Go Media - အဆင်သင့်သုံး Photoshop Brush Tool များ

Photoshop မှာ အဆင်သင့် အသုံးပြုလို့ ရမယ့် တံဆိပ်တုံး Brush Tool များပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးတွေကို ဘယ်လိုသုံးရမယ်ဆိုတာ အပေါ်မှာ ကျနော် ဟိုခြစ်၊ ဒီခြစ်နဲ့ ရလာတဲ့ ပုံလေးအတိုင်း အားလုံးပဲ မိမိတို့ စိတ်ထဲရှိသလို ဒီ Brush Tool လေးတွေကို အသုံးပြုတတ်အောင် အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီ Brush တူးတွေနဲ့ မိမိတို့ စိတ်တိုင်းကျ ဒီဇိုင်းများ ဖန်တီးယူလို့ ရမှာဖြစ်ပြီ.. ဒီကောင်လေးတွေကို Portable Photoshop CS3 မှာအသုံးပြုလို့ ရသလို Install ထည့်ထားတဲ့ Photoshop CS6 မှာလည်း ဒီကောင်လေးတွေကို အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ ဒီ Brush Tool လေးတွေကို Photoshop မှာ ထည့်သုံးတတ်အောင် အေက်မှာ ပုံလေးတွေနဲ့ ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 19 MB ရှိပါတယ်..။ 


အောက်ကပုံကတော့ Portable Photoshop CS3 မှာ ထည့်သုံးထားတဲ့ ပုံလေးပါ..။ အောက်ဆုံးမှာတော့ Photoshop CS6 နဲ့ ဒီ Brush တွေကို ထည့်သုံးတတ်အောင် ပြပေးထားပါတယ်..။ CS3 နဲ့ CS6 ထည့်သုံးနည်း အတူတူပါပဲ..။ ဒါကြောင့် CS6 နဲ့ပဲ ပြပေးလိုက်ပါတယ်..။
အောက်ကပုံအတိုင်း Animal တွေရဲ့ ဒီဇိုင်းတွေလည်း ယူသုံးလို့ ရမှာဖြစ်ပါတယ်..။ 



ကျနော် Photoshop ကို ဖွင့်လိုက်ပြီး အောက်ကပုံလေးအတိုင်း Tool ဘောက်စ်မှ Brush Tool တခုကို ကလစ်ပြီး အောက်ကပုံလေးတွေ အတိုင်း တဆင့်စီ လုပ်ပေးလိုက်ရင် ဒီ Brush တွေကို အလွယ်တကူ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။


အောက်ကပုံအတိုင်း Load Brushes.. ကနေ ကျနော် တင်ပေးလိုက်တဲ့ Brush တွေကို တခုစီ ယူထည့်ပေးရမှာ ဖြစ်ပါတယ်..။ 



အပေါ်ပုံအတိုင်း Brush တွေကို တခုစီ ထည့်ပေးလိုက်ရင်တော့ အောက်ကပုံလေးတွေ အတိုင်း Brush တွေကို အသုံးပြုလို့ ရသွားပါပြီ..။ ဘယ်ဘက်မှာ ပြထားတာကတော့ မိမိတို့ ယူလိုက်တဲ့ ဒီဇိုင်းတခုစီရဲ့ Brush ဆိုဒ်ကို ချိန်ယူရမှာ ဖြစ်ပြီး အပြာရောင်မျှားနဲ့ ပြထားတဲ့ နေရာကတော့ တံဆိပ်တုံးတွေကို အရောင်ပြောင်းယူရမယ့် နေရာပဲ ဖြစ်ပါတယ်..။ 



တံဆိပ်တုံးတခုယူတိုင်း လေယာ အသစ်တွေနဲ့ ဖန်တီးမယ်ဆိုရင် မိမိတို့လိုသလို ပြုပြင်ယူလို့ လွယ်ကူမှာ ဖြစ်ပါတယ်..။ အပေါ်ပုံမှာ လေယာဘောက်စ်ထဲမှာ ကျနော် လေယာတွေ အများကြီးနဲ့ ယူသုံးထားတာ ဖြစ်ပါတယ်..။ အားလုံးပဲ မိမိတို့စိတ်ထဲရှိသလို ဒီဇိုင်းများဖန်တီး၍ အဆင်ပြေကြပါစေ..။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...