Cyber Cafe Pro 5.250 and Cyber Cafe Pro 6




9 Nov 12, 09:36 AM
nyilay: အကိုလွင်မင်း.. ခင်ဗျား. ညီလေးကို CYBERCAFEPRO verson5 လေးလို့ချင်လို့ပါ ကူရှာပေးပါလား...ခင်ဗျား ညီမှာ verson6တော့ရှိတယ် မသုံးတက်လို့ပါ.. လေးစားလျက်ပါ...ကိုလွင်
PC တလုံးကနေ တခြား PC တွေကို ထိမ်းချုပ်ဖို့ ဒီကောင်လေးက အသုံးဝင်ပါတယ်.. အပေါ်ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ..။ ဒီကောင်လေးကို မတင်ပေးခင် ကျနော်စမ်းသပ်ကြည့်ဖို့ ပြင်ဆင်ပါသေးတယ်.. ဒါပေမယ့် ကျနော့်မှာ စက်အများကြီးမရှိတဲ့အတွက် ကိုယ်တိုင်စမ်းသပ်ဖို့ အဆင်မပြေတာကြောင့် Video ဖိုင်တွေရှာဖွေရင်း ဒီကောင်လေးကို တင်ပေးဖို့ နောက်ကျနေတာပါ.. version 5 ကိုရှာလို့ရပေမယ့် သူ့အတွက် Video ဖိုင်ကိုတော့ ရှာလို့ မရပါ..။ ဒါကြောင့် Version 6 အသုံးပြုပုံတွေကိုပဲ Video ဖိုင်တွေချိတ်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ Video တွေကြည့်ပြီး လေ့လာလိုက်ပါ..။   ဆော့ဝဲလ်ကိုတော့ Version 6 အတွက် သူ့ရဲ့မူရင်းဆိုဒ်ကနေ ဒါရိုက်လင့်ကို ချိတ်ပေးထားပါတယ်..။ Version 5 ကိုကျတော့ ကျနော်ပြန်တင်ပေးထားပါတယ်.. အသုံးပြုပုံ PDF နှစ်ခုပါ ထည့်ပေးထားလို့ ဖိုင်ဆိုဒ်ကတော့ 22.1 MB ရှိပါတယ်.. Version 5 ကို ဖူးဖြစ်အောင်လုပ်ဖို့ သူ့အတွက် crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်.. crack ဖိုင်ထည့်နည်းကတော့ မနေ့ကတင်ပေးထားတဲ့ AusLogics Boost Speed v5.3.0.5 ပိုစ့်မှာ လုပ်ပြထားတဲ့ နည်းနဲ့ အတူတူပါပဲ.. မိမိတို့ လိုချင်တဲ့ Version 5 or 6 ကို အောက်ကလင့်တွေကနေ ရွေးယူနိုင်ပါတယ်.. နောက်တခုက ဒီဆော့ဝဲလ်ကို တကယ်မလိုအပ်တဲ့သူများက စမ်းပြီးစက်ထဲမထည့်ဖို့ သတိပြုစေချင်ပါတယ်.. မိမိတို့စက်က Power မနိုင်တဲ့အခါမှာ Error ကြီးကြီးမားမား တက်နိုင်ပါတယ်.. တကယ်လိုအပ်တဲ့သူများကတော့ မိမိတို့စက်ထဲ မထည့်ခင် မိမိတို့စက်က တကယ်ထိန်းနိုင် မထိန်းနိုင် သေချာလေ့လာပြီးမှ အသုံးပြုစေချင်ပါတယ်.. ဘာလို့လဲဆိုတော့ ကျနော့်စက်မှာ တကယ်ပဲ error ပေါ်ခဲ့လို့ Windows တောင်မတက်နိုင်တဲ့ အဆင့်ထိ ဖြစ်ခဲ့ပါတယ်.. တောင်းတဲ့လူရှိလို့ တင်ပေးခြင်းသာ ဖြစ်ပါတယ်.. ဒါကြောင့် တကယ်မလိုအပ်တဲ့သူများ ဒီဆော့ဝဲလ်ကို လုံးဝ မစမ်းသပ်ပါနဲ့.. တကယ်လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..
 


အောက်ကပုံကတော့ သူ့ရဲ့မူရင်းဆိုဒ်မှာ Version 6 ကို Free ပေးသုံးတယ်ဆိုတာ သိရအောင် ပြပေးလိုက်တာပါ..


Cyber Cafe Pro 6 အတွက် အသုံးပြုနည်းပါ..
 Easy Setup of CyberCafePro



အောက်ကနောက်တမျိုးပါ.
Installation of CyberCafePro 6 Client



အောက်ဆုံးက နောက်တခုပါ
CyberCafePro 6: How to Remove a Sale?

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...