AutoPlay ဘောက်စ်ပေါ်အောင် လုပ်နည်းများ - Enable (or) Disable AutoPlay for All Users and for All Drives


မနေ့က ပိုစ့်တင်ပေးခဲ့တဲ့ AutoPlay ဘောက်စ်ပေါ်အောင်၊ အလုပ်လုပ်အောင် လုပ်နည်းကတော့ ဝင်းဒိုး အများစုမှာ အဆင်ပြေတဲ့ လုပ်နည်းပဲဖြစ်ပါတယ်..။ အခုဒီပိုစ့်မှာတော့ ကျနော် လုပ်နည်း ၄-မျိုးနဲ့ ပြပေးထားတာဖြစ်လို့ မိမိတို့အနေနဲ့ တနည်းစီကို စမ်းသုံးပြီးတိုင်း မိမိတို့ရဲ့စက်ကို Restart ချပေးရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးပြန်တက်လာတဲ့ အခါ CD/DVD or USB တပ်ကြည့်ပါ..။ တနည်းနဲ့ အဆင်မပြေမှ နောက်တနည်းကို ပြောင်းသုံးပါ..။ ကျနော်စမ်းတဲ့ စက်မှာတော့ လုပ်နည်း(၃)နဲ့ အဆင်ပြေသွားပါတယ်..။ ဝင်းဒိုးတခုနဲ့တခု Error ဖြစ်ပေါ်ပုံချင်း၊ ဗိုင်းရပ်စ်ထိပုံချင်း မတူတဲ့အတွက် ကျနော်သုံးတဲ့၊ အဆင်ပြေတဲ့နည်းမှာ တခြားလူတွေအတွက် အဆင်ပြေချင်မှ ပြေမှာပါ..။ ဒါကြောင့် လုပ်နည်းတွေ ရှိသလောက် စုပြီး တင်ပေးလိုက်ပါတယ်..။ ဝင်းဒိုးရဲ့ Setting တွေထဲ အဆင့်ဆင့်မဝင်လိုတဲ့ သူများကတော့ ပထမနည်းနဲ့ ဒုတိယနည်းတွေကို အရင်သုံးကြည့်ပါ..။ နောက်ဆုံးနည်းဖြစ်တဲ့ လုပ်နည်း(၄)ကတော့ gpedit.msc လို့ အတိုကောက်ခေါ်တဲ့ Local Group Policy Editor ထဲမှာ ဝင်ပြောင်းပေးရမှာ ဖြစ်တဲ့အတွက်.. ၎င်း လုပ်နည်းကိုတော့ Windows 7, Vista တို့ရဲ့ဗါးရှင်းတွေဖြစ်တဲ့ ဝင်းဒိုး Ultimate And Professional ဗါးရှင်းတွေနဲ့ Windows 8 တွေမှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ တခြား ဝင်းဒိုးဗါးရှင်းတွေမှာ အသုံးပြုလို့ မရပါဘူး..။ ဒါကြောင့် လုပ်နည်းတွေ အများကြီးနဲ့ ပိုစ့်တင်ပေးလိုက်တာ ဖြစ်ပါတယ်..။ လုပ်လိုက်ဖို့ စာဖတ်ယုံနဲ့ မလွယ်တဲ့ သူများအတွက်ပါ အောက်မှာ လုပ်နည်းတခုစီတိုင်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။

Go Media - အဆင်သင့်သုံး Photoshop Brush Tool များ

Photoshop မှာ အဆင်သင့် အသုံးပြုလို့ ရမယ့် တံဆိပ်တုံး Brush Tool များပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးတွေကို ဘယ်လိုသုံးရမယ်ဆိုတာ အပေါ်မှာ ကျနော် ဟိုခြစ်၊ ဒီခြစ်နဲ့ ရလာတဲ့ ပုံလေးအတိုင်း အားလုံးပဲ မိမိတို့ စိတ်ထဲရှိသလို ဒီ Brush Tool လေးတွေကို အသုံးပြုတတ်အောင် အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီ Brush တူးတွေနဲ့ မိမိတို့ စိတ်တိုင်းကျ ဒီဇိုင်းများ ဖန်တီးယူလို့ ရမှာဖြစ်ပြီ.. ဒီကောင်လေးတွေကို Portable Photoshop CS3 မှာအသုံးပြုလို့ ရသလို Install ထည့်ထားတဲ့ Photoshop CS6 မှာလည်း ဒီကောင်လေးတွေကို အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ ဒီ Brush Tool လေးတွေကို Photoshop မှာ ထည့်သုံးတတ်အောင် အေက်မှာ ပုံလေးတွေနဲ့ ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 19 MB ရှိပါတယ်..။ 

Alcohol 120% 2.0.2.4713 Final

ဒီကောင်လေးက အခွေကူးဖို့အတွက် Burning Tool လေးတခုပါ..။ ဖိုင်ဆိုဒ်သေးတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုလို့ အဆင်ပြေမှာ ဖြစ်ပါတယ်..။ ISO Image ဖိုင်တွေနဲ့ DVD ကို copy ကူတဲ့ အခါတွေ၊ Audio သီချင်းတွေ၊ ဓါတ်ပုံတွေကို DVD နဲ့ အခွေကူးတဲ့အခါ တွေမှာ ဒီကောင်လေးနဲ့ Burn လို့အဆင်ပြေမှာ ဖြစ်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ ထည့်ပေးပြီး ဒီပိုစ့်မှာ အဲ့ဒီ crack နဲ့ ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပါတယ်..။ ဒီအခွေကူးတဲ့ တူးလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။ 

Avira Free Antivirus 13.0.0.4052 Final

ဒီကောင်လေးကတော့ ကျနော်သုံးနေကျ နာမည်ကြီး Antivirus တခုပါ..။ အသုံးပြုရတာလွယ်ကူပြီး ဒီ Antivirus ရဲ့ အသုံးပြုပုံကို အရင်တုန်းက ပိုစ့်ဖြစ်တဲ့ Avira Antivirus  ပြန်ကြည့်နိုင်ပါတယ်..။ အဲ့ဒီပိုစ့်မှာ Patch, crack နဲ့ keygen တွေ အသုံးပြုတဲ့အခါ ဒီကောင်လေးကို ခဏပိတ်တတ်အောင်ပါ ပြပေးထားလို့ မသိသေးတဲ့ သူများကတော့ လေ့လာထားသင့်တဲ့ ပိုစ့်တစ်ခုပါ..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 105 MB ရှိပါတယ်..။ 

CD/DVD နဲ့ USB တို့ တပ်လိုက်တဲ့အခါ AutoPlay ဘောက်စ်လေးနဲ့ ပေါ်ချင်ရင် ဒီအတိုင်း လုပ်ပေးလိုက်ပါ

3 Sep 13, 11:58 PM
မိုးထက်:
အကိုရေ ကျွန်တော့်စက်က ဘာဖြစ်လို့လဲမသိဘူး အရင်က cd တို့usb တို့ run လိုက်ရင် play ဘောက်လေးပေါ်လာတယ် အခု မပေါ်တော့ဘူးဖြစ်နေတယ် ကူညီနိုင်ရင် ကူညီပါအုံးနော် စောင့်မျှော်လျှက်ပါ အကို :|
ဒီလိုမေးခွန်းမျိုးကို အရင်တုန်းကလည်း မေးထားဖူးတဲ့ သူတွေရှိပါတယ်..။ Cbox မှာပဲ ပြန်ဖြေပေးခဲ့ပေမယ့် နောက်ပိုင်း ဒီလိုမေးခွန်းတွေအတွက် အလွယ်ကြည့်လို့ရမယ့်၊ အဆင်ပြေမယ် ထင်လို့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်..။ ကျနော်တို့ ဝင်းဒိုးထဲကို Media Player တွေနဲ့ Video Editing ပရိုဂရမ်တွေ တခုပြီးတခု Install ထည့်လိုက်တဲ့အခါ ဝင်းဒိုးထဲမှာပါတဲ့ Windows Media Player နဲ့ ပွင့်မလာတော့ပဲ ၎င်းတို့ရဲ့ အမိန့်ပေးထားမှုတွေကြောင့် ၎င်း Media Player တွေနဲ့ ပေါ်လာတတ်ပါတယ်..။ တချို့စက်တွေမှာကျတော့ ဆော့ဝဲလ်တွေရဲ့ အမိန့်ပေးထားမှုတွေကြောင့် AutoPlay ကို ပိတ်ပစ်လိုက်တဲ့ အခါမှာလည်း ဒီလို ဘောက်စ်လေးတွေနဲ့ မပေါ်တတ်တော့ပါဘူး..။ အဲ့လိုဖြစ်သွားတဲ့ အခါမှာတော့ ဒီပိုစ့်မှာ ပြထားတဲ့ နည်းအတိုင်း လိုက်လုပ်ပေးလိုက်ရင် အရင်တုန်းကလို AutoPlay ဘောက်စ်လေးတွေနဲ့ အသုံးပြုရတာ ပြန်လည် အဆင်ပြေသွားပါလိမ့်မယ်..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ ဒီလို AutoPlay ဘောစ်လေးနဲ့ ပေါ်ချင်တဲ့ သူများကတော့ အောက်မှာ လုပ်နည်းကို ဆက်ကြည့်လိုက်ပါဗျာ..။

VSO Downloader Ultimate 3.1.0.50 Final

ဒီ Downloader လေးကတော့ IDM လိုပဲ သီချင်းတွေနဲ့ Video ၊ရုပ်ရှင်တွေကို ဒေါင်းယူပေးနိုင်ပါတယ်..။ VSO Downloader Ultimate 3.1.0.50 Final ဗါးရှင်းလေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းက အရင်တုန်းက ပိုစ့်တွေ အတိုင်းပါပဲ..။ ဒီပိုစ့်မှာလည်း အလွယ်ကြည့်လို့ ရအောင် ကျနော်စမ်းထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပြီး.. ဒေါင်းလော့ Detected ဖြစ်ဖို့ကို တချို့စက်တွေမှာ Restart ချပေးပြီးမှ အဆင်ပြေပါတယ်..။ ဒီ့ထက်ပိုမို လေ့လာလိုရင်တော့ မူရင်းဆိုဒ်မှာ ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ပြပေးထားရှိပါတယ်..။ ဒီလင့်ကနေ သွားရောက်ကြည့်နိုင်ပါတယ်..။ http://www.vso-software.fr/guides/how-to-download-streaming-video-free.php ဒီဗါးရှင်းလေးမှာ သီချင်း၊ Video တွေကို တခါတည်း ဖေါ်မတ်ပြောင်းပေးတဲ့ Tool လေးပါလို့ တခြား Converter တွေ မလိုပဲ ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 17 MB ရှိပါတယ်..။

GOM Player 2.2.53.5169 Final


 
GOM Player နောက်ဆုံးထွက် Update လေးပါ..။ VLC Media Player လိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ဖေါ်မတ်အားလုံးနီးပါးကို Support ပေးထားတဲ့အတွက် လူကြိုက်များတဲ့ ဖရီးဆော့ဝဲလ်လေးပါပဲ..။ တချို့ဝင်းဒိုးတွေမှာ Mega Codec Pack ကို Install မထည့်ထားတဲ့အတွက် Windows Media Player နဲ့ FLV ဖေါ်မတ်သီးချင်းတွေကို ဖွင့်မရတဲ့အခါ ဒီ GOM Player နဲ့ ပြောင်းသုံးရင် အဆင်ပြေပါတယ်..။ ဒီ GOM Player လေးကတော့ FLV ဖေါ်မတ်နဲ့ ရှိတဲ့ သီချင်းတွေ၊ Video တွေအပြင် တခြား ဖေါ်မတ်တွေကိုလည်း ဖွင့်လို့ရပါတယ်..။ GOM Player includes many codecs (XviD, DivX, FLV1, AC3, OGG, MP4, H263 and more) so you won't need to install separate codecs for most videos. For those videos that require a separate codec, GOM Player will find one. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 12 MB ရှိပါတယ်..။

PhotoInstrument 6.4 Build 643 Final

ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံတွေကို ချောမွတ်သွားအောင် Brush တူးလေးတွေ အများကြီးနဲ့ ပြုပြင်ယူလို့ရမှာ ဖြစ်ပါတယ်..။ အပေါ်နဲ့ အောက်က ပုံတွေမှာ ပြထားသလို ဓါတ်ပုံတွေကို မိမိတို့ လိုသလို Effects တွေ ထပ်ထည့်ပြီး လှပအောင် ပြင်ဆင်တဲ့ နေရာမှာတော့ ဒီကောင်လေးက လူသုံးများ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်ကောင်းလေးတခုပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးနဲ့ ကီးတွေကိုပါ ထည့်ပေးထားပါတယ်..။ crack ကို အရင် Run ပြီးမှ ဆော့ဝဲလ်ကို ဖွင့်ပြီး ကီးတွေထည့်ပေးလိုက်ရင် ဒီနောက်ဆုံးထွက် Update လေးကို ဖူးသုံးလို့ရမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...