PDF to Word Converter 2.0


18 Jul 12, 03:26 PM
ငယ်ငယ်: အစ်ကိုရေ Sacn ဖတ်ထားတဲ့ PDF file တွေကို Word file နဲ့ Excel file တွှေအဖြစ် ပြောင်းပြီး စာတွေ ပြင် ၊ ရိုက် စတာတွေ လုပ်လို့ရပါသလား။ အဲလိုပြောင်းလို့ရတယ်ဆိုရင် Software လေး လိုချင်လို့ပါ။ ကူညီပါဦးနော်။
တောင်းထားတဲ့လူရှိလို့ ရှာဖွေရင်း ရလာတာလေးတွေ တင်ပေးလိုက်ပါတယ်..။ PDF ကနေ Word ကို ပြောင်းလို့ရတဲ့ ကောင်လေးပါ..။ အောက်မှာတော့ Key ထည့်ပြီး ဖူးဖြစ်အောင် လုပ်ပြထားပါတယ်..။ သူ့ရဲ့ key လေးကို notepad လေးနဲ့ ထည့်ပေးထားပါတယ်..။ အသုံးပြုပုံပါ လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.3 MB ရှိပါတယ်..


key ထည့်ရမယ့်ဘောက်စ်လေးကတော့ ဒီဆော့ဝဲလ်ကို Install ဆွဲထည့်ပြီးတာနဲ့ ပေါ်လာပါလိမ့်မယ်.. အဲထဲမှာ notepad ထဲက ကီးလေးကို ကူးပြီးထည့်ပေးလိုက်ပါ..။


အောက်ကပုံလေးအတိုင်း မိမိတို့ ပြုလုပ်ချင်တဲ့ PDF ဖိုင်တခုကို သွားရွေးပြီး ဒီပရိုဂရမ်ထဲကို ဆွဲထည့်လိုက်ပါ..။




အပေါ်ပုံကတော့ မိမိတို့ Word ဖိုင်အဖြစ်ပြောင်းလဲ လိုက်တဲ့ ဖိုင်လေးကို ဘယ်နေရာမှာ Save ရမလဲဆိုတာ  ရွေးပေးရပါမယ်..။ ပြီးရင်တော့ Open လိုက်ပါ..။



အပေါ်ပုံအတိုင်း finished ပြီးသွားရင် မိမိတို့ စက်ထဲမှာ Microsoft Office Word ရှိနေရင် Office Word ပုံလေးနဲ့ ပေါ်မှာပါ..။ ကျနော့်စက်မှာ Microsoft Office Word ထည့်မထားလို့ ဒီအောက်ကပုံအတိုင်း ပေါ်နေတာပါ..။ အဲဒါကို ကျနော်က MS office word 2010 portable ကျနော့်ဆိုဒ်မှာ တင်ပေးထားတဲ့ ကောင်လေးနဲ့ ဖွင့်ပြထားပါတယ်..။ အောက်ကပုံအတိုင်း File >> Open ကနေ ကျနော်သိမ်းလိုက်တဲ့ ဖိုဒါလေးထဲမှာ သွားယူပြီး ဖွင့်ပြထားပါတယ်..။



အပေါ်ပုံအတိုင်း မြင်ရပါပြီ.. ဒါဆိုရင် ဒီကောင်လေးကို အသုံးပြုတတ်လောက်ပြီလို့ ထင်ပါတယ်..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...