။ စာရင်းဇယားတွေနဲ့ လုပ်ထားတဲ့ PDF ဖိုင်တွေကို PDF ကနေ Excel အဖြစ် ပြောင်းပေးနိုင်ပါတယ်..။ အောက်မှာ သူ့အတွက် key ထည့်ပြထားပါတယ်..။ ဒီဆော့ဝဲလ်ကို Install ထည့်ပြီးတာနဲ့ ကီးတောင်းတဲ့ ဘောက်စ်လေး ပေါ်လာပါလိမ့်မယ်.. တခါတည်း notepad လေးထဲက ကီးကို ထည့်ပေးလိုက်ရင် Full သုံးလို့ ရပါပြီ..။ အောက်ကပုံလေးတွေနဲ့ Excel ဖိုင်ဖြစ်အောင် လုပ်ပြထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ...။ ဖိုင်ဆိုဒ်ကတော့ 5.4 MB ရှိပါတယ်..။

PDF to Word Converter 2.0


18 Jul 12, 03:26 PM
ငယ်ငယ်: အစ်ကိုရေ Sacn ဖတ်ထားတဲ့ PDF file တွေကို Word file နဲ့ Excel file တွှေအဖြစ် ပြောင်းပြီး စာတွေ ပြင် ၊ ရိုက် စတာတွေ လုပ်လို့ရပါသလား။ အဲလိုပြောင်းလို့ရတယ်ဆိုရင် Software လေး လိုချင်လို့ပါ။ ကူညီပါဦးနော်။
တောင်းထားတဲ့လူရှိလို့ ရှာဖွေရင်း ရလာတာလေးတွေ တင်ပေးလိုက်ပါတယ်..။ PDF ကနေ Word ကို ပြောင်းလို့ရတဲ့ ကောင်လေးပါ..။ အောက်မှာတော့ Key ထည့်ပြီး ဖူးဖြစ်အောင် လုပ်ပြထားပါတယ်..။ သူ့ရဲ့ key လေးကို notepad လေးနဲ့ ထည့်ပေးထားပါတယ်..။ အသုံးပြုပုံပါ လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.3 MB ရှိပါတယ်..

Windows တွေမှာ မရှိမဖြစ် ၊ လုပ်ထားရမည့် System Image Backup File နှင့် System Repair Disc



ဒီနည်းလေးကတော့ ကွန်ပျူတာရှိတဲ့ လူတိုင်း မသိမဖြစ်၊ မတတ်မဖြစ် သိထားတတ်ထားသင့်တဲ့ နည်းလေးတခုပါပဲ.. ဒီနည်းနဲ့ ဒီလို Image Backup File နဲ့ System Repair Disc မလုပ်ထားကြလို့သာ ကွန်ပျူတာနဲ့ ပါတ်သက်တဲ့ ပြဿနာမျိုးစုံကို ခေါင်းရှုပ်ခံ၊ စိတ်ညစ်ခံပြီး ဟိုလူ့ဆရာတင်ရ၊ ဒီလူ့ဆရာတင်ရနဲ့ အလုပ်တွေရှုပ်.. ငွေကုန်ခံပြီး ဆိုင်မှာသွားပြင်နေကြရတာပါ..။ ပင်ပန်းလွန်းပါတယ်..။ သိတဲ့သူများအတွက် လွယ်ပေမယ့်.. မသိသေးတဲ့သူများ အတွက်တော့ ဘယ်ကနေ ဘယ်လိုစပြီး လုပ်ရမှန်းကို မသိကြတာပါ..။ ဒါကြောင့်ဒီနေ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာ.. ကျနော့်ရဲ့သူငယ်ချင်း တယောက်ကလည်း ဒီလုပ်နည်းလေးကို သိချင်နေတာ ကြာပါပြီ.. အဝေးကနေ လှမ်းတောင်းနေတာ.. ကျနော့်မှာလည်း ပုံတွေက အဆင်သင့် မရှိသေးလို့.. ပုံတွေလုပ်ဖို့ပြင်ရင်း ပြင်ရင်းနဲ့ ကြာသွားပါတယ်..။ တကယ်တော့ ဒီနည်းလေးက Windows ထဲမှာ ပါပြီးသား.. မိမိတို့ဖာသာ ဖန်တီးယူရမယ့် နည်းလေးတခုပါပဲ.. လုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်ပေးပါ..။ လိုအပ်တဲ့ ပစ္စည်းကတော့ CD အလွတ်တချပ် (CD အသစ်ကိုပြောတာပါ) .. ခွေကူးဖို့ CD/DVD Drive မပါတဲ့သူများကတော့ Backup File ပဲလုပ်ပါ.. CD ခွေမကူးလည်း ရပါတယ်..။ ဒါပေမယ့် External DVD Drive ရှိရင်တော့ ခွေကူးထုတ်ထားရင် ပိုကောင်းပါတယ်..။ အဲဒီအခွေက Boot တက်တဲ့ အခွေဖြစ်တဲ့ အတွက် ဝင်းဒိုးမှာ တစုံတရာ Error တက်ခဲ့ရင် Windows7 တင်နည်းအတိုင်း ဝင်ပြီး ပြန်ပြင်လို့ ရပါတယ်..။ Boot mgr is missing လို Error မျိုးဖြစ်ခဲ့ရင် အခုခွေကူးမယ့် Repair CD နဲ့ ပြန်ပြင်လို့ ရပါတယ်.. Windows ထဲမှာ မသိမ်းရသေးတဲ့ Data တွေ ပျက်မသွားပါဘူး.. အားလုံးပြန်ယူလို့ ရပါတယ်..။  Boot mgr is missing အဲရာမျိုး ဖြစ်ခဲ့ရင် အောက်ကပုံလိုမျိုး စာကြောင်းလေး ၂ကြောင်းပဲ ပေါ်နေပါလိမ့်မယ်..။ Starting Windows ပေါ်မလာတော့ပါဘူး..။

Internet Download Manager 6.12 Beta Build 5

Internet Download Manager 6.12 Beta Build 5 လေးက အသစ်ထပ်ထွက်လာတာပါ..။ မနေ့က တင်ပေးလိုက်တဲ့ Build 3 က Update ထွက်တာ တစ်ပါတ်ကျော်လောက်ပဲ ရှိပါသေးတယ်.. အခု Build 5 ထပ်ထွက်လာပြန်ပါတယ်..။ IDM ကို Update လုပ်မိတဲ့ သူများအတွက် ဒီလို နောက်ဆုံးထွက် Update လေးတွေကလည်း အမြဲလိုအပ်နေပါတယ်..။ Full ဖြစ်အောင် လုပ်နည်း အပြည့်အစုံကိုတော့ မနေ့ကတင်ပေးလိုက်တဲ့ IDM 6.12 Build 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးခဲ့ပြီးပါပြီ.. မသိသေးတဲ့ သူများကတော့ ပြန်ကြည့်ပေးပါ..။ ဒီ IDM 6.12 Build 5 အတွက် ထည့်ပေးလိုက်တဲ့ Patch ဖိုင်လေးကတော့ အရင်ကောင်တွေနဲ့ ပုံမတူပါဘူး..။ ဒါပေမယ့် လုပ်နည်းတော့ အတူတူပါပဲ..။ ဒီ B 5 ရဲ့ Patch ကတော့ ရှေ့နောက် နာမည်တွေထည့်ဖို့ မလိုပါဘူး..။ အောက်က အပေါ်ဆုံးပုံအတိုင်း Patch စာသားကို တချက်ကလစ်ပေးလိုက်ရင် ရပါပြီ.. အဲဒီအဆင့် ကိုရောက်ဖို့ IDM ရဲ့ Install ဆွဲထည့်ထားတဲ့ ဖိုဒါလေးထဲမှာ Patch ဖိုင်လေးကို copy, paste နဲ့ ထည့်ပြီး.. R/C>>Run as administrator နဲ့ လုပ်မှ အောက်ကပုံတွေပေါ်တဲ့ အဆင့်ကို ရောက်လာမှာပါ..။ ဒါကြောင့် မသိသေးတဲ့ သူများကတော့ IDM 6.12 Build 3 ပိုစ့်ကို အရင် ဝင်ကြည့်ပေးပါ..။ အခုတော့ နောက်ဆုံး Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေ ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.4 MB ရှိပါတယ်..။

Extreme Copy Pro v2.2.1 (32-64 bit)

ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ data တွေကို copy ကူးတဲ့ နေရာမှာ ပုံမှန်ထက် ပိုမိုမြန်ဆန်စေမယ့် ကောင်လေးပါပဲ.. ကျနော်လည်း စမ်းသုံးကြည့်ရင်းနဲ့ သဘောကျလို့ ဒီနေ့ဒါလေးကို တင်ပေးလိုက်ပါတယ်..။ သူ့မှာ 32-bit နဲ့ 64-bit ဆိုပြီး ၂မျိုးပါပါတယ်..။ မိမိတို့ OS နဲ့ ကိုက်ညီမယ့် ကောင်လေးကို ရွေးပြီး Install လုပ်ပါ..။ ပြီးရင်တော့ Notepad လေးထဲမှာ ပါတဲ့ key ကို copy ကူးထည့်ပြီး Full ဖြစ်အောင် လုပ်လိုက်ပါ..။ အောက်မှာ Key ထည့်တတ်အောင် ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 6.1 MB ရှိပါတယ်..

Internet Download Manager 6.12 Beta Build 3



Internet Download Manager 6.12 Beta Build 3 ကတော့ နောက်ဆုံးထွက်လာတဲ့ Update လေးပါ..။ ဒီနေ့ Cbox မှာလည်း တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ IDM ကို Patch နဲ့ Full ဖြစ်အောင် ပုံလေးတွေနဲ့ လုပ်ပြပေးလိုက်ပါတယ်..။ မသိသေးတဲ့သူများအတွက် ဒီနည်းလေးနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။ IDM မှ မဟုတ်ပါဘူး.. တခြားဘယ်ဆော့ဝဲလ်ပဲ ဖြစ်ဖြစ် Patch နဲ့ ဖူးဖြစ်အောင် ဒီနည်းနဲ့ပဲ လုပ်တာပါ..။ ဒါကြောင့် နောက်ပိုင်း Patch နဲ့တင်တဲ့ ဆော့ဝဲလ်တွေအားလုံး ဖူးဖြစ်အောင် လုပ်တတ်ဖို့ ဒီပိုစ့်ကိုပဲ ပြန်ပြန်ညွှန်းသွားပါ့မယ်..။ အခုတော့ IDM ကို Patch နဲ့ ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေ ဆက်ကြည့်ပေးပါ..။ နောက်တခုက IDM ကို မိမိတို့ စက်မှာ Update ဘောစ်ပေါ်တုန်းက Yes လုပ်မိလိုက်တဲ့ သူများကတော့ (IDM Register လုပ်ခိုင်းနေတဲ့သူများ) IDM နောက်ဆုံး ထွက်ကို ရှာပြီး Install ထပ်ဆွဲထည့်ပါ..။ ပြီးရင် သူ့ထဲမှာပါတဲ့ Patch ကိုယူ.. ဒီနည်းလေးအတိုင်း Patch ဖိုင်လေးကို သွားထည့်ပေးလိုက်ပါ.. အခုတော့ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.6 MB ရှိပါတယ်..

Xilisoft Photo Slide Show Maker v1.0.2

ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံတွေကို Slide Show လေးတွေပြုလုပ်ရတာ လွယ်ကူပါတယ်..။ Slide Show ရဲ့ နောက်ခံမှာ သီချင်းလေးပါ ထည့်ပြီး Save လုပ်လို့ရပါတယ်.. Video ဖိုင်ဖေါ်မတ်.. Youtube ကိုတင်မယ့်ဖိုင်ဖေါ် မတ်တွေအပြင် တခြား ဖေါ်မတ်အတော်များများကို စပို့လုပ်ပေးပါတယ်..။ သူ့အတွက် Keygen လေးပါထည့်ပေးထားပါတယ်..။ ဒါပေမယ့် ဒီကောင်လေးရဲ့ Keygen လေးကတော့ မသိသေးတဲ့ သူများအတွက် လုပ်ရခက်ပါတယ်...။ တခြား Keygen တွေနဲ့ မတူလို့ပါ..။ ဒါကြောင့်မို့ အောက်မှာပုံလေးတွေနဲ့ Keygen လေးကို အသုံးပြုပြီး Full ဖြစ်အောင်လုပ်ပြထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူထားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 38.3 MB
Related Posts Plugin for WordPress, Blogger...