Perfect Uninstaller 6.3.3.9 Final



ဒီကောင်လေးက ဆော့ဝဲလ်တွေ ပြန်ထုတ်ပစ်တဲ့ နေရာမှာ နာမည်ရ Uninstaller တွေလိုမျိုး ဆော့ဝဲလ်တခုစီရဲ့ Registry တွေကိုပါ ထုတ်ပစ်ပေးနိုင်တဲ့ ကောင်လေးပါ..။ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရကောင်းတဲ့ Perfect Uninstaller 6.3.3.9 Final ဗါးရှင်းလေး.. ဖိုင်ဆိုဒ်ကလည်း 2.6 MB ပဲရှိပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Key တွေပါ ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားပါတယ်..။ အသုံးပြုတတ်အောင်နဲ့ ကီးတွေပါ တခါတည်း ထည့်ပြပေးထားလို့ လိုအပ်တဲ့သူများကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဒီ Perfect Uninstaller လေးကို အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဒီဖိုင်လေးကိုလည်း ကျနော်ဖရီးဆော့ဝဲလ်နာမည်နဲ့ နာမည်ပြောင်း တင်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။

အောက်ကပုံလေးတွေအတိုင်း Install ထည့်ပြီး ကီးလေးပါ ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။




ကျနော်ဆော့ဝဲတခုကို အောက်ကပုံလေးတွေအတိုင်း ဒီ Perfect Uninstaller လေးနဲ့ ထုတ်ပြပေးထားပါတယ်..။ အသုံးပြုရလည်း လွယ်တဲ့အတွက် ပုံလေးတွေကြည့်ရင်း အဆင်ပြေသွားပါလိမ့်မယ်..။ မိမိတို့ ပြန်ထုတ်ပစ်လိုတဲ့ ဆော့ဝဲလ်ပုံလေးကို တချက်ကလစ်ပြီး ပုံမှာပြထားတဲ့အတိုင်း Uninstall ကိုနှိပ်ပေးလိုက်ပါ..။



Next တွေနှိပ်ပေးရမှာတော့ ပုံမှန်ဆော့ဝဲလ်တွေ ပြန်ထုတ်ပစ်တဲ့အတိုင်းပါပဲ..။


အပေါ်ပုံအတိုင်း အလုပ်လုပ်နေရင် စောင့်နေပေးလိုက်ပါ..။ Next နှိပ်ဖို့မလိုသေးပါ..။ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ အမှန်ခြစ်တွေ တပ်ပေးပြီးမှ Next ပေးလိုက်ပါ..။





Finish ဆိုရင်တော့ ဆော့ဝဲလ်တခုကို ထုတ်ပစ်လို့ ပြီးသွားပါပြီ..။ ဒါကတော့ နမူနာတခု ပြပေးထားခြင်းပါ..။ တခြား ဆော့ဝဲလ်တွေကိုလည်း ဒီနည်းနဲ့ပဲ ထုတ်ပစ်ရမှာပါ..။ တချို့နေရာတွေမှာ အဆင့်တွေမတူတာတော့ ရှိနိုင်ပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ် ပေါ်လာတဲ့အတိုင်းသာ တဆင့်ပြီးတဆင့် လုပ်ပေးသွားယုံပါပဲ..။ အားလုံးပဲ ဒီပုံလေးတွေလေ့လာရင်း အဆင်ပြေပြေ အသုံးပြုတတ်သွားပါလိမ့်မယ်..။ အဆင်ပြေကြပါစေဗျာ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...