Photodex ProShow Gold ဆော့ဝဲလ်လေးနဲ့ ဓါတ်ပုံတွေကို စလိုက်ရှိုး Video ဖိုင်လေးတွေဖြစ်အောင် ဖန်တီးယူလို့ ရသလို ၊ မိမိတို့ရဲ့ Video တွေမှာလည်း Video Effects တွေထပ်ထည့်ပြီး ၊ Effects တွေ အများကြီးနဲ့ ကြည့်လို့ကောင်းအောင် ဖန်တီးယူလို့ ရပါသေးတယ်..။ ဒီဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ကြာပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီနေ့တော့ ဒီနောက်ဆုံးထွက် Update ဗါးရှင်းလေး ရလာလို့.. အသုံးပြုလိုတဲ့သူများအတွက် အဆင်ပြေအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack, patch, keymaker သုံးမျိုးနဲ့ တင်ပေးထားတာဖြစ်ပြီး၊ မိမိတို့ အတွက် အဆင်ပြေရာ တခုနဲ့သာ ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ကျနော်က crack ဖိုင်လေးနဲ့ ဒီကောင်လေးကို ဖူးဖြစ်အောင် ၊ ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပြီး.. Video Effects တွေ ထည့်သုံးတတ်အောင် ပိုစ့်ရဲ့ အောက်ဆုံးမှာ လေ့ကျင့်ခန်း Video ဖိုင်တွေကို ဝင်ကြည့်လေ့လာလို့ ရမယ့် YouTube က လင့်လေးကို ပြန်ရှာတင်ပေးထားပါတယ်..။ အဲ့ဒီလင့်ကနေ ဝင်သွားလိုက်ရင်တော့ ဒီဆော့ဝဲလ်နဲ့ Video Edit လုပ်ပြထားတဲ့ Video ဖိုင်လေးတွေ အများကြီးကို လေ့လာသင်ယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 46 MB ရှိပါတယ်..။
Photo Collage Max 2.2.5.2 Final
ဒီကောင်လေးကို အရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ဒီဗါးရှင်းလေးကတော့ နောက်ဆုံးထွက် Update ဗါးရှင်းလေးပါ..။ ဒီဆော့ဝဲလ်လေးနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို ဖိတ်စာကတ်၊ လိပ်စာကတ်တွေ အပြင် ပြက္ခဒိန်ပုံတွေနဲ့ ဝင်းဒိုးရဲ့ Wallpaper ပုံတွေ အဖြစ်ပါ ဖန်တီး ပေးနိုင်တဲ့၊ Template ဒီဇိုင်း မျိုးစုံပါဝင်တဲ့ ဓါတ်ပုံပြင်ဆင်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ ဒီကောင်လေးကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ဖို့ ကီးတွေကို Notepad လေးနဲ့ ရေးထည့်ပေးထားပါတယ်..။ အောက်ကပုံလေးတွေ အတိုင်း ကီးတွေကို ထည့်ပေးပြီး ဖူးဖြစ်အောင် လုပ်၍ အသုံးပြုနိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 34 MB ရှိပါတယ်..။
Sony Vegas Pro 12 ဖြင့် ကာရာအိုကေ သီချင်းစာသားများ ဖန်တီးခြင်း
ကျနော့်ကို သူငယ်ချင်းတစ်ယောက်က ကာရာအိုကေ သီချင်းစာသားတွေ ဖန်တီးဖို့ လွယ်ကူတဲ့ နည်းများကို တောင်းထားတာရှိပါတယ်..။ တကယ်တော့ ဒီလိုလုပ်နည်းက ဘယ်ဆော့ဝဲလ်နဲ့ပဲ လုပ်လုပ် မလွယ်ပါဘူး..။ မိမိတို့ ကြိုးစားအားထုတ်မှု၊ လေ့လာမှု ပေါ်မူတည်ပြီး ကျွမ်းကျင်စွာ အသုံးပြုတတ်မှသာ လွယ်တယ်၊ ခက်တယ်လို့ ပြောလို့ရမှာပါ..။ ဒီဆော့ဝဲလ်လေးကိုလည်း ဒီလို ကာရာအိုကေ သီချင်းစာသားတွေ ဖန်တီးယူဖို့ သိပ်တော့လွယ်တယ်လို့တော့ ပြောလို့ မရပါဘူး..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ရှာပေးထားတဲ့ Video ဖိုင်လေးတွေကို တခုစီ၊ တဆင့်စီ ဖြေးဖြေးချင်း လေ့လာမှတ်သားမှ ၊ အခေါက်ခေါက်၊ အခါခါကြည့်ပြီး လုပ်မှ ဒီလုပ်နည်းကို လုပ်တတ်မှာပါ..။ ကျနော်စမ်းသုံးရင်း တခြား Video Edit လုပ်တဲ့ ဆော့ဝဲလ်တွေထက်တော့ အနည်းငယ် ပိုလွယ်တယ်လို့တော့ ပြောလို့ ရပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ်ကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုတတ်အောင်ပါ Video ဖိုင်လေးတွေနဲ့ ပြန်လည် တင်ပေးလိုက်ပါတယ်..။ ဝင်းဒိုး 64-bit တွေအတွက်တော့ Sony Vegas Pro 12 ကို ဒေါင်းယူ အသုံးပြုနိုင်ပြီး.. ဝင်းဒိုး 32-bit ဗါးရှင်းတွေ အတွက်ကတော့ Sony Vegas Pro 11 ကို ဒေါင်းယူ အသုံးပြုရမှာပါ..။ ဖူးဖြစ်အောင် လုပ်နည်းက ဒီပိုစ့်မှာ လုပ်ပြပေးထားတဲ့ ပုံလေးတွေအတိုင်း အတူတူပဲမို့ Sony Vegas Pro 12 နဲ့ လုပ်ပြထားခြင်း ဖြစ်ပါတယ်..။ ဒီဆော့ဝဲလ်ကို ဖူးသုံးလို့ ရအောင် လုပ်နည်းက အနည်းငယ် ရှုပ်တဲ့အတွက် တဆင့်စီ သေချာကြည့်ပြီး လုပ်ဖို့ လိုပါတယ်..။ ဒါမှသာ ဒီဆော့ဝဲလ်ကို ဖူးသုံးလို့ ရမှာပါ..။ 32-bit နဲ့ 64-bit ၂-ခုစလုံးကို ကျနော် အသုံးပြုပြီး အဆင်ပြေလို့ ပြန်လည်တင်ပေးလိုက်ခြင်းပါ..။ ဒီ Sony Vegas Pro ဆော့ဝဲလ်ဖြင့် ကာရာအိုကေ သီချင်းစာသားများကို ဖန်တီး ယူလိုတဲ့ သူများကတော့ အောက်ကလင့်တွေမှာ မိမိတို့ဝင်းဒိုးနဲ့ ကိုက်ညီတဲ့ 32 or 64-bit ဗါးရှင်းအလိုက် ခွဲခြားပြီး ဒေါင်းယူလိုက်ပါဗျာ..။
YouTube Music Downloader 7.1.6 Final
ဒီကောင်လေးနဲ့ YouTube က သီချင်းတွေ၊ Video တွေကို အလွယ်တကူ ဒေါင်းယူလို့ ရပါတယ်..။ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပြီး.. ဖူးဖြစ်အောင် Notepad ထဲက ကီးတွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.5 MB ရှိပါတယ်..။
Windows 7 Manager 4.3.6 Final
Windows 7 Manager ဆော့ဝဲလ်လေးကို အရင်တုန်းက ဗါးရှင်းတွေဒေါင်းယူလို့ မရတော့တဲ့အတွက် Update ဖြစ်တာလေးတွေကို ပြန်တင်ပေးဖို့ တောင်းထားတဲ့လူများ ရှိပါတယ်..။ ဒီဆော့ဝဲလ်ကို Install ထည့်တဲ့ အချိန်ကနေစပြီး အသုံးပြုလို့ ပြီးတဲ့အထိ အင်တာနက်လိုင်းကို ပိတ်ထားရပါမယ်.. လိုင်းဖွင့်လိုက်တာနဲ့ Full မဖြစ်တော့ပါဘူး..။ အဲ့ဒါလေးကို တချက်သတိပြုပါ..။ ဒီပရိုဂရမ်က ဖူးသုံးလို့ မရပါဘူးလို့ ပြောကြမှာ စိုးလို့ပါ.. ဒီကောင်လေးကို အသုံးပြုတိုင်းမှာ Connection ပိတ်ထားပြီးမှ အသုံးပြုရင် ဖူးသုံးလို့ ရပါတယ်..။ နောက်တခုက ဒီကောင်လေးကို အသုံးပြုဖို့နဲ့ သူ့ထဲမှာပါတဲ့ Keygen ကို ဖွင့်သုံးနိုင်ဖို့ဆိုရင်.. စက်တော်တော်များများမှာ Microsoft .Net Framework ဆိုတဲ့ ဆော့ဝဲလ်တခု လိုပါလိမ့်မယ်.. အရင်တုန်းက တင်ပေးခဲ့တဲ့ Windows 7 Manager တခြားဗါးရှင်းတွေမှာ ဒီ MS .Net Frame ကို တင်ပေးခဲ့ပေမယ့် လင့်တွေပျက်ကုန်လို့ ပြန်ဒေါင်းလို့ မရတော့ပါဘူး.. ဒါကြောင့် ကျနော် Microsoft .Net Framework 4.0 ကို ကြာကြာဒေါင်းယူလို့ ရအောင် မူရင်းတင်ပေးထားတဲ့ လင့်တွေကို ပြန်ရှာပေးထားပါတယ်..။ အောက်ကလင့်တွေကနေ မိမိတို့စက်ရဲ့ Microsoft .Net Framework ဗါးရှင်းတူတာကို ဝင်ရှာယူနိုင်ပါတယ်..။ Microsoft .Net Framework=> Link 1 ၊ Link 2 ၊ Link 3 ၊ အသုံးပြုပုံကို အရင်ပိုစ့်တွေဖြစ်တဲ့ Windows7 Manager 4.1.3 နဲ့ Windows7 Manager 4.0.5 Portable ပိုစ့်တွေမှာ သွားပြန်ကြည့်လိုက်ပါဗျာ.. ဒီကောင်လေးကတော့ နောက်ဆုံးထွက် Version လေးပါ..။ Windows 7 အတွက် အများကြီး သုံးလို့ရတဲ့အတွက် အားလုံးကို လုပ်ပြပေးဖို့တော့ မလွယ်ပါဘူး.. ဒါကြောင့် အရင်ပိုစ့်တွေမှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ အနည်းငယ် လုပ်ပြထားပါတယ်.. အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ.. ဒီ Windows 7 Manager Final ဗါးရှင်းလေကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10 MB ရှိပါတယ်..။
DVDFab 9.1.1.9 Final
DVDFab “DVD to DVD” is the most powerful and flexible DVD copying/burning software. With 8 copy modes, you can backup any DVD to DVDR or hard drive in just one or a few clicks.
ဒီကောင်လေးမှာ DVD အခွေတွေနဲ့ ပါတ်သက်လို့ အစုံအသုံးပြုလို့ ရတဲ့ Features လေးတွေ များပါတယ်..။ DVD အခွေပြန်ကူးတာ၊ Convert ပြောင်းတာ၊ DVD Creator စတဲ့ အသုံးဝင်တဲ့ တူးလေးတွေ တော်တ်ေများများပါဝင်ပါတယ်..။ အဆင့်သုံးဆင့်နဲ့ အသုံးပြုလို့ ရအောင် ပြပေးထားလို့ အသုံးပြုလို့ လွယ်ကူတဲ့ ဆော့ဝဲလ်လေးပါပဲ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် crack ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပြီး အောက်မှာလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီ DVD အခွေပြန်ကူးတဲ့ ဆော့ဝဲလ်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 45 MB ရှိပါတယ်..။
Clean Space 2014 Final
ဒီကောင်လေးကတော့ မိမိတို့ Browser တွေရဲ့ Junk ဖိုင်တွေနဲ့ ဝင်းဒိုးထဲက Junk ဖိုင်တွေကို ရှင်းလင်းပေးနိုင်တဲ့ ကောင်လေးပါ..။ စက်ကို အသုံးပြုတဲ့အခါမှာ လိုရာကို တော်တော်နဲ့ မရောက်နိုင်ပဲ ထစ်ငေါ့၊ထစ်ငေါ့ ဖြစ်နေတတ်တဲ့ အခါမျိုးတွေက Junk ဖိုင်တွေကြောင့်လည်း ဖြစ်တတ်တာမို့ ဒီကောင်လေးနဲ့ ရှင်းလင်းပေးလိုက်ရင်တော့ အသုံးပြုလို့ ပြန်လည်ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။
MRTV-4 version 0.1 (APK) - Seagame အားကစားပွဲတွေနဲ့ မြန်မာပြည် တီဗွီလိုင်း MRTV-4 ကို Android ဖုန်းထဲကနေ ကြည့်နိုင်ပြီ
ကျနော့် Blog မှာ Android ဖုန်းနဲ့ ပါတ်သက်တဲ့ APK ဖိုင်တွေကို တင်ပေးဖို့ အစီအစဉ်မရှိပေမယ့် ဒါလေး တစ်ခုတော့ တင်ပေးချင်ပါတယ်..။ Android ဖုန်းရှိတဲ့သူများအတွက် မိမိတို့ ဖုန်းကနေ ဒီ MRTV-4 apk လေးရှိယုံနဲ့ ယခုလက်ရှိ မြန်မာပြည်မှာ ကျင်းပနေတဲ့ Seagame အားကစားပွဲတွေကို အင်တာနက်ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်..။ Seagame အားကစားပွဲတွေကို အချိန်မှီ ကြည့်နိုင်အောင် တင်ပေးလိုက်ခြင်းပါ..။ နောက်ပြီး MRTV-4 တီဗွီလိုင်းကိုလည်း တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မြန်မာပြည်သားများ တိုက်ရိုက် ကြည့်ရှုနိုင်မှာမို့ ဒီနေ့ ဒီ MRTV-4 apk လေးကို တင်ပေးလိုက်ပါတယ်..။ ကျနော့်သူငယ်ချင်းတစ်ယောက်က ကျနော့်ဖုန်းမှာကြည့်ဖို့ လာရောက်ပေးလာခြင်းပါ..။ ကျနော်စမ်းသုံးရင်း အဆင်ပြေတာလေးတွေနဲ့ သဘောကျတာလေးတွေ ရှိလာလို့.. ကျနော့်လိုပဲ နိုင်ငံခြားရောက်နေတဲ့သူများအတွက် ဖုန်းကနေ မြန်မာပြည် အလွမ်းပြေလေး ကြည့်လို့ရအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ အတော်လေး အဆင်ပြေပါတယ်..။ လိုချင်၊ အသုံးပြုချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 235 KB ပဲ ရှိပါတယ်..။
Subscribe to:
Posts (RSS)







