MRTV-4 version 0.1 (APK) - Seagame အားကစားပွဲတွေနဲ့ မြန်မာပြည် တီဗွီလိုင်း MRTV-4 ကို Android ဖုန်းထဲကနေ ကြည့်နိုင်ပြီ

 ကျနော့် Blog မှာ Android ဖုန်းနဲ့ ပါတ်သက်တဲ့ APK ဖိုင်တွေကို တင်ပေးဖို့ အစီအစဉ်မရှိပေမယ့် ဒါလေး တစ်ခုတော့ တင်ပေးချင်ပါတယ်..။ Android ဖုန်းရှိတဲ့သူများအတွက် မိမိတို့ ဖုန်းကနေ ဒီ MRTV-4 apk လေးရှိယုံနဲ့ ယခုလက်ရှိ မြန်မာပြည်မှာ ကျင်းပနေတဲ့ Seagame အားကစားပွဲတွေကို အင်တာနက်ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်..။ Seagame အားကစားပွဲတွေကို အချိန်မှီ ကြည့်နိုင်အောင် တင်ပေးလိုက်ခြင်းပါ..။ နောက်ပြီး MRTV-4 တီဗွီလိုင်းကိုလည်း တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မြန်မာပြည်သားများ တိုက်ရိုက် ကြည့်ရှုနိုင်မှာမို့ ဒီနေ့ ဒီ MRTV-4 apk လေးကို တင်ပေးလိုက်ပါတယ်..။ ကျနော့်သူငယ်ချင်းတစ်ယောက်က ကျနော့်ဖုန်းမှာကြည့်ဖို့ လာရောက်ပေးလာခြင်းပါ..။ ကျနော်စမ်းသုံးရင်း အဆင်ပြေတာလေးတွေနဲ့ သဘောကျတာလေးတွေ ရှိလာလို့.. ကျနော့်လိုပဲ နိုင်ငံခြားရောက်နေတဲ့သူများအတွက် ဖုန်းကနေ မြန်မာပြည် အလွမ်းပြေလေး ကြည့်လို့ရအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ အတော်လေး အဆင်ပြေပါတယ်..။ လိုချင်၊ အသုံးပြုချင်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 235 KB ပဲ ရှိပါတယ်..။
Mirror Creator ဆိုဒ်ကို ဝင်လို့ မရတဲ့သူများ ရှိနေတဲ့အတွက် လင့်၂-ခုနဲ့ တွဲတင်ပေးလိုက်ပါတယ်..။ အောက်က ဘယ်လင့်ကနေဝင်ဝင် ၎င်းဆိုဒ်သို့ ဝင်ရောက်၍ ဖိုင်များကို ဒေါင်းယူလို့ ရမှာပဲ ဖြစ်ပါတယ်..။
 
(OR)

ဒေါင်းလော့ဖိုင်ထဲမှ .rar ဖိုင်ကို ဖြည်ပြီး MRTV-4.apk ဖိုင်လေးကို မိမိတို့ဖုန်း SD Card ထဲရောက်အောင် Card reader or VIA USB Cable နဲ့ copy ယူပြီး ထည့်ပါ..။ ပြီးရင်တော့ ဖုန်းထဲက File Manager ကနေ SD Card ထဲ ဝင်သွားပြီး ဒီ MRTV-4.apk ဖိုင်လေးကို တချက်ကလစ် Install ထည့်လိုက်ရင် မိမိတို့ဖုန်းမှာ MRTV-4 လိုင်းကို အောက်ကပုံလေးတွေအတိုင်း ကြည့်လို့ ရသွားပါပြီ..။

အားကစားလိုင်းကို ကြည့်မယ်ဆိုရင် မျှားအပြာရောင် နေရာကို ကလစ်ပါ..။ MRTV-4 လိုင်းကို ကြည့်မယ်ဆိုရင်တော့ မျှာအနီပြထားတဲ့ နေရာကို ကလစ်ပြီး.. အစိမ်းရောင် အဝိုင်းနေရာကို နှိပ်ပြီး ကြည့်နိုင်ပါပြီ..။


အောက်ကပုံတွေကတော့ ကျနော့်ဖုန်းမှာ ကြည့်လို့ရနေတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အဆင်ပြေပြေ သုံးတတ်လောက်ပါပြီ..။



3 comments:

Related Posts Plugin for WordPress, Blogger...