Yamicsoft Windows7 Manager 4.1.3 and Microsoft .Net Framework 4.0.30319



ဒီဗါးရှင်းအသစ်လေးကို တင်ပေးချင်နေတာ.. စမ်းသပ်ကြည့်ရင်းနဲ့ လိုအပ်တာလေးတွေ များလာလို့ တခြား အသုံးတည့်မယ့်သူများပါ အဆင်ပြေအောင် ကျနော့်စက်မှာ ဖြစ်နေတဲ့ ပုံလေးတွေကို ဓါတ်ပုံလေးတွေ ရိုက်ပြီး ပြန်လည် ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီ W7 manager ကို Install ဆွဲလို့ အဆင်ပြေပါတယ်..။ အဆင်မပြေတာက သူ့ထဲမှာ ပါလာတဲ့ Keygen က .Net FrameWork လိုအပ်နေလို့ ဖွင့်သုံးလို့ မရပါဘူး..။ ဒါကြောင့် ဒီကောင်လေးကို Google ကနေ အဲဒီနံပါတ်တွေ အတိုင်း လိုက်ရှာလိုက်တာ အတော်လေးကြာမှ အဆင်ပြေသွားပါတယ်..။ အောက်မှာ Windows7 Manager 4.1.3 နဲ့ .Net Frame Work ကို တခါတည်း တင်ပေးထားပါတယ်..။ တကယ်လို့ မိမိတို့ စက်မှာ .Net Frame Work က အပေါ်မှာ ပြထားတဲ့ နံပါတ်တွေနဲ့ မတူရင်တော့ Google မှာ စာရိုက်ပြီး အဲဒီနံပါတ်တွေ အတိုင်း လိုက်ရှာပါ..။ အောက်မှာ ကျနော် ရှာထားတာလေးကို ပြန်လည်ဖေါ်ပြပေးထားပါတယ်..။ အားလုံးအတွက် အဆင်ပြေအောင်လို့ပါ..။ အသုံးပြုချင်တဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ W7 Manager ကတော့ 9.3 MB ရှိပါတယ်..။ .Net Framework ကတော့ 41 MB ရှိပါတယ်..။ တခုသတိပြုပါ.. သူ့ထဲမှာပါတဲ့ Keygen ကိုဖွင့်ပြီး Serial Key ကိုထည့်တဲ့ အခါမှာ Internet Connection ကို ခဏပိတ်ထားပြီးမှ ဖူးဖြစ်အောင်လုပ်ပါ..။ 

adfly စာမျက်နှာလေး ကြားခံထားပါတယ်..။


Yamicsoft Windows7 Manager 

Microsoft .Net Framework 4.0.30319 (41 MB)

ဒီကောင်လေးကို Install ဆွဲထည့်တဲ့ အခါမှာ အောက်ကပုံလေးတွေ အတိုင်း ကျနော် လုပ်ပေးလိုက်ပါတယ်..။



သူ့ရဲ့Key ကိုအောက်ကပုံလေး အတိုင်း ထည့်ပေးလိုက်ပါတယ်..။


ဒါပေမယ့် သူ့ထဲမှာ ပါတဲ့ Keygen ကို ဖွင့်တဲ့ အခါမှာတော့ အောက်ကပုံလေးအတိုင်း ပေါ်လာလို့ ကျနော် Google ကနေ လိုက်ရှာရပါတယ်..။  



အောက်ကပုံကတော့ microsoft.com ကနေ သွားရှာထားတာပါ..။


အောက်မှာ ရလာပါပြီ..။ အဲဒီကောင်လေးကို ကျနော် Install ဆွဲထည့်ပါတယ်..။ ဒါပေမယ့် ဒီနေရာမှာ တခု သတိပြုရမှာက .Net Framework တွေက ဒါပါနဲ့ဆို ကျနော် ဒေါင်းထားတာ သုံးခါရှိသွားပါပြီ..။ အရင်ကောင်လေးတွေတုန်းက သတိမထားမိလို့ Antivirus က ဖျက်ပစ်လိုက်ပါတယ်..။ Antivirus တွေနဲ့ မတည့်ပါဘူး..။ ဒါကြောင့် ကျနော်က ဒေါင်းယူပြီးပီးချင်း ဖိုင်တွေခွဲပြီး ဒီဖိုင်တွေကို USB ထဲမှာ ပြောင်းသိမ်းလိုက်ပါတယ်..။ နောက်တခါလိုအပ်လာရင် အဆင်သင့်သုံးလို့ ရအောင်လို့ပါ..။ အောက်ကပုံကတော့ Microsoft .Net Framework 4.0.30319 ကို Install ဆွဲထည့်လိုက်ပါတယ်..။




Microsoft .Net Framework ကို Install ဆွဲထည့်ပြီးမှ သူ့ထဲမှာပါလာတဲ့ Keygen ကို ဖွင့်လို့ ရသွားပါတယ်..။ ဒါကတော့ ကျနော့်စက်မှာ ဖြစ်နေတာလေးပါ..။ တခြားသူတွေလည်း ကျနော့်လို လိုအပ်တာလေးတွေ ဖြစ်နေရင် အဆင်သင့်သုံးလို့ ရအောင် Microsoft .Net Framework 4.0.30319 ကို တခါတည်း တင်ပေးထားတာပါ..။ .Net Framework ကအများကြီး ရှိတော့ ဒီမှာပြထားတဲ့ နံပါတ်မတူတာတွေဆိုရင် မိမိတို့ ကိုယ်တိုင် Google ကနေ လိုက်ရှာပါ..။ အဆင်ပြေအောင် ရှာနည်းလေးကို အပေါ်မှာ ဖေါ်ပြပေးထားပါတယ်..။



အပေါ်ပုံမှာ သူ့Key ကိုလက်ခံလို့ ဖူးဖြစ်သွားပါပြီ..။ OK ပေးလိုက်ရင် ဒီကောင်လေး ပိတ်ပြီးပြန်ပွင့်လာပါလိမ့်မယ်..။ အောက်ကပုံအတိုင်း About ကနေ သွားပြန်ဖွင့်ကြည့်လိုက်ရင် ဖူးဖြစ်နေတဲ့ ပုံလေးကို တွေ့ရပါလိမ့်မယ်..။ အသုံးပြုနည်းကတော့ အရင်တင်ပေးထားတဲ့ W7 Manager Portable မှာ အနည်းငယ်လုပ်ပြထားပါတယ်..။ ပြန်ကြည့်ပေးပါ..။


အားလုံးပဲ အဆင်ပြကြပါစေဗျာ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...