Air Assault 2 PC Game

ဒီဂိမ်းလေးက ဟိုးအရင်တုန်းက ကျနော် မကြာမကြာဆော့ခဲ့တဲ့ ဂိမ်းလေးပါ..။ အခုမှ ပြန်ရှာတွေ့လာလို့ ဂိမ်းကစားလိုတဲ့သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ Install ထည့်ပြီးတာနဲ့ တန်းကစားလို့ရတဲ့၊ 3D စတိုင်ဖန်တီးထားတဲ့၊ တိုက်လေယဉ်နဲ့ သနတ်ပစ်ရတဲ့ ဂိမ်းလေးပါ..။ သနတ်ပစ်ရတဲ့ ကီးတွေကလည်း ရှင်းပါတယ်..။ မောက်စ်ကလစ်နဲ့ပဲ ပစ်သွားတာပါ..။ Shift ကီးနဲ့ တွဲနှိပ်ပြီး ပစ်ရင် ကျည်ဆံနောက်တမျိုး ပြောင်းထွက်တတ်ပါတယ်..။ ဒါပေမယ့် ပါဝါတွေ စားပြီးမှ လုပ်လို့ ရမှာပါ..။ ဒီသနတ်ပစ်ဂိမ်းလေးကို ကစားချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 22 MB ရှိပါတယ်..။

Internet Download Manager 6.15 Build 8 Final


IDM မရှိသေးတဲ့သူများနဲ့ Serial Key တောင်းနေလို့ အသုံးပြုဖို့ လိုအပ်နေတဲ့သူများအတွက် Internet Download Manager 6.15 Build 8 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ Patch ဖိုင်လေးပါ ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားလို့ patch နဲ့ ဖူးဖြစ်အောင်လုပ်နည်းကို ကျနော့် Blog ရဲ့ ညာဘက်အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားတဲ့ ပိုစ့်အတိုင်း ဒီဗါးရှင်းလေးကို လုပ်ပေးလိုက်ရင် ဒီနောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.1 MB ရှိပါတယ်..။

Portable Photoshop CS6 13.1.2 Final - Included 3D Tool


4 Apr 13, 10:00 PM
မိုးလရောင်: အကိုရေ.. photoshop cs6 လေးလိုအပ်နေလို. တောင်းလို.မရတော.ဘူးထင်တယ်ရှင်....
Portable Photoshop CS6 13.1.2 Final နောက်ဆုံးထွက်လေးနဲ့ တောင်းထားတဲ့လူ ရှိလာတာနဲ့ တိုက်ဆိုင်လာလို့ ဒီနေ့တော့ Portable Photoshop CS6 ကိုတင်ပေးဖြစ်သွားပါတယ်..။ ဒီ Portable Photoshop CS6 လေးကို 32-bit နဲ့ 64-bit ဆိုပြီး ဖိုင်၂ခုခွဲတင်ပေးထားတာ ဖြစ်လို့ မိမိတို့ ဝင်းဒိုးနဲ့ အဆင်ပြေမယ့် ဗါးရှင်းကို ရွေးပြီး ဒေါင်းယူရမှာပါ..။ ဖိုင်ဖြည်လိုက်ရင်တော့ .paf ဖေါ်မတ်နဲ့ ရရှိပါလိမ့်မယ်..။ ၂ချက်တောက်ပြီး အပိုင်း (D:) သို့မဟုတ် မိမိတို့အဆင်ပြေမယ့် တစ်နေရာကို ရွေးပြီး Extract နဲ့ ဖြည်ချလိုက်ရင် ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ ဒီ CS6 ပေါတေးဘယ်လေးမှာ 3D တူးလေးပါ ပါလာတာကို တွေ့ရပါတယ်..။ CS6 နဲ့ 3D အသုံးပြုလိုတဲ့ သူများအတွက် အဆင်ပြေစေမယ့် နောက်ဆုံးထွက်လေးပါ..။ အောက်မှာလည်း ကျနော်စမ်းသပ်ထားတာလေးကို ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32-bit အတွက် 93 MB ရှိပြီး၊ 64-bit အတွက်ကတော့ 105 MB ရှိပါတယ်..။ 

How to create Animated Floating Light Text (Blogger များအတွက် Photoshop ဖြင့် အသုံးဝင် Animated စာလုံးများ ဖန်တီးခြင်း)





ဒီအပေါ်မှာ မြင်နေရတဲ့ Animated စာလုံးလေးတွေ လုပ်နည်းကို တောင်းထားတဲ့ Blogger တွေများပေမယ့် အရင်က အလွယ်တကူဖြစ်အောင် ပုံလေးတွေနဲ့ တင်ပေးဖို့ အဆင်မပြေခဲ့ပါ..။ ဒီနေ့တော့ ဒီလိုလုပ်နည်းကို အလွယ်ဆုံးဖြစ်မယ့် Video ဖိုင်လေးနဲ့ ဖန်တီးလို့ ပြီးသွားပြီဖြစ်လို့ လိုအပ်တဲ့သူများအတွက် အဆင်ပြေအောင် Youtube မှာတင်ပြီး ကျနော့် Blog မှာ လင့်ပြန်ချိတ်ပေးထားပါတယ်..။ Youtube ကသီချင်းတွေကြည့်တဲ့နေရာမှာလည်း ကျနော့် Blog နာမည် Lwinminbo ဆိုပြီးရိုက်ထည့်လိုက်ရင် ကျနော်တင်ထားတဲ့ Video ဖိုင်တွေ ပေါ်လာပါလိမ့်မယ်..။ Youtube ကနေပဲ ဒီ Animated Floating Light Text ဆိုတဲ့ Video လေးရဲ့ အောက်မှာလည်း Photoshop CS3 နဲ့ မြန်မာစာဖေါင့်အလှတွေကို တခါတည်း ဒေါင်းယူလို့ရအောင် လင့်ချိတ်ပေးထားပါသေးတယ်..။ လိုအပ်တဲ့သူများကတော့ Youtube ကနေလည်း ဝင်ယူလို့ရသလို၊ အခုကျနော့် Blog ရဲ့ ဒီပိုစ့်မှာလည်း CS3 နဲ့ MM Fonts တွေကို ဒေါင်းယူလို့ ရပါတယ်..။ ဒီလုပ်နည်းလေးကို CS3 နဲ့လုပ်ရတာ ပိုလွယ်တဲ့အတွက် CS6 နဲ့မပြပဲ CS3 နဲ့ပဲ လုပ်ပြပေးလိုက်တာပါ..။ ဒီနည်းလေးကို အသုံးပြုလိုတဲ့သူများကတော့ အောက်က Video လေးကို လေ့လာကြည့်လိုက်ပါဗျာ..။ ကျနော်ဖန်တီးထားတဲ့ ဒီအောက်က Video ဖိုင်လေးကို ကြည့်ပြီး Photoshop နဲ့ Animated Text စာလုံးလေးတွေကို ဖန်တီးတတ်သွားပါလိမ့်မယ်..။


Photoshop CS3 နဲ့ မြန်မာဖေါင့် စာလုံးအလှလေးတွေကို အောက်ကလင့်ကနေ လိုအပ်တဲ့သူများ ဒေါင်းယူနိုင်ပါတယ်..။

Photoshop ဖြင့် ပုံနှင့်စာလုံးများ၏ နောက်ခံအကြည်လွှာများ (Transparent) ဖန်တီးခြင်း

ဒီပိုစ့်ကတော့ Photoshop လေ့ကျင့်ခန်းနဲ့မတူပါဘူး..။ လုပ်နည်းလေးတခုပါ..။ မိမိတို့ရဲ့ ပုံလေးတွေနဲ့ စာလုံးဒီဇိုင်းတွေကို Transparent လို့ခေါ်တဲ့ နောက်ခံအကြည်လွှာလေးတွေနဲ့ ဖန်တီးတတ်အောင် လုပ်ပြပေးထားတဲ့ လုပ်နည်းပိုစ့်လေးပါ..။ အရင်တုန်းကလည်း မေးထားခဲ့ဖူးတဲ့ လူများရှိခဲ့လို့ ဒီနေ့ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ လုပ်နည်းက လွယ်ပါတယ်..။ ဒီနည်းနဲ့ Photoshop ကို အသုံးပြုပြီး မိမိတို့ရဲ့ ပုံလေးတွေနဲ့ စာလုံးဒီဇိုင်းတွေကို သိမ်းထားမယ်ဆိုရင် တခါဖြတ်၊ တခါဖန်တီးထားယုံနဲ့ နောက်ပိုင်း ပြန်ပြင်စရာ၊ ပြန်ဖြတ်စရာမလိုပဲ ၊ လိုသလို အလွယ်တကူ ယူသုံးလို့ ရမှာ ဖြစ်ပါတယ်..။ ဘယ်ပုံပေါ်ကိုပဲ တင်တင်၊ Web (or) Blog ပေါ်ကိုပဲ တင်တင် ပြန်လည်ပြုပြင်စရာ မလိုတော့ပဲ တခါတည်း အဆင်ပြေစေမယ့် နည်းလေးပါ..။ ဓါတ်ပုံအရောင်အတိုင်း ၊ Blog/Web အရောင်အတိုင်း စာလုံး(သို့)ပုံရဲ့ နောက်မှာ ပေါ်နေမှာ ဖြစ်ပါတယ်..။  ဒါကြောင့်ဒီနည်းလေးကလည်း လွယ်ကူပြီး အသုံးဝင်တဲ့ နည်းလေးတခုမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ Transparent နဲ့ ပုံတို့စာလုံးတို့ကို ဖန်တီးတတ်ချင်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ နောက်ပြီး အရင်တုန်းက ကျနော်တင်ပေးခဲ့တဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း PDF ဖိုင်နဲ့သိမ်းထားခဲ့လို့ ဒီပိုစ့်နဲ့ အတူ ပြန်လည်တင်ပေးလိုက်ပါတယ်..။ PDF ဖိုင်နဲ့ ကျနော်ဖန်တီးထားတဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ တခါတည်း PDF Reader၊ Photoshop CS3 နဲ့ မြန်မာစာဖေါင့် အလှတွေကိုလည်း အဲ့ဒီစာမျက်နှာမှာပဲ ဒေါင်းယူနိုင်ပါတယ်..။

Nsasoft Product Key Explorer 3.3.3.0 Final



မိမိတို့ကွန်ပျူတာထဲမှာရှိတဲ့ ဝင်းဒိုး Product Keys အပါအဝင် တခြားနာမည်ကြီး Microsoft Office တို့လို ဆော့ဝဲလ်တွေရဲ့ Keys တွေကို ဒီကောင်လေးက ပြန်ရှာပေးနိုင်ပါတယ်..။ ကွန်ပျူတာအသစ် ဝယ်ကတည်းက ပါလာတဲ့ ဝင်းဒိုးတွေနဲ့ Microsoft Office တို့လို ဆော့ဝဲလ်တွေရဲ့ Keys တွေက Keys အစစ်အမှန်တွေမို့ ဒီကောင်လေးနဲ့ ပြန်ရှာပြီး သေသေချာချာ မှတ်မှတ်ရရ သိမ်းထားသင့်ပါတယ်..။ လိုအပ်တဲ့အခါ ပြန်သုံးဖို့ပါ..။ အပြင်ရောက်မှ ပြန်ထည့်တဲ့ ဝင်းဒိုးတွေနဲ့ crack ၊ patch ၊ keygen တို့နဲ့ ဖူးဖြစ်အောင် လုပ်ထားတဲ့ ဆော့ဝဲလ်တွေဆိုရင်တော့ ပြန်ရှာလို့ရတဲ့ Keys တွေက Keys အမှန်တွေ မဟုတ်ပါဘူး..။ Serial Key ထည့်ပြီး ဖူးသုံးလို့ရတဲ့ ဆော့ဝဲလ်တွေရဲ့ Keys တွေမှသာ ကီးအမှန်တွေပါ..။ ဒီကောင်လေးက ဆော့ဝဲလ်ပေါင်း ထောင်ကျော်ရဲ့ ကီးတွေကို ပြန်ရှာပေးနိုင်တဲ့ Nsasoft Product Key Explorer 3.3.3.0 Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ patch နဲ့ဖူးဖြစ်အောင်လုပ်နည်းက IDM လုပ်နည်းနဲ့ အတူတူပဲမို့ Successfully ဖြစ်သွားတဲ့ ပုံလေးပဲ ပြပေးထားပါတယ်..။ အသုံးပြုတတ်အောင် အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.1 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည်နဲ့ တင်ပေးထားပါတယ်..။

Perfect Uninstaller 6.3.3.9 Final



ဒီကောင်လေးက ဆော့ဝဲလ်တွေ ပြန်ထုတ်ပစ်တဲ့ နေရာမှာ နာမည်ရ Uninstaller တွေလိုမျိုး ဆော့ဝဲလ်တခုစီရဲ့ Registry တွေကိုပါ ထုတ်ပစ်ပေးနိုင်တဲ့ ကောင်လေးပါ..။ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရကောင်းတဲ့ Perfect Uninstaller 6.3.3.9 Final ဗါးရှင်းလေး.. ဖိုင်ဆိုဒ်ကလည်း 2.6 MB ပဲရှိပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Key တွေပါ ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားပါတယ်..။ အသုံးပြုတတ်အောင်နဲ့ ကီးတွေပါ တခါတည်း ထည့်ပြပေးထားလို့ လိုအပ်တဲ့သူများကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဒီ Perfect Uninstaller လေးကို အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဒီဖိုင်လေးကိုလည်း ကျနော်ဖရီးဆော့ဝဲလ်နာမည်နဲ့ နာမည်ပြောင်း တင်ပေးထားပါတယ်..။

ImToo Blu-ray Creator 2.0.4.20130301 Final

ဒီကောင်လေးကတော့ Blu-Ray Disc တွေဖန်တီးချင်တဲ့ သူများအတွက် အဆင်ပြေစေမယ့် ဆော့ဝဲလ်လေးပါ..။ ကျနော်တို့ Video တွေနဲ့ သီချင်းတွေကို Blu-Ray Disc တွေမှာ အသုံးပြုလို့ရဖို့ ဒီလိုကောင်လေးတွေကလည်း လိုအပ်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် သူ့အတွက် ကီးလေးပါ ထည့်ပေးထားပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး ဒီဆော့ဝဲလ်လေးရဲ့ ပုံမှာပြထားတဲ့အတိုင်း အဆင့်-၃ ဆင့်အတိုင်း လုပ်ပြီးအသုံးပြုနိုင်ပါတယ်..။ လိုအပ်တဲ့သူများအတွက် အသုံးပြုရလွယ်ကူအောင် ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးပါ ချိတ်ပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32.5 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ကျနော်ဖရီးဆော့ဝဲလ်နာမည်နဲ့ ပြောင်းတင်ပေးထားပါတယ်..။ 
Related Posts Plugin for WordPress, Blogger...