Nsasoft Product Key Explorer 3.3.3.0 Final



မိမိတို့ကွန်ပျူတာထဲမှာရှိတဲ့ ဝင်းဒိုး Product Keys အပါအဝင် တခြားနာမည်ကြီး Microsoft Office တို့လို ဆော့ဝဲလ်တွေရဲ့ Keys တွေကို ဒီကောင်လေးက ပြန်ရှာပေးနိုင်ပါတယ်..။ ကွန်ပျူတာအသစ် ဝယ်ကတည်းက ပါလာတဲ့ ဝင်းဒိုးတွေနဲ့ Microsoft Office တို့လို ဆော့ဝဲလ်တွေရဲ့ Keys တွေက Keys အစစ်အမှန်တွေမို့ ဒီကောင်လေးနဲ့ ပြန်ရှာပြီး သေသေချာချာ မှတ်မှတ်ရရ သိမ်းထားသင့်ပါတယ်..။ လိုအပ်တဲ့အခါ ပြန်သုံးဖို့ပါ..။ အပြင်ရောက်မှ ပြန်ထည့်တဲ့ ဝင်းဒိုးတွေနဲ့ crack ၊ patch ၊ keygen တို့နဲ့ ဖူးဖြစ်အောင် လုပ်ထားတဲ့ ဆော့ဝဲလ်တွေဆိုရင်တော့ ပြန်ရှာလို့ရတဲ့ Keys တွေက Keys အမှန်တွေ မဟုတ်ပါဘူး..။ Serial Key ထည့်ပြီး ဖူးသုံးလို့ရတဲ့ ဆော့ဝဲလ်တွေရဲ့ Keys တွေမှသာ ကီးအမှန်တွေပါ..။ ဒီကောင်လေးက ဆော့ဝဲလ်ပေါင်း ထောင်ကျော်ရဲ့ ကီးတွေကို ပြန်ရှာပေးနိုင်တဲ့ Nsasoft Product Key Explorer 3.3.3.0 Final ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ patch နဲ့ဖူးဖြစ်အောင်လုပ်နည်းက IDM လုပ်နည်းနဲ့ အတူတူပဲမို့ Successfully ဖြစ်သွားတဲ့ ပုံလေးပဲ ပြပေးထားပါတယ်..။ အသုံးပြုတတ်အောင် အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.1 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည်နဲ့ တင်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။


Install ထည့်ပြီးတာနဲ့ patch ဖိုင်နဲ့ ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။


အောက်ကပုံအတိုင်း patch ဖိုင်ထည့်ပြီးသွားရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။



မိမိတို့ကွန်ပျူတာထဲမှာ ရှိတဲ့ ဆော့ဝဲလ်တွေရဲ့ ကီးတွေကို အောက်ကပုံလေးတွေအတိုင်း ရှာပြီး သိမ်းထားနိုင်ပါတယ်..။ တခြား အသုံးပြုလို့ရတဲ့ Feature တွေကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာကြည့်ပါ..။ ဒီပိုစ့်မှာတော့ ကျနော်က ကွန်ပျူတာထဲက ကီးတွေကို ပြန်ရှာပြီး သိမ်းတတ်အောင်ပဲ ပြပေးထားပါတယ်..။ အောက်ကပုံလေးတွေအတိုင်း လုပ်သွားလိုက်ပါတယ်..။




အောက်ကပုံအတိုင်း Keys တွေ ထွက်ပေါ်လာရင်တော့ မိမိတို့ပြန်သိမ်းထားချင်တဲ့ ကီးလေးပေါ်မှာ အောက်ကပုံအတိုင်း copy ယူပြီး Notepad နဲ့ ပြန်သိမ်းထားလိုက်လို့ ရသွားပါပြီ..။



Notepad သိမ်းတာတော့ အရင်တုန်းက ဓါတ်ပုံသိမ်းတဲ့ ပိုစ့်တွေအတိုင်းပဲမို့ လုပ်မပြတော့ပါဘူး..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...