AnyBizSoft PDF to Excel Converter 2.0.0.7

18 Jul 12, 03:26 PM
ငယ်ငယ်: အစ်ကိုရေ Sacn ဖတ်ထားတဲ့ PDF file တွေကို Word file နဲ့ Excel file တွှေအဖြစ် ပြောင်းပြီး စာတွေ ပြင် ၊ ရိုက် စတာတွေ လုပ်လို့ရပါသလား။ အဲလိုပြောင်းလို့ရတယ်ဆိုရင် Software လေး လိုချင်လို့ပါ။ ကူညီပါဦးနော်။
ဒါလေးက နောက်တခုပါ..။ စာရင်းဇယားတွေနဲ့ လုပ်ထားတဲ့ PDF ဖိုင်တွေကို PDF ကနေ Excel အဖြစ် ပြောင်းပေးနိုင်ပါတယ်..။ အောက်မှာ သူ့အတွက် key ထည့်ပြထားပါတယ်..။ ဒီဆော့ဝဲလ်ကို Install ထည့်ပြီးတာနဲ့ ကီးတောင်းတဲ့ ဘောက်စ်လေး ပေါ်လာပါလိမ့်မယ်.. တခါတည်း notepad လေးထဲက ကီးကို ထည့်ပေးလိုက်ရင် Full သုံးလို့ ရပါပြီ..။ အောက်ကပုံလေးတွေနဲ့ Excel ဖိုင်ဖြစ်အောင် လုပ်ပြထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ...။ ဖိုင်ဆိုဒ်ကတော့ 5.4 MB ရှိပါတယ်..။



ဒီဆော့ဝဲလ်ကို Install ဆွဲထည့်ပြီးတာနဲ့ အောက်ကပုံလိုမျိုး ကီးတောင်းပါလိမ့်မယ်..။ notepad ထဲမှာပါတဲ့ ကီးကို ထည့်ပေးလိုက်ရင် ဖူးဖြစ်သွားပါပြီ..။



အပေါ်ပုံအတိုင်း Add Files ကနေ မိမိတို့ ပြုလုပ်ချင်တဲ့ PDF ဖိုင်ကို သွားရွေးပေးပါ..။ ဒီမှာတော့ သူ့ထဲမှာပါတဲ့ Sample ပြထားတဲ့ ဖိုင်ကိုပဲ ရွေးပြီး လုပ်ပြလိုက်ပါတယ်..။ အောက်ကပုံအတိုင်း Sample ဖိုင် ရောက်သွားရင် Convert ကိုနှိပ်ပါ..။



အပေါ်ပုံလို Finished ဖြစ်သွားရင် Open ကနေ ဖွင့်ကြည့်လိုက်ပါ..။ အောက်ကပုံအတိုင်း .xls ဖိုင်ဖေါ်မတ်နဲ့ ထွက်လာပါပြီ..။


ပြီးရင် Microsoft Office Excel နဲ့ အောက်မှာ ဖွင့်ပြထားပါတယ်..။ Microsoft Office ကျနော့်စက်မှာ Microsoft Office မထည့်ရသေးပါဘူး..။ ဒါကြောင့် MS Office 2010 Excel Portable နဲ့ ဖွင့်ပြထားပါတယ်..။ အောက်ကပုံအတိုင်း Excel ကိုဖွင့်ပြီး File >> Open ကနေသွားလိုက်ပါ..။ ကျနော်ကဒီဖိုင်ကို ရှာရလွယ်အောင် ကျနော်မှတ်မိတဲ့ ဖိုင်ထဲမှာ ပြောင်းထည့်ထားတာ ဖြစ်လို့ အဲဒီဖိုင်ကိုပဲ သွားရှာပြီး ဖွင့်လိုက်ပါတယ်..။



အောက်ပုံအတိုင်း Excel ထဲမှာ ရောက်လာပါပြီ..။


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..။

1 comment:

  1. ဒေါင်းလို့မရဘူးအကိုရေ အယာပြနေတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...